Home » , » ဆောက်ချင်ဦးဟဲ့ အိမ်...

ဆောက်ချင်ဦးဟဲ့ အိမ်...

Written By မောင်စေတနာ on Friday, July 13, 2012 | 2:09:00 PM



ကျွန်တော်မနေ့က မြို့ထဲထွက်ရင်းကြားရတာက အိမ်ဆောက်မယ့် အိမ်တိုင်တွေဖမ်းခံရတယ်တဲ့၊ဒါနဲ့ သတင်းစုံစမ်းရင်း သိသလောက်ကို တင်ရေးဖြစ်ခဲ့ပါတယ်။

ဒီကနေ့(၁၁.၇.၂၀၁၂)ရက်နေ့ညနေ(၆)နာရီမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူထံခွင့်ပန်ပြီး တရားခံ၊ ရွာသား (၂)ယောက်ကို တွေ့ဆုံဖြစ်ပါတယ်။

သူတို့ပြောတာတွေကို သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတွေသိနိုင်ဖို့ ရေးသားလိုက်ရပါတယ်။ (တစ်ခုတော့ ကျွန်တော်ပြောချင်ပါတယ်၊အခုတရားခံတွေဟာ ကျွန်တော်နဲ့တစ်ခါမှ တွေ့ဖူးသူများ မဟုတ်ခဲ့ကြပါဘူး)

မေး ။ဒီသစ်တွေကို ဘယ်မှာရောင်းဖို့ သယ်လာတာလဲ

ဦးတင်လင်းဖြေ ။ သပြေပင်ရွာမှာရှိတဲ့ ကျွန်တော့်အိမ်တိုင်တွေ ဆွေးနေလို့ ပြန်ဆောက်ဖို့ ၀ယ်လာတာပါ၊ အိမ်တိုင်တွေကို အရင်နှစ်တွေကတည်းက ၃လုံးစု ၅လုံးစုနဲ့စုလာခဲ့တာပါ၊ စုစုပေါင်း ၁၀ လုံးပဲ ရပါသေးတယ်၊ အကုန်လုံးတစ်ခါထဲ မ၀ယ်နိုင်လို့ ဖြည်းဖြည်းချင်းစုတာပါ။
ကျွန်တော်ဟာ သစ်လုပ်စားသူ မဟုတ်ပါဘူး၊ သားသမီး ၁၂ ယောက် ရှိပါတယ်။ (ဦးတင်လင်း၊အသက်(၅၂)နှစ်၊သပြေသာရွာ၊ကသာမြို့)

ကိုခင်မောင်ချင်းဖြေ၊ ။ ကျွန်တော်က မော်တော် စက်လှေ မောင်းတဲ့သူပါ၊ သားသမီး ပေါက်စနတွေနဲ့ စက်လှေ မောင်းလာရင်းနဲ့ ဦးတင်လင်းနဲ့ တွ့ပြီး တိုင်လုံးလေး ရွာပို့ပေးစမ်းပါကွာ၊ တိုင်တစ်လုံး ၁၅၀၀ ပေးပါမယ် ဆိုလို့ တွဲကူပြီး သယ်လာတဲ့အချိန် ဖမ်းခံရတာပါ၊
(ခင်မောင်ချင်း၊အသက်၂၂နှစ်၊ဝေဆွယ်ရွာ၊ကသာမြို့)

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကသာရဲစခန်းက (ပ)၂၁၂/၂၀၁၂နဲ့တိုင်ချက်ရေးသွင်းပြီး ပြည်သူပိုင် ၆(၁)နဲ့ အရေးယူဖို့ ကြိုးစားနေပါတယ်။

ကသာမြို့နယ် သစ်တောဦးစီးဌာနရဲ့ တိုင်တန်းချက်အရလို့လည်း ဆိုပါတယ်။ ဒီလို ဖြစ်ရပ်မျိုး ဒေသအသီးသီးမှာလည်း ဖြစ်ဖူးဖြစ်လေ့ ရှိနေကြမှာပါ။ အလားတူဖြစ်စဉ်တွေအတွက် လွှတ်တော် တက်နေတဲ့ ကိုယ်စားလှယ်တော်တွေ အနေနဲ့ သစ်တောဥပဒေကို ခေတ်မှီစွာ တစ်စုံတစ်ခု ပြင်ဆင်နိုင်မယ် ဆိုရင်တော့ ဒေသအသီးသီးက ဒေသသခံ အိမ်ဆောက်တဲ့သူတွေ သက်သာရာရ ကြမယ့် အကြောင်းလက်တို့ လိုက်ပါရစေ..၊

(ဟာဂျူလီ.ကသာ)

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။