
ပြည်တွင်းကနေပြည်ပကို သွားချင်တဲ့သူပဲဖြစ်ဖြစ် ၊ပြည်ပကနေ ပြည်တွင်းကို လာချင်တဲ့ သူပဲဖြစ်ဖြစ် ကြိုတင် Booking ပြုလုပ်လို့ရမယ့် ဆိုက်လေးကို ညွှန်ပြပေးချင်ပါတယ်။
အဲဒီဆိုက်က တစ်နေရာတည်းကနေ နေရာပေါင်းစုံရဲ့ လက်မှတ် မှန်သမျှကို ၀ယ်ယူလို့ရမယ့် ဆိုက်ပါ။
ဆိုက်ထဲမှာံHotel, Flight, Car Rental, Vacation Activities, Food & Beverages, Health & Beauty, Arts & Souvenirs ဆိုပြီး ပါဝင်ပါတယ်။ Hotel အနေနဲ့ လည်း Discount ချထားတဲ့ ဟိုတယ်တွေကို ဖော်ပြ ပေးထားတာဖြစ်ပြီး Oway ဆိုက်ကနေ Booking လုပ်ရင် အနည်းဆုံး ကျပ်နှစ်သောင်းကနေ သုံးသောင်း သက်သာပါတယ်။ အဲဒါအပြင် ဘယ်လောက် ဈေးကနေ ဘယ်လောက်ဈေးကိုပဲ ပြပါဆိုပြီးတော့ ခွဲခြားပြနိုင်ပြီး ဘယ်ရက်ကနေ ဘယ်ရက်အထိ ဘယ်ဟိုတယ်က အားတယ်ဆိုတာကိုပါ ကြည့်လို့ ရပါသေးတယ်။
Flight ဆိုလည်း မြန်မာပြည်တွင်း မှာ ပြေးဆွဲနေတဲ့ လေယာဉ်အချိန်တွေကို ဖော်ပြပေး ထားပြီး ချက်ချင်း Booking ပြုလုပ်လို့ ရပါသေး တယ်။ Car Rental စနစ်ကလည်း ကားတွေကို ဆိုက်ပေါ်ကနေ ငှားရမ်းလို့ ရမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အပြင်မှာ သွားငှားတဲ့ဈေးထက် တစ်သောင်းလောက် သက်သာပါတယ်။ ဒါပေမဲ့ ကားလောင်စာဆီဈေးနှုန်းတက်ရင်တော့ ဈေးနှုန်း အပြောင်းအလဲရှိနိုင်တယ်လို့ ရေးထားပါသေး တယ်။ ဒီအထဲမှာပါတဲ့ ဈေးနှုန်းတွေက Discount ချထားတဲ့ဈေးနှုန်းတွေဖြစ်တဲ့အတွက် အားလုံးက ဈေးချိုနိုင်တယ်လို့ ဆိုလို့ရမှာပါ။
www.owaytrip. com မှာ ၀င်ကြည့်လို့ရမှာပါ။ သူတို့ရဲ့စနစ်ကို အသုံးပြုချင်တယ်ဆိုရင် Oway ငွေဖြည့်ကတ်ကို ၀ယ်ယူရမှာဖြစ်ပြီး စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ Oway ငွေဖြည့်ကတ်ကို ၀ယ်ယူချင်တာပဲဖြစ်ဖြစ် တိုက် နံပါတ် ၆၊ ၂ လွှာ၊ Junction Square Compound ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၉- ၇၃၂၄၄၇၄၁၊ ၀၉-၇၃၂၄၄၇၄၂၊ ၀၁-၂၃၀၄၂၀ တို့မှာ စုံစမ်းဝယ်ယူလို့ရမှာပါ။
Source by :http://yoyarlay.com/




.jpg?width=750)

0 comments:
Post a Comment