Home » , » မလေးရှားတွင် မြန်မာနိုင်ငံသား တစ်ဦး အလေးချိန် နှစ်တန်ရှိ မှန်ချပ်များပိ သေဆုံး

မလေးရှားတွင် မြန်မာနိုင်ငံသား တစ်ဦး အလေးချိန် နှစ်တန်ရှိ မှန်ချပ်များပိ သေဆုံး

Written By မောင်စေတနာ on Friday, November 8, 2013 | 7:11:00 PM

͋
Friday, November 8, 2013 

နိုဝင်ဘာ ၇ ရက်က မူအာ မြို့ ဂျလံဆာကေးရှိ ဆိုင်တစ် ဆိုင်၏နောက်တွင် အလေးချိန် နှစ်တန်ရှိ မှန်ချပ် ၁ဝဝကျော် ပိမိပြီးနောက် မြန်မာနိုင်ငံသား တစ်ဦးသေဆုံးခဲ့သည်။ သေဆုံး သူမှာ ရန်ကုန်မြို့မှ အသက် ၂၂ နှစ်အရွယ် သန်ငိုင်းလျံ ဆိုသူဖြစ် ပြီး မွန်းလွဲ ၂နာရီ ၁၅မိနစ်က မှန်ချက်များပိမိမှုကြောင့် ခေါင်း နှင့်လည်ပင်းတွင် ရရှိသောဒဏ် ရာများဖြင့် အခင်းဖြစ်သောနေရာ တွင် ချက်ချင်းသေဆုံးခဲ့သည်။ 

အခင်းမဖြစ်ပွားမီ သေဆုံး သူနှင့် တခြားသူများကို ဆိုင် နောက်ဘက်သို့ရောက်လာသည့် သုံးတန်ကုန်တင်ကားတစ်စီးပေါ် မှ မှန်ချပ် ၅ဝဝကိုချရန် တာဝန် ပေးခဲ့သည်ဟု အမည်မဖော်လို သည့် သေဆုံးသူ၏မိတ်ဆွေက ပြောကြားခဲ့သည်။ 

သေဆုံး သူနှင့် ၎င်း၏လုပ် ဖော်ကိုင်ဖက်များသည် တစ်ချပ် လျှင် ကီလိုဂရမ် ၂ဝလေးသော မှန်ချပ် ၃၅ဝကိုချပြီး သေဆုံး သူက ကုန်တင်ကား၏ နောက် ဘက်တွင်နားနေခဲ့ရာ ကုန်တင် ကားပေါ်မှကျန်ရှိနေသော မှန်ချပ် များသည် ငိုင်းလျံပေါ်သို့ လျှောကျ ခဲ့ပြီး ၎င်းမှာ ရေမြောင်းအတွင်း သို့ထိုးကျ သွားသည်ဟု သေဆုံး သူ၏မိတ်ဆွေက သတင်းထောက် များကို ပြောကြားခဲ့သည်။ နှစ်မီတာရှည်သော မှန် ချပ်များ ကွယ်နေသောကြောင့် အလောင်းကို မမြင်နိုင်သဖြင့် ဆွဲမထုတ်နိုင်ခဲ့ပေ။ 

ထို့ကြောင့် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန သို့ဖုန်းဆက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အလောင်းကိုဆွဲထုတ်ရန် မီးသတ် ခြောက်ဦး သည် မိနစ် ၂ဝမျှ အ ချိန်ယူခဲ့ရသည်။ ၎င်းဖြစ်ပျက်မှုအား မြို့ရဲ တပ်ဖွဲ့အကြီးအကဲ အေစီပီအက်ဇ် မန်အေယော့က အတည်ပြုခဲ့ပြီး အလောင်းကို ဆူလတန်နာဖာတီ မာအထူးကုဆေးရုံသို့ပို့ခဲ့ကြောင်း သိရသည်။ 

Ref: Bernama 
The Yangon Times
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။