Home » » အဆိုတော် ၀ိုင်ဝိုင်း နှင့် တွေ့ဆုံခြင်း

အဆိုတော် ၀ိုင်ဝိုင်း နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Wednesday, December 14, 2011 | 5:30:00 PM



Iron Cross ဖျော်ဖြေပွဲတွေတိုင်းမှာ လူပျိုကြီးဆိုတာနဲ့ ပရိသတ် တန်းသိနေတဲ့ အဆိုတော် ရှိပါတယ်။ သူကတော့ ၀ိုင်ဝိုင်းပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွ ရော့ခ်တေးသွားတွေ အကြားမှာ ပေါ့ပ်ချိုချိုတွေနဲ့ ပွဲကိုအမြဲထိန်းတတ်တဲ့ သူလည်းဖြစ်သလို သူရဲ့အချစ်ရေးကိစ္စတွေက ပရိသတ်စိတ်ဝင်စားစရာတွေ ဖြစ်တတ်တဲ့သူက မကြာမီကထွက်ရှိခဲ့တဲ့ စီးရီးမှာ လက်ထပ်စို့ ဆိုတဲ့ တေးသီချင်းတစ်ပုဒ်က ပါဝင်လာတာမို့ လူပျိုကြီး အစွံထုတ်တော့မလားလို့ သိချင်နေသူတွေအတွက် မေးမြန်းဖြစ်ခဲ့ပေမယ့် သူကတော့ ဒီမေးခွန်းကို ရှောင်ရှားလို့ အခုလိုဖြေကြားသွားခဲ့ ပါတော့တယ် . . .

မေး - မကြာခင်က ဖြန့်ချိခဲ့တဲ့ အတုံ့အလှည့် စီးရီးကို အခုချိန် ပရိသတ်တွေနဲ့အတူ ပြန်နားထောင်တဲ့ အခါမှာရရှိလာတဲ့ ခံစားချက်ကိုပြော ပြပေးပါ . . .

ဖြေ ပြန်နားထောင်တဲ့အခါမှာ ဟိုနေရာလေးမှာ နောက်တစ်မျိုးပုံစံ နဲ့ဆိုရင် ပိုကောင်းလာမလား။ ဂီတသံလေးကို နည်းနည်း လွယ်လွယ်ထားရင် ဘယ်လိုနေမလဲ စသဖြင့်ပေါ့... အမျိုးမျိုးစဉ်းစားတယ်။ ဒါပေမဲ့ ဒါတွေ အကုန်လုံးပြီးသွားပါပြီ။ အတုံ့အလှည့်က သူ့ကံရှိသလောက် သူသဘောသူ ဆောင်တော့မှာပါ။ ကျွန်တော်ဘာမှ လုပ်မပေးနိုင်တော့ဘူး။ ရိုးရိုးပြောရရင် ကျွန်တော် ကျေနပ်ပါတယ်။ တတ်သလောက် အကုန်ပေးဆပ်ပြီးပါပြီ။

မေး - အရင်ခွေတုန်းက ကိုယ်ပိုင်သံစဉ် ဘက်ကိုသွားခဲ့ပေမယ့် ခုစီးရီးမှာဘာကြောင့် ကော်ပီတွေပြန်ထည့်ဖြစ်သွားတာလဲ . . .

ဖြေ အတုံ့အလှည့်ဆိုတဲ့ သဘောအတိုင်း ကိုယ်ပိုင်သံစဉ်တစ်လှည့် ကော်ပီတစ်လှည့်ပေါ့ဗျာ။

မေး -အခုခွေရဲ့ ဂီတအကြံပေးအနေနဲ့ ဘယ်သူတွေနဲ့ လက်တွဲလုပ်ထားလဲ . . .

ဖြေ အကြံပေးတွေကတော့ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုကေအေတီနဲ့ အိုင်စီ တီးဝိုင်းသမားတွေပါ။

မေး - အခုနောက်ပိုင်းမှာ ပရိသတ်တွေက အရမ်းအောင်မြင်ထားတဲ့ တေးသီချင်းကိုကော်ပီ လုပ်တာကို လက်ခံမှုနည်းပါးနေတဲ့ အနေအထား မှာ ပရိသတ်ကြားပေါက်ထားတဲ့ ကော်ပီသီချင်း ကိုပဲ ဘာကြောင့် Title Song အဖြစ်ရွေးချယ် ဖြစ်ခဲ့ပုံကို သိပါရစေ . . .

ဖြေ ကျွန်တော်နဲ့ ကိုအငဲအတွက်တော့ ကိုယ့်သီချင်းလိုပဲ မွေးစားရေးသား ဆိုထားတာပါ။ ဂီတနဲ့သံစဉ်ကို ကြိုက်လို့ဆိုထားတာပါ။ ဘာရယ် မဟုတ်ရပါဘူး။ Title Song အနေနဲ့ က အတုံ့အလှည့်ဆိုတဲ့ လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတက်အကျ အနိမ့်အမြင့်ဒဏ်တွေကို သဘောကျလို့ ရွေးထားတာပါ။

မေး - အခုအယ်လ်ဘမ်ရဲ့ Cover Design တွေက အရင်ခွေတွေနဲ့ ကွာခြားတာကိုတွေ့ ရပါတယ်။ လက်ရှိဖက်ရှင်အပေါ် ကိုဝိုင်ဝိုင်းရဲ့ အမြင်ကိုသိပါရစေ . . .

ဖြေ over Design က Boomerang ဆိုတဲ့ Australia က မူရင်းနေတဲ့လူ တွေရဲ့အမဲလိုက်ရင်သုံးတဲ့ ကိရိယာ ကို ပန်းချီဆရာကိုကိုနိုင်က ဆွဲပေးထားတာပါ။ အတုံ့အလှည့်ဆိုတဲ့ စကားလုံးနဲ့ကိုက်ညီလို့ပါ။ အဲဒီ Boomerang ကပစ်လိုက်ရင် ကိုယ့်ဆီ ပြန်ရောက်လာတယ်။ တန်ပြန်သက်ရောက်မှု သဘောပေါ့။ အခုတော့ အားကစားတစ်မျိုးအနေနဲ့ သုံးကြတယ်။ ဖက်ရှင်ကို ကျွန်တော်နားမလည်ပါဘူး ခင်ဗျာ။

မေး - အတုံ့အလှည့်ခွေက အရင်ခွေနဲ့ တော်တော်ဟတယ်နော်၊ ဘာကြောင့်များလဲ . . .

ဖြေ ဟတယ်ဆိုတာ အချိန်ကြာတာတာက လုပ်ရင်းနဲ့ကြာမှန်းမသိ ကြာသွားတယ်။ Music Style ကတော့ စိတ်ကူးတည့်ရတာ လုပ်တာပါခင်ဗျ။

မေး - သမင်လည်ပြန်နဲ့ ကိုဝိုင်ဝိုင်းက ဂီတခရီး ကို ငဲ့ကြည့်ပြီးပြီဆိုတော့ ရှေ့ဆက်လျှောက်နေတဲ့ ဂီတခရီးကို ဘယ်လိုပုံစံနဲ့ ပုံဖော်ထားပါသလဲ . . .

ဖြေ ကျွန်တော်လည်း အဲဒါကို ပုံဖော်နေတုန်းပါ။

မေး - အဆိုတော်တွေမှာ ကိုယ်ဆိုချင်တာနဲ့ ပရိသတ်လက်ခံတာကို ညီမျှခြင်းချိန်ဆပြီး လုပ်ကြကိုင်ကြရတဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။ အခုလက်ရှိကိုဝိုင်ဝိုင်းက ကိုယ်ဆိုချင်တာကိုချပြနိုင်တဲ့ အနေအထားမှာ ရပ်တည်ခွင့် ရပြီလား။ ဘယ်လို အနေအထားရှိသလဲဆိုတာ ပြောပြပေးပါ . . .

ဖြေ စိတ်ကူးတည့်ရာ၊ ထင်ရာလုပ်နေတာပါ။ စိတ်ကူးကလည်း အမျိုးမျိုးပြောင်းနေတယ်လေ။

မေး - အိုင်စီက အချို့ အဆိုတော်တွေဆို အိုင်စီရှိုးပွဲတွေအပြင် အခုနောက်ပိုင်းမှာ ကိုနေ၀င်းပွဲ၊ ကိုသန်းနိုင်(ပလေးဘွိုင်း)ပွဲ တွေမှာ ပါဝင်သီဆိုတာကို တွေ့ရပါတယ်။ ကိုဝိုင်ဝိုင်းကို အိုင်စီကလွဲပြီး တွေ့ ခွင့်မရတာ ဘာကြောင့်လဲ။

ဖြေ ခေါ်မယ့်လူမရှိလို့ပါ။

မေး - ကိုဝိုင်ဝိုင်း ပရိသတ်တွေကို ဘာများ ပြောချင်တာ ရှိပါသလဲ . . .

ဖြေ အခွင့်အရေးကြုံလို့ပဲဖြစ်ဖြစ်၊ လမ်းကြုံလို့ပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ အတုံ့အလှည့်စီးရီးလေးကို နားထောင် ပေးကြည့်ပါခင်ဗျ။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။