Home » » အဝေးရောက် မြန်မာများ အတွက် www.nayzawlin1.org ထပ်မံ ဖွင့်လိုက်ပါပြီ။

အဝေးရောက် မြန်မာများ အတွက် www.nayzawlin1.org ထပ်မံ ဖွင့်လိုက်ပါပြီ။

Written By မောင်စေတနာ on Tuesday, August 2, 2011 | 10:27:00 PM




အဝေးရောက် မြန်မာများ အတွက် www.nayzawlin1.org ထပ်မံဖွင့်ပြီ။

မင်္ဂလာပါ ...
နေ့စဉ် ကျွန်တော်ရဲ့ ဝက်ဆိုက်လေးက ဝင်ရောက်လည်ပတ်သူများ တစ်နေ့ထက်တစ်နေ့ များလာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူများ အဆင်ပြေအောင် နည်းပညာများ နှင့် ဝက်ဆိုက်လေးကို အဆင့်မြင့် တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူများ အဆင်ပြေအောင် www.nayzawlin1.org ဆိုက်လေးကို အသစ်ထပ်မံ ဖွင့်လှစ်ကြောင်း ယနေ့မှ စ၍ အားလုံးကို အသိပေးရင်း ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။




ကျွန်တော့် ဆိုက်လေးရဲ့ ရည်ရွှယ်ချက် ၊ ရည်မှန်းချက် လေးက

(၁) နိုင်ငံခြားတွင် ရောက်ရှိနေသော
မြန်မာ နိုင်ငံသား များအတွက် သတင်း
ကဏ္ဍမှ မျှဝေ အသိပေး အကူအညီ ပေးနိုင်ရန်။

(၂) နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ
တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်များ
ရရှိပြီး အချင်းချင်း ညီအစ်ကိုမောင်နှမ
များကဲ့သို့ ကူညီ စောင့်လျှောက်မှုများ
ရရှိစေရန်။

(၃) သုတ၊ ရသ၊ စာပေ အတွေ့အကြုံများ
နှင့် ထိုင်း ၊ မလေးရှား၊ စင်္ကာပူ ၊ ကိုရီးယား ၊
ဒူဘိုင်းမှ ထူးခြား သော သတင်းများကို အမြန်ဆုံး
သိရှိ မျှဝေ ပေးနိုင်စေရန်၊

(၄) ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ ၊ ကိုရီးယား ၊
ဒူဘိုင်း မှ အဝေးရောက် မြန်မာများ အတွက်
အကျိုးရှိသော သတင်းများနှင့် ရှောင်ရန်၊
ဆောင်ရန်များ ဗဟုသုတ ကောင်းနိုးရာရာ
များကို ပြန်လည် မျှဝေပေး နိုင်ရန်။

(၅) ဤဆိုက်လေးသည် ပုဂ္ဂိုလ်တစ်ဦး(သို့)
မည့်သည့် အဖွဲ့အစည်းများ လက်အောက်မှ
ပါဝင်ပက်သက်မှု မရှိပဲ သီးခြားတည်ရှိပြီး
ဘက်စုံ ထောင့်စုံ ရသစုံ ကဏ္ဍစုံဆိုက်လေး
တစ်ခု အဖြစ် ရပ်တည်နိုင်ရန်။

(၆) အဝေးရောက် မြန်မာများ အတွက်
ဘာသာရေး လူမှုရေး များနှင့် ကိုယ်တာ
ကိစ္စများ ပရဟိတ လုပ်ငန်းများတွင် ပါဝင်
ကူညီ ပေးနိုင်အတွက် ရည်ရွှယ်ပါသည်။

အထက်ဖော်ပြပါ ရည်ရွှယ်ချက် လမ်းစဉ်လေးနဲ့ ဆက်လက် ကြိုးစား လုပ်ဆောင်သွားမှာပါ။

အခု လက်ရှိ အသုံးပြုနေသော www.nayzawlin1.com နဲ့ အတူတူ ဆက်လက်၍ www.nayzawlin1.org လိပ်စာလေးနဲ့ ကိုယ်ပိုင် Domain, Web Hosting, Web Design လေးနဲ့ ဆက်လက် လုပ်ဆောင်ပြီးစီးနေပြီ ဖြစ်ပါတယ်။

ဆိုက်နှစ်ခုစလုံးမှာ မလေးရှားသတင်းများ ၊ မလေးရှားမှ စီးပွားရေး လုပ်ငန်းကြေငြာများ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ နဲ့ အခြားခြားသော လူမှုရေး ကိစ္စများကို တင်ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ မလေးရှားမှာရှိတဲ့ မြန်မာတွေအတွက် အွန်လိုင်းကနေ အလွယ်တကူ သိနိုင်စေရန်အတွက် မလေးရှားနိုင်ငံအတွင်း ရှိသော မြန်မာဆိုင်များ ၊ မဂ္ဂဇင်း ၊ ဂျာနယ် ၊ အဖွဲ့အစည်း လိပ်စာများ ၊ ဝက်ဆိုက် လင့်လိပ်စာများ ၊ မလေးရှားရောက် မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းကြီးကျောင်းများ တည်ရှိသောနေရာ လမ်းညွန်ချက် အစီအစဉ်လေးများ ကိုလည်း ထပ်မံထည့်သွင်းပေး သွားမှာပါ။ ဝန်ဆောင်မှုများ အားလုံး အခမဲ့သာ ဖြစ်ပါသည်။

www.nayzawlin1.org ဆိုက်အသစ်လေးကို 1.8.2011 ရက်နေ့တွင် ထပ်မံဖွင့်လှစ်ပြီး အဝေးရောက် မြန်မာများအတွက် အွန်လိုင်းကနေ သတင်းများ နှင့် သုတ ၊ ရသ လေးများကို ဆက်လက် မျှဝေသွားရန်အတွက် ကြိုးစားဆောင်ရွှက်လျက် ရှိနေပါတယ်။ (1 ရက်နေ့က ဒီပိုစ့်ကို တင်မလို့ပါ။ ညက နေ့စဉ် ပင်ပန်းနေတာနဲ့ ခဏလေး အိပ်လိုက်တာ မနက် 5 နာရီမှ နိုးလာလို့ မတင်ဖြစ်တာပါ။ 1 ရက်နေ့မှာ အမှတ်တရ တင်ချင်လို့ မတင်လိုက်ရဘူး။ 2 ရက်နေ့မှ တင်ဖြစ်လို့ပါ။) ညညဆို ည 1 နာရီအထိ ဆိုက်နဲ့ ပက်သက်တာတွေ အားလုံး မနက် အဆင်သင့်ဖြစ်အောင်လို့ လုပ်နေရလို့ပါ။

ကျွန်တော် ဘာဖြစ်လို့ ဒီဆိုက်ကို တည်ထောင်ထားတာလဲ ဆိုတော့ အဖြေက ရှင်းပါတယ်။ ကျွန်တော်အတွက် မဟုတ်ပါဘူး အများအတွက် အချိန်ကို တန်ဖိုးရှိရှိ အသုံးချပေးနေတာပါ။ ကျွန်တော်အတွက်ဆို ဘာမှ မလိုအပ်ပါဘူး။ ဆိုက်မရေးရလဲ ကျွန်တော်ဘာမှ မဖြစ်ပါဘူး။ တစ်ချို့ လူတွေက နားလည်ပေးတဲ့ လူတွေ ရှိကြသလို အပြစ်တင်တဲ့ လူတွေကလည်း ရှိကြပါတယ်။ ရှေ့ကလည်း မသွားချင် နောက်ကလည်း မလိုက်ချင်ပေါ့။ ကန့်လန့် ကန့်လန့်လာလုပ်နေသူတွေရှိပါတယ်။ တစ်ခါတစ်လေ ဘလော့ကာ တစ်ယောက် အချိန်ကုန် ၊ အလုပ်ပျက်ခံပြီး စေတနာနဲ့ လုပ်ပေးနေတဲ့ သူတွေရဲ့ သူတို့ ဘဝကိုနားလည်ပေးချင်ပါတယ်။

ဘလော့ရေးနေတဲ့ ဝါသနာရှင် လူတွေတိုင်းဟာ သူတို့အတွက် အချိန်ပေးပြီးလည်း ရေးနေရသေးတယ်။ အားနေလို့ အချိန်ပေးရေးနေတဲ့ သူတွေ တစ်ယောက်မှ မရှိပါဘူး။ သူတို့အတွက် ငွေရတာနေတာ မဟုတ်ဘူး။ ဘလော့ရေးနေလို့ ဘဝတွေကောင်းစားလာတာ မဟုတ်ဘူး ဘာလော့ကာတွေဟာ သူတို့သိတာတွေ တတ်နိုင်တာလေးတွေကို ပြန်လည်မျှဝေနေတာပါ။ စကားစမ်မိလို့ ပြောတာပါ ထားလိုက်ပါတော့ နောက်မှ သက်သက် ပြောပြပါ့မယ်။

အခုဆိုက်လေးက အခုလို အမိမြေနဲ့ ခွဲခွာပြီး အဝေးရောက်နေသော မြန်မာနိုင်ငံသားတွေရဲ့ ဘဝကို စာနာလို့ ကျွန်တော်တတ်နိုင်တဲ့ နေရာလေးက ပါဝင်ကူညီပေးနေတာပါ။

အခုလို အဝေးရောက်နေကြတဲ့ သူတွေတိုင်းဟာ မတတ်သာလို့သာ ခွဲခွာလာပြီး ထွက်လာရတာပါ။ ကျွန်တော်လည်း အတူတူပဲ အိမ်နဲ့ခွဲခွာပြီး အဝေးကို ရောက်နေတယ်လေ ... အခုလို အဝေးရောက်နေသော မြန်မာများအတွက် အဆင်ပြေအောင် ကူညီချင်ပါတယ်။ အားလုံးအဆင်ပြေဖို့ ဘယ်လိုကူညီရမလဲ ဆိုတာ ကျွန်တော် စဉ်းစားမိတာနဲ့ ကိုယ်ပိုင်ရေးနေတဲ့ ကျွန်တော့်ရဲ့ဆိုက်လေးကို ပရဟိတ ဖြစ်အောင် သတင်းလေးတွေ တင်ပေးဖြစ်တာပါ။ ဒီလိုနဲ့ အွန်လိုင်းကနေဝက်ဆိုက်တစ်ခု ဖွင့်ပြီး အများသိအောင် ဆောင်ရန် ၊ ရှောင်ရန် လေးတွေကို တင်ပေးပြီး ကူညီပေးခဲ့တာပါ။

ကျွန်တော်အရင်က ဒီဆိုက်ကို စဖွင့်တော့ ကိုယ်ပိုင်စာတွေပဲ ရေးမယ်လို့ စိတ်ကူးပြီး လုပ်ခဲ့တာပါ။ ဒါနဲ့ ကျွန်တော်ဆုံးဖြတ်ချက် ပြောင်းသွားတယ်။ လူဆိုတာ အသက်ရှင်နေတဲ့ အချိန်လေးမှာ သူများအတွက် အသုံးဝင်တဲ့ လူတစ်ယောက်ပဲ ဖြစ်စေရမယ် ဆိုတဲ့စိတ်လေးနဲ့ ဆိုက်လေးကို ပရဟိတ ပြောင်းလဲလုပ်ဆောင်ပြီး သတင်းများနဲ့ သတိပေးချက်လေးတွေ ကို တင်ပေးခဲ့ပါတယ်။

ကျွန်တော် သတင်းတွေတင်ပေးတဲ့ နေရာလေးမှာ ထိုင်းသတင်း ၊ မလေးရှားသတင်း စင်္ကာပူသတင်းတွေ ကိုအဓိက တင်ပေးတာပါ။ ဘာကြောင့် ဒီနိုင်ငံတွေပဲ ရွှေးပြီး တင်ပေးတာလဲ ဆိုတော့ ဒုက္ခရောက် အဆင်မပြေတဲ့ နိုင်ငံတွေထဲမှာ ပထမ အခက်အခဲအများဆုံးနိုင်ငံက ထိုင်းနိုင်ငံ က ဖြစ်ပြီး ထိုင်းနိုင်ငံမှာက လူနည်းစုသာ အင်တာနက် သုံးနိုင်ကြပါတယ်။ နေ့စဉ် လက်လုပ် လက်စားတွေ များပြီး ပညာမတတ်တဲ့ သူတွေလည်း များပါတယ်။ တစ်ချို့က တောထဲမှာ လျှစ်စစ်မီးတောင် မရှိတဲ့နေရာတွေမှာ လည်းနေထိုင် လုပ်ကိုင်နေတာတွေ ရှိပါတယ်။

မလေးရှားမှာက 50% ရာခိုင်နှုန်းသာ အင်တာနက် သုံးနိုင်ကြပြီး ကျန်တဲ့ 15% ရာခိုင်နှုန်းက စာပေတွေနဲ့ ထိတွေ့နေရတာပါ။ ကျန်တဲ့ 10% ရာခိုင်နှုန်းက အင်တာနက်ရော စာပေအပိုင်းတွေမှာ ထိတွေ့မှု မရှိပါဘူး အလုပ်လုပ်တဲ့နေရာတွေက မြန်မာဆိုင်တွေနဲ့ လှမ်းနေတာရယ် နေရာဂျောင်ကြနေရယ် နဲ့ ဒီလို ဖြစ်နေရတာပါ။ တစ်ချို့ဆို မလေးမှာ 3 နှစ်နေတာတောင် K L လိုနာမည်ကြီး နေရာတွေကိုတောင် မရောက်ဖူးတာတွေ များပါတယ်။ သူ့နေရာနဲ့သူ အဆင်မပြေတာတွေ များပါတယ်။ ပြီးတော့ အိုဗာစတေးတွေ များပြီး KL လိုနာမည်ကြီးနေရာတွေကို မလာရဲကြပါဘူး ... ကြွက်ကို (မလေးရှား ရဲ) ကြောက်တယ်တဲ့ ဒုတိယ အခက်အခဲ အများဆုံးက မလေးရှားပါ။

စင်္ကာပူမှာက အဆင်ပြေတဲ့သူ ပညာရှင်တွေ ပေါပါတယ်။ အခုဆိုက်ကိုဝင်တဲ့ လူဦးရေထဲမှာလည်း စင်္ကာပူက ထိပ်ဆုံးကပါပဲ။ ဘယ်ဆိုက်မှာ ကြည့်ကြည့် စလုံးက ဝင်တဲ့လူဦးရေ များပါတယ်။ လူတိုင်းနီးပါ အင်တာနက် သုံးနိုင်ကြတယ်လေ ။ မပြေတဲ့သူတွေ အနည်းစုပါ။ အဆင်ပြေတဲ့သူတွေလည်း များပါတယ်။ တတိယ အခက်အခဲများ တာက စင်္ကာပူ ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ နိုင်ငံတွေက နိုင်ငံခြားမှာ အဆင်မပြေတဲ့ လူဦးရေ တော်တော်လေး များပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေက သတင်းတွေကို အဓိက တင်ပေးဖြစ်တာပါ။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း လုပ်ဆောင်နေရတယ် ဆိုတော့ အချိန်မပေးနိုင်တာလည်း ပါပါတယ်။

အခု ဝက်ဆိုက်လေး အသစ်ဖွင့်တဲ့ နေရာလေးမှာ ကျွန်တော် အားတစ်ခုတည်းနဲ့ တည်ဆောက်ဖို့ဆိုတာ အဆင်မပြေလှပါဘူး ။ အခုဆိုက်လေးက စီးပွားရေး အတွက်နဲ့ လုပ်ဆောင်မှာ မဟုတ်ပဲ အဝေးရောက်မြန်မာများအတွက် ဆောင်ရန် ၊ ဆောင်ရန် များကို အသိပေး တင်ပြပေးမဲ့ ပရဟိတ ဆိုက်လေး ဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူ မိတ်ဆွေများထဲမှ စေတနာရှိသူများ နဲ့ ကျွန်တော်အပါအဝင် စုပေါင်း၍ ဒီဆိုက်လေးကို ထပ်ဖွင့်လိုက်တာပါ။ ကျွန်တော်ကတော့ ငွေအားရော လူအားပါ ပါဝင်မှာ ကူညီ တာဝန်ယူမှာ ဖြစ်ပါတယ်။

ဝက်ဆိုက် အလှူရှင်များကို မှတ်တမ်း တင်ထားပေး ပါတယ်။

ဝက်ဆိုက် လှူဒါန်းထားတဲ့ အလှူရှင်တွေ ကတော့

1:
နေဇော်လင်း -RM, 150

2:
မောင်ချမ်းငြိမ်းအောင် - RM, 100

3 :
ကိုစိုးအောင်မင်း - RM, 50

4 :
အဆွေးလူ (လင်းထက်အောင်) - RM, 50

5 :
ကိုဝေလွင်ဦး - RM, 50

ဒါကြောင့် စာဖတ်သူများ ဝင်ရောက် လေ့လာနိုင်ပြီ ဖြစ်ကြောင်း အသိပေး လိုက်ပါရစေ။ ဝက်ဆိုက် ဖြစ်မြှောက်ရေး အတွက် အဖက်ဖက်က ပါဝင်ကူညီပေးသော WWM နှင့် စေတနာရှင် ဝင်ဆိုက် အလှူရှင်များ အားလုံးကို ကျွန်တော် နေဇော်လင်း က ကျေး ဇူး အ ထူး တင် ရှိ ပါ တယ် ခင် ဗျာ .....

နေဇော်လင်း
admin@nayzawlin1.org
www.nayzawlin1.org



Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။