Home » » ကြိုးကြာတို့၏ ခေါင်းဆောင် ပြန်လာနိုင်တော့မည်

ကြိုးကြာတို့၏ ခေါင်းဆောင် ပြန်လာနိုင်တော့မည်

Written By မောင်စေတနာ on Monday, December 12, 2011 | 10:29:00 PM



နှစ်လကျော်ကြာ အသင်းကစားကွက် အတွင်း ပါဝင်ခွင့် မရပဲ အနာဒဏ်ရာကြောင့် အနားယူနေရသည့် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်သည် မကြာမှီ အတွင်း အသင်းနှင့် ပြန်လည် ပူးပေါင်း နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်ဖီးလ် အသင်းခေါင်းဆောင်သည် ခြေကျင်းဝတ် ဒဏ်ရာကြောင့် ယခုနှစ် ရာသီအတွင်း ကာလရှည်ကြာစွာ အသင်းနှင့် လွဲချော်နေခဲ့ခြင်းသည် လီဗာပူးလ် အသင်းအား ထိပ်တန်း ၄ သင်းစာရင်း မဝင်နိုင်သည့် အချက်တစ်ချက် ဖြစ်သည်ဟု ဒေးလီးမေးလ်က ဆိုသည်။ သို့သော်လည်း အသင်း၏ နည်းပြ ဖြစ်သူ ဒဲဂလစ်ခ်ျမှ အသင်းခေါင်းဆောင်သည် ပြန်လာနိုင်တော့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။


Good to be back: Steven Gerrard with Kenny Dalglish at Melwood

ဂျရတ်သည် အဆိုပါ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် သရေကျခဲ့သည့် နောဝှစ်ခ်ျအသင်းနှင့် ပွဲစဉ် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် အဆိုပါ အသင်းခေါင်းဆောင်သည် အသင်းနှင့် အတူပျော်ရွှင်စွာ လေ့ကျင့်ရေး ဆင်းနေခဲ့ပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်များအား ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။


Watching brief: Gerrard has looked on from the sidelines while his ankle heals

ဒဲဂလစ်ခ်ျမှ ““ ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပါပဲ။ သူ့ရဲ့ (ဂျရတ်ရဲ့) တိုးတက်မှုတွေကို အမြဲတမ်း လေ့လာစောင့် ကြည့်နေခဲ့တာပါ။ သူဟာ အနာဒဏ်ရာ ကောင်းမွန်လာအောင် လုပ်ဆောင် နိုင်ခဲ့ပါပြီ၊ ဒါပေမယ့် ဘယ်နေ့မှာ အသင်းကစားကွက်ထဲ သူပါဝင်လာမလဲ ဆိုတဲ့ ရက်အတိအကျကိုတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် သူဟာ အသင်းနဲ့အတူ ပြန်လည် ကစားနိုင်ဖို့ အလွန်နီးစပ် နေပြီ ဆိုတာပါပဲ။ ဒီအဖြစ်အပျက် အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင် နေရပါတယ်””ဟု ဆိုသွားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။