Home » » စင်္ကာပူတွင်လစာ၂ဆ တိုးမည် ဆိုသော်လည်း ...

စင်္ကာပူတွင်လစာ၂ဆ တိုးမည် ဆိုသော်လည်း ...

Written By မောင်စေတနာ on Monday, May 23, 2011 | 4:58:00 AM

http://api.ning.com/files/mXdpxX2MTse5*68647Ylge6BJz0nIPlO-BCeTpPZkoLNmrw2zufcwBsGJ*tNkgzWdA2d9hOFpUAv5LrE9fFdGiIVl2GyuSO-/singapore112.jpg?width=750
“စင်ကာပူဘက်က လစာတွေ နှစ်ဆတိုးပေးမယ်လို့တော့ ကြားနေရတယ်။ လောလောဆယ်တော့ မပြောင်းနိုင်သေးဘူးလို့ပြောတယ်။ လက်ရှိက အရင်လစာအတိုင်းပဲ ခေါ်နေကြတယ်”

စင်ကာပူအစိုးရက နိုင်ငံခြားလုပ်သားများ၏ အခြေခံလစာ တိုးမြှင့်ပေးမည်ဆိုသည့် သတင်းများ လုပ်ငန်းခွင်များတွင် ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ယခင်လစာနှုန်ထားများအတိုင်းသာ ဆက်လက်ခေါ်ယူနေသေးကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။ “စင်ကာပူဘက်က လစာတွေ နှစ်ဆတိုးပေးမယ်လို့တော့ ကြားနေရတယ်။ လောလောဆယ်တော့ မပြောင်းနိုင်သေးဘူးလို့ပြောတယ်။ လက်ရှိက အရင်လစာအတိုင်းပဲ ခေါ်နေကြတယ်”ဟု ပန်းဆိုးတန်လမ်းရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလုပ်သမားလစာများကို နှစ်ဆတိုးပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ပြည်တွင်းရှိ မည်သည့်အလုပ်သမားအေဂျင်စီကမှ လစာနှစ်ဆနှုန်းဖြင့် အလုပ်သမားခေါ်ယူမှု မရှိသေးကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။ “အခုလောလောဆယ်တော့ အိုတီရဖို့လည်း တော်တော်ခက်နေတယ်။ တချို့ရက်တွေမှာ အလုပ်မရှိတဲ့ရက်တွေများတယ်။

ပုံမှန်လစာက မြန်မာငွေနဲ့ဆို သုံး၊ လေးသိန်းအပြင် ပိုမထွက်ဘူး။ အခြေခံလစာတိုးမယ်ဆိုရင်တော့ ဟိုတုန်းက စင်ကာပူမှာ အလုပ်လုပ်တဲ့ အခြေအနေမျိုး ပြန်ရနိုင်တယ်”ဟု စင်ကာပူနိုင်ငံတွင် အထွေထွေလုပ်သားအဖြစ် ၁၀ နှစ်ကျော်သွားရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦး၏ အမျိုးသမီးကပြောသည်။

စင်ကာပူနိုင်ငံ၏ အခြေံအလုပ်သမားလစာကို အမှန်တကယ် နှစ်ဆတိုးမြှင့်ခေါ်ယူပါက ၎င်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လူဦးရေမှာ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနှင့် သင်တန်းကျောင်းများကပြောသည်။

အဆိုပါနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့်နှုန်းမှာ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုများဖြစ်ချိန်တွင် ၎င်းနိုင်ငံဘက်မှ အလုပ်သမားများ လျှော့ချခဲ့စဉ်မှစ၍ တဖြည်းဖြည်း ကျဆင်းလာခဲ့ကြောင်း အေဂျင်စီများကပြောသည်။ ထို့ကြောင့် လက်ရှိကာလ သွားရောက်အလုပ်လုပ်ကိုင်သည့်နှုန်းမှာ ၂၀၀၈ ခုနှစ် မတိုင်မီကာလနှင့်ယှဉ်လျှင် ၅၀ရာခိုင်နှုန်း ၀န်းကျင်အထိ ကျဆင်းနေခဲ့ကြောင်း သိရသည်။

“လတ်တလောကတော့ လစာနှစ်ဆတိုးပေးမယ်ဆိုတာက သတင်းပဲကြားနေတာ။ ဟိုဘက်က ကုမ္ပဏီတွေ၊ အေးဂျင့်တွေက လစာကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောတာမရှိသေးဘူး”ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုကပြောသည်။ စင်ကာပူနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော အထွေထွေအလုပ်သမားများ၏ အခြေခံလစာမှာ စင်ကာပူ ဒေါ်လာ ၆၀၀နှင့် ၇၀၀ကြားတွင်ရှိပြီး S Passနှင့် လုပ်ကိုင်နေသူများမှာ စင်ကာပူဒေါ်လာ ၁၈၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ထို့အတူ PRဖြင့် လုပ်ကိုင်သူများမှာ စင်ကာပူဒေါ်လာ ၂၀၀၀ နှင့်အထက် ရရှိကြောင်း သိရသည်။ သို့သော်လက်ရှိကာလတွင် S Passဖြင့် အလုပ်လုပ်လိုပါက အဆိုပါနိုင်ငံရှိ ကုမ္ပဏီများမှ အခြေခံလစာ ၁၂၀၀ ၀န်းကျင်သာပေးကြောင်း စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများက ပြောသည်။

Source by :http://onlinepyadaik.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။