Home » , » ထိုင်းဘုရင် မင်းမြတ်မွေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ

ထိုင်းဘုရင် မင်းမြတ်မွေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ

Written By မောင်စေတနာ on Wednesday, December 14, 2011 | 8:30:00 PM



သက်တော်(၈၄)နှစ်မြောက် ထိုင်းဘုရင် မင်းမြတ်ကြီးမွေးနေ့ အထိမ်းအမှတ် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြိုနယ်၊ ခီးခပ်ကျေးရွာ စာသင်ကျောင်း ဘောလုံးကွင်း၌ ယခုလ (၅)ရက်နေ့ နေ့လည် (၂) နာရီ၌ စတင်ကျင်ပခဲ့သည်။

http://www.ghre.org/mm/shared_media/images/20111208g.jpg

အဆိုပါ ဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်းနှင့် ဖန်ငရွှေ့ပြောင်း အလုပ်သမားများ ကွန်ယက်အဖွဲ့တို့မှ ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

http://www.ghre.org/mm/shared_media/images/20111208f.jpg

အဆိုပါ ဘောလုံးပွဲသို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်မှ ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ “ကျနော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင် စားသောက်နေကြရပေမယ့် ဘောလုံး အားကစားကို အလွန်စိတ်ဝင်စားတဲ့ လူမျိုးဖြစ်တယ်။

http://www.ghre.org/mm/shared_media/images/20111208a.jpg

သူတို့အနေနဲ့ တစ်စုံတစ်ရာ စိတ်ပျော်ရွှင်မှု ရအောင်ရယ်၊ အလုပ်သမားထုကြား တစ်ဦးနဲ့ တစ်ဦး ရင်နှီး ချစ်ခင်ပြီး စည်းလုံး ညီညွတ်မှုရှိဖို့ရယ်၊ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျ ပပျောက်သွားဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု ဘောလုံးပွဲကို စီစဉ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။

၎င်းမှဆက်လက်ပြီး “ကျနော်တို့ဟာ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင် လုပ်ကိုင်စားသောက် နေသူတွေ ဖြစ်နေတာနဲ့အညီ ထိုင်းလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကြီးကို သူတို့နည်းတူ လေးစား ကြည်ညိုလာအောင် အခုလို ဘုရင်မင်းမြတ်ကြီးရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေ ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြား သွားခဲ့သည်။

http://www.ghre.org/mm/shared_media/images/20111208e.jpg

ဘောလုံးပွဲသို့ လာရောက်အားပေးသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမ ဒေါ်လှမှ “ကျမတို့ ထားဝယ်မှာ ဘောလုံးပွဲလုပ်ရင် ရွာလုံးကျွတ် လာပြီး အားပေးကြတယ်။ မြန်မာပြည်သားတွေ ကန်တဲ့ဘောလုံးပွဲ ထိုင်းနိုင်ငံမှာ မကြည့်ရတာ တော်တော်ကြာပြီ၊ ထိုင်းနိုင်ငံမှာ အခုလို မြန်မာတွေအတွက် ဘောလုံးပွဲ လုပ်ပေးတာ အရမ်းကို ဝမ်းသာတယ်။ ကျမက ကျမတူလေးကန်တဲ့ ဘော်လုံးပွဲကို အားပေးဖို့လာတာပါ”ဟု ပြောသည်။

http://www.ghre.org/mm/shared_media/images/20111208d.jpg

FED အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုအောင်ကြည်မှ “မြန်မာအလုပ်သမားတွေအတွက် ဘောလုံးပွဲ လုပ်ပေးတော့ ကျန်မာရေး အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ ကျနော်တစ်ခုဘဲ စိုးရိမ်တာက ဘောလုံးကန်တယ် ဆိုတာ တွန်းတွန်း တိုက်တိုက် ကစားရတာရယ်၊ ပွဲကြည့်ပရိတ်သတ်ကလည်း သူ့ရွာ ကိုယ့်ရွာလာပြီး အားပေးကြတယ်ဆိုတော့ အားကစားသမား အချင်းချင်း ရန်ဖြစ်မှာ အရမ်းကို စိုးရိမ်ပါတယ်။ ဒါပေမယ့် အချင်းချင်း ရန်မဖြစ်အောင်တော့ ကျနော်တို့ အတတ်နိုင်ဆုံး ထိန်းညှိပြီး ကစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

http://www.ghre.org/mm/shared_media/images/20111208c.jpg

အဆိုပါ ဘောလုံးပွဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ဘောလုံးအသင်း (၁၂)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကျောင်းသူလေးများက ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးသီချင်း (Waka Waka)ဖြင့် ကပြဖျော်ဖြေခဲ့သည်။

http://www.ghre.org/mm/shared_media/images/20111208b.jpg

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း( FED/GHRE)သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် ထိုင်းလူထုအကြား ချစ်ကြည်ရင်နှီးမှု ရရှိစေရေးအတွက် အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ၏ အဓိကကျသော အထိမ်း အမှတ်နေ့များ၊ အထူးသဖြင့် ထိုင်းဘုရင်မင်းမြတ်ကြီးနှင့် မိဖုရားကြီး မွေးနေ့များတွင် နှစ်စဉ်ပြုလုပ်ပေးလျက်ရှိပြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲများ၊ စားပွဲတင် တင်းနစ် ပြိုင်ပွဲများကိုလည်း အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။