Home » » တရားမဝင် နေထိုင်ဖူးသူ မြန်မာ ၁၂ ဦး ကိုရီးယား လေဆိပ်၌ ပုံရိပ်ဖမ်းစက် မှတစ်ဆင့် တွေ့ရှိပြီး ပြန်ပို့ခံရ

တရားမဝင် နေထိုင်ဖူးသူ မြန်မာ ၁၂ ဦး ကိုရီးယား လေဆိပ်၌ ပုံရိပ်ဖမ်းစက် မှတစ်ဆင့် တွေ့ရှိပြီး ပြန်ပို့ခံရ

Written By မောင်စေတနာ on Saturday, October 29, 2011 | 5:30:00 AM


ကိုရီးယားနိုင်ငံ INCH EON အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် စစ်ဆေးခံ နေသူတစ်ဦး

ကိုရီးယား လေဆိပ်၌ ပုံရိပ် ဖမ်းစက်ဖြင့် စစ်ဆေးရာမှ တရားမဝင် နေထိုင်ဖူးသူ မြန်မာ ၁ဝ ဦးကျော် ပြန်ပို့ခံခဲ့ ရကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

”computer web cam ရှေ့မှာ ရပ်လိုက်ရင် ပေါ်တာပဲ။ ကိုရီးယားကို နှစ်ကျော့ပြန် သွားသူတွေ၊ တရားမဝင် နေထိုင်ဖူး သူတွေဆိုရင် လေဆိပ် ကနေပဲ ပြန်လွှတ် တယ်” ဟု အထက်ပါ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က အလုပ်ဖြင့် ကိုရီးယား သွားပြီး ပြန်လွှတ် ခံရသည့် ကိစ္စကို ပြောသည်။

အဆိုပါစက်သည် စစ်ဆေးခံရသူ၏ မျက်နှာအရိုး တည်ဆောက်မှု အနေအထားကို ကြည့်ကာ စစ်ဆေးသောစက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ သွားရောက် သူများတွင် ထိုသို့ စစ်ဆေး ခံရပြီး ပြန်ပို့ခံရသူ ၁၂ ဦး ရှိကြောင်းလည်း ၄င်းက ပြောသည်။

အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီနှင့် အလုပ်သမားတို့ အကြား ချုပ်ဆိုသည့် ခံဝန်စာချုပ်တွင် အသက် လိမ်ညာခြင်း၊ နိုင်ငံကူး လက်မှတ်ပါ အချက်အလက် များကို လိမ်ညာခြင်း၊ ကိုရီးယားနိုင်ငံတွင် တရားမဝင် နေထိုင်ခဲ့ဖူးခြင်း သို့မဟုတ် ပြစ်မှု ကျူးလွန်ခဲ့ဖူးခြင်း၊ အကြောင်း တစ်ခုခုကြောင့် ပြန်စေလွှတ် ခံရခြင်း စသည့်အချက် တစ်ခုခုနှင့် ငြိစွန်းခဲ့ပါက တရား ဥပဒေအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ထုတ်ပြန်ထားသည်။

ကိုရီးယားသို့ အလုပ်သမား စေလွှတ်မှု ပြန်လည် စတင်သည့် ၂ဝ၁ဝနှစ်ကုန်ပိုင်း မှစ၍ ယခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ အထိ ၁၇၉၆ ဦး စေလွှတ်ပြီး ဖြစ်ကြောင်း သိရသည်။

Source by :Popular News
Share this article :

1 comments:

မဒမ်ကိုး said...

ဟမ် ဒါဆိုတူနေရင်ရော .စက်ကရောအတိအကျမှန်မှာမို့လားး(
မှားပါတယ် ..
ကုန်လိုက်မယ့်ဖြစ်ချင်းပိုက်ဆံတွေတော့

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။