Home » » မလေးရှားတွင် ရေဒီယိုသတ္တိကြွ အန္တရာယ် ပြန်သုံးသပ်ရန်လို

မလေးရှားတွင် ရေဒီယိုသတ္တိကြွ အန္တရာယ် ပြန်သုံးသပ်ရန်လို

Written By မောင်စေတနာ on Thursday, May 26, 2011 | 6:05:00 PM

http://www.committeetobridgethegap.org/radioactive.jpg

သြစတြေးလျ သတ္တုတွင်း ဆိုင်ရာ Lynas မှ မလေးရှားနိုင်ငံအတွင်းရေ ဒီယိုသတ္တိကြွ ညစ် ညမ်းမှု အန္တရာယ်အတွက် ဒြပ်စင်ထုတ်လုပ်မှု စက်ပစ္စည်းဆိုင်ရာ အစီအစဉ်ကို မလေး ရှား နိုင်ငံ အနေနှင့် လေ့လာသုံးသပ်မှာဖြစ်ကြောင်း သတ္တု ထုတ်လုပ်မှု အမြင့်မား ဆုံးဖြစ်တဲ့ တရုတ်နိုင်ငံထုတ်လုပ်မှုကို နှောင့်နှေးစေ မယ်လို့ဆိုပါတယ်။

ကျန်းမာရေး ဆိုင်ရာဘေး ကင်း လုံခြုံမှု အတွက် မလေးရှားပြည်နယ် Pahangမှာ လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုကို တည် ထောင် မယ်လို့ ပြည် တွင်းသတင်း ကိုယ်စားလှယ်ဌာနက အစီရင်ခံခဲ့ပါတယ်။ ကုန်သွယ်ရေးဝန်ကြီး Mustapa Mohamedက ဦးဆောင်ပြောကြားခဲ့တာပါပဲ။

ပတ်ဝန်းကျင် လှုပ်ရှားပြောင်းလဲရေး ၀ါဒီတွေရဲ့အဆိုအရကတော့ အဆိုပါ စီမံကိန်းဟာ ဒြပ်စင်သန့်စင်မှုဖြစ်စဉ်က ဖြစ်ပေါ်တဲ့ဘေးထွက် ပစ္စည်းတွေကြောင့် မလေးရှားဟာ အန္တရာယ်ရှိပစ္စည်းများ စွန့်ပစ်ရာဒေသဖြစ်လာမယ်။ ဒါဟာ ကျန်းမာရေး အတွက် အန္တရာယ်ကို ဖန်တီးပေးတဲ့သဘောလို့ဆိုပါတယ်။

Lynas အနေနှင့် ရုတ်တရက် မှတ်ချက်ပေးလို့ မရနိုင်တာက သြစတြေး လျနိုင်ငံရဲ့ အများပြည်သ ပိတ်ရက်ဖြစ်နေတာ ကြောင့်ပါပဲ။

မလေးရှားနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဌာန (DOE)က Lynas စီမံကိန်း ကို ၂၀၀၈ခုနှစ် အတည်ပြုခဲ့တာဖြစ်တယ်။ မဟာဗျူဟာ အနေနှင့်လွန်ခဲ့တဲ့နှစ် က တရုတ်နိုင်ငံရဲ့ဒြပ်စင် ထုတ်လုပ်မှုထက် ကမ္ဘာမှာ အဓိက သော့ချက်ဖြစ်လာ မယ်လို့ဆိုပါတယ်။ မလေးရှားဒြပ်စင် ထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံး လိုအပ် ချက်ရဲ့တတိယ အဆင့်မှာ ရှိလာမှာဖြစ်တယ်။ ဖန်မျှင်နန်းကြိုးကစပြီး စမတ်ဖုန်း တွေ လျှပ်စစ် ကားတွေအထိ ထုတ်လုပ် နိုင်တဲ့အဆင့်မြင့် နည်းပညာဆိုင်ရာအရေး ပါလှတဲ့ ဒြပ်စင်ထုတ်လုပ်မှုလို့ ဆိုနိုင်ပါတယ်။

အဓိက၀ယ်လို အားအများဆုံးဖြစ်ကြတဲ့ ဂျပန်၊ အမေရိကန်ပြည်ထောင် စုနှင့်ဥရောပတို့ဟာ ဒီသတ္တုတွေအပေါ် အားထားနေရပြီး တရုတ်နိုင်ငံအပေါ်လုံး လုံးလျားလျား အမှီပြုနေရခြင်းကို လျှော့ချချင်ကြပါတယ်

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။