Home » , , » အင်ဒိုနီးရှားနှင့် အလုပ်သမား ကိစ္စ ဆွေးနွေးရန် မရှိဟု စကာင်္ပူပြော

အင်ဒိုနီးရှားနှင့် အလုပ်သမား ကိစ္စ ဆွေးနွေးရန် မရှိဟု စကာင်္ပူပြော

Written By မောင်စေတနာ on Friday, October 28, 2011 | 10:25:00 PM



စိုးလွင် (အာရှဝမ်ပို့စ်) ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်ရန်နှင့် ပိုမိုကောင်းမွန်သည့် အလုပ်ရရှိရေး အတွက် အင်ဒိုနီးရှား အာဏာပိုင်များနှင့် ဆွေးနွေးနေခြင်းကို စင်္ကာပူ အစိုးရက ငြင်းပယ်လိုက်သည်။

၂ ဖက်စလုံးသည် ပြောဆိုဆွေးနွေးမှု မရှိဟု စကာင်္ပူလူစွမ်းအား အရင်းအမြစ် ၀န်ကြီး (MOM)က သောကြာနေ့က ပြောသည်။

အလုပ်သမားများအတွက် တရားဝင် ကာကွယ်မှုများနှင့် အိမ်ဖော်အပြင် တခြားသော လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ကို ၀န်ကြီး ဌာနက စကာင်္ပူဖြင့် ဆွေးနွေးနေသည်ဟူသော အင်ဒိုနီးရှား အလုပ်သမားနှင့် ပြောင်းရွှေ့နေထိုင်သူများ ၀န်ကြီးဌာန Muhaimin Iskandarက သောကြာနေ့က ပြောဆိုချက် ကို တုန်ပြန်လိုက်ခြင်းဖြစ်သည်။

စကာင်္ပူက အင်ဒိုနီးရှား အလုပ်သမားများ အတွက် ယခင်လုပ်ကိုင်နေသည့် လုပ်ငန်း ကဏ္ဍများ အပြင် အဖျော်ယမကာ အစားအသောက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းများတွင် လုပ်အား လိုအပ်နေသည့်အတွက် ချဲထွင်ရန် သဘော တူညီကြောင်း ထုတ်ပြန်ချက်တွင် Muhaimin က ပြောသည်။

သို့သော်လည်း “သဘောတူညီချက်အတွက် မည်သည့် သဘောတူညီချက်မျှ အင်ဒိုနီးရှားနှင့် MOMက ပြောဆိုခြင်း မရှိကြောင်း” ထုတ်ပြန်ချက်ကို တုံ့ပြန်ပြောဆိုသည်။

“လက်ရှိ အလုပ်သမား အရင်းအမြစ်က ဈေးကွက်လိုအပ်ချက်အတွက် လုံလောက်ပါတယ်၊ ဒါပေမယ့် လုပ်ငန်းတွေရဲ့ တုန့်ပြန်ချက်ကို အခြေခံပြီး ကျနော်တို့တွေက ပုံမှန် ပြန်စိစစ်ပါတယ်” ဟု ပြောသည်။

အင်ဒိုနီးရှားက ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်လုပ်ခွင့် ပြုပြီး စင်္ကာပူက ခရီးလမ်း ပျောက်နေသည်ဟူသော သတင်းများ ထွက်လာပြီး အပြန်အလှန် တုံပြန်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဆ်ာဒီအာရေဗျ၊ မလေးရှား၊ ဟောင်ကောင် နှင့် ထိုင်ဝမ်စသည့် ဒေသများတွင် အိမ်ဖော်အကာအကွယ်ကို ဆောင်ရွက်လျက် ရှိသည်ဟူသော ပြည်လည်သုံးသပ်ချက်ကို အလုပ်သမားများနှင့် ပတ်သက်သည့် ထိပ်တန်း အကြီးအကဲက ပြောဆိုခဲ့သည်။

ယင်းစာရင်းသည် အဆုံးသတ်မဟုတ်သကဲ့သို့ စကာင်္ပူကလည်းနောင်တွင် စာရင်းတွင် ပါဝင်လာနိုင်သည်ဟု အင်ဒိုနီးရှား အလုပ်သမားဝန်ကြီးဌာနပြောခွင့်ရက Straits Times သို့ ပြောဆိုသည်။



အိမ်ဖော်တဦးအား မတော်မတရား လုပ်ဆောင်မှု ပေါ်ထွက်ခဲ့ပြီး အင်ဒိုနီးရှားက နိုင်ငံရပ်ခြားတွင် အလုပ်သမားများ ဘ၀ ပိုမို ကောင်းမွန်ရေး၊ အိမ်ဖော်များ ပိုမိုကောင်းမွန်သည့် လစာ၊ အားလပ်ရက်နှင့် တခြားအကျိုးခံစားခွင့်များ ရရှိရန်အားသွန် ကြိုးစားလျက် ရှိသည်။

အင်ဒိုနီးရှားက အမျိုးသမီးများကို ဆော်ဒီအာရေဗျ၊ မလေးရှားသို့ သွားရောက်ရန် တားမြစ်ခဲ့သည်။ မလေးရှားနှင့် သဘော တူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သော်လည်း တားမြစ်ချက်ကို ရုပ်သိမ်းခြင်းမရှိသေးပေ။ ဆော်ဒီအာရေဗျ နှင့် ဆွေးနွေးချက် ကိုလည်းလုပ်ဆောင်နေသည်ဟု ပြောသည်။

စကာင်္ပူရှိ အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများ အတွက်ပိုမိုကောင်းမွန်သည့် အကာအကွယ်လုံခြုံမှု အတွက် ၂ ဖက်စလုံးက သေချာစေရန် လုပ်ဆောင်သင့်သည်ဟု သောကြာနေ့က Muhaimin က ပြောသည်။

စကာင်္ပူတွင် အင်ဒိုနီးရှား အိမ်ဖော် ၉ သောင်းကျော်လုပ်ကိုင်လျက်ရှိသည်။

အလုပ်ရှာဖွေးရေး ကိုယ်စားလှယ်များက စကာင်္ပူသည် အိမ်ဖော်များ အလုပ်လုပ်ရန် အကောင်းဆုံးနေရာအဖြစ် ပြောဆိုကြ သော်လည်း ပိုမိုကောင်းမွန်သည့် အကာအကွယ်များ စကာင်္ပူတွင် လိုအပ်သညဟု တက်ကြွ လှုပ်ရှားသူများက ပြောသည်။

တချို့သော ကိစ္စများဖြစ်သည့် ဟောင်ကောင်၊ ထိုင်ဝမ်တို့တွင် မဖြစ်မနေ ရရှိသည့် နားရက်နှင့် စကာင်္ပူရှိ အလုပ်ခန့်ထားရေး ဥပဒေ အကာအကွယ်ကို အိမ်ဖော်များက မရကြချေ။

စင်္ကာပူတွင် အနိမ့်ဆုံးလစာ သတ်မှတ်ချက်မရှိသည့်အတွက် ဟောင်ကောင်နှင့် ထိုင်ဝမ်ကို ပိုမိုကောင်းမွန်သည့် နေရာအဖြစ် အိမ်ဖော်များက ရှုမြင်ကြသည်။

အနိမ့်ဆုံးလစာ၊ အလုပ်သမားဥပဒေအကာအကွယ် စသော စကာင်္ပူရှိ အင်ဒိုနီးရှား အလုပ်သမားများ ပိုမို ကောင်းမွန် လာစေ ရန် လေးနက်သည့် သံတမန်ရေး လိုအပ်ကြောင်း အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး Jamaludinက ပြောသည်။

စကာင်္ပူ၏ အိမ်ဖော်များ အကာအကွယ်ပေးရေးကို ပြန်လည် စိစစ်ရန် ရွှေ့ပြောင်းနေထိုင်သူ စီးပွားရေးနှင် စပ်လျဉ်းသည့် စကာင်္ပူ လူသားခြင်းစာနာသည့် အဖွဲ့အစည်း Jolovan Wham က တောင်းဆိုသည်။

“အခုချိန်အထိ ဆင်းရဲဒုက္ခရောက်တာ တွေက မလုံလောက်သေးပါဘူး၊ သူတို့တွေက အခြေခံ လူ့အခွင့်အရေးကို အာမခံပါဘူး၊ သူတို့တွေက အများပြည်သူ အားလပ်ရက်နဲ့ နားရက်လုံးဝ မရပါဘူး” ဟု သူက ပြောသည်။

အာရှဝမ်ပို့စ်။
သူရိယဂျာနယ်

Source by : http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။