Home » » ဖူးခက်က မြန်မာ ကလေးငယ် ၃၀၀၀၀ အရေး

ဖူးခက်က မြန်မာ ကလေးငယ် ၃၀၀၀၀ အရေး

Written By မောင်စေတနာ on Wednesday, August 3, 2011 | 12:00:00 PM



ထိုင်းနိုင်ငံ ဖူးခက် ဒေသတွင် မြန်မာရွေ့ပြောင်းလုပ်သား များ၏ ကလေးငယ်၃၀၀၀၀ ခန့် သည် စာသင် ကျောင်းသို့မတက်ရောက်နိုင်ကြကြောင်းထိုင်း မီဒီယာ များက ဖေါ်ပြခဲ့သည်။ ဖူးခက်ဒေသရှိ မြန်မာအမျိုးသမီး
၆၀ဦးခန့် တို့သည် ဖူးခက်ဆေးရုံ၌ လစဉ် ကလေး မွေးဖွားလျက်ရှိနေကြပြီး ၂၀၁၀ခုနှစ်နှင့် ယှဉ်လျှင် ၂၀%ကျော်မြင့်တက်လာသည်။

ဖူးခက် ၌ မြန်မာလူဦးရေသည် ၁၀၀၀၀၀မှ ၂၀၀၀၀၀ အကြားရှိနေသည်။ နှစ်စဉ် မြန်မာ ကလေးငယ် ၁၅၀၀ ဦး ခန့်သည် ဖူးခက်တွင် မွေးဖွားနေကြပြီး ၄င်းဒေသ၌ မွေးဖွားခဲ့သော ကလေးငယ် ၃၀၀၀၀ ခန့်ကိုလည်း ထိုင်းအစိုးရ၏ တရားဝင် အသိအမှတ်ပြုမခဲ့သဖြင့် အခြေခံ စာသင်ကျောင်း များသို့ တက်ရောက် နိုင်ခြင်းမရှိကြချေ။

တရားမ၀င် ရောက်ရှိ နေကြသော နိုင်ငံခြားသာ အလုပ်သမားများကို ထိုင်းအစိုးရက တရားဝင် လက်မှတ်များထုတ် ပေးလျက်ရှိသည်။ယင်း လက်မှတ်ကိုင်ဆောင်ထားသော အလုပ်သမား တို့သည် အနိမ့်ဆုံးလုပ်ခ တစ်ရက် လျှင် ၃၀၀ ဘတ် ရရှိခံစားနိုင် မည်ဟု သိရသည်။ စီးပွားရေး ဖွံ့ဖြိုးလာနေသော ဖူးခက်ဒေသတွင် ဆောက်လုပ်ရေးလုပ်ငန်းများက အလုပ်သမားများ လိုအပ်နေရာ မြန်မာ အများအပြားထပ်မံ ၀င်ရောက်လာဦးမည်ဟု ခန့်မှန်းထားကြသည်။

ဖူးခက်အာဏာပိုင် တစ်ဦးက အနည်းဆုံး မြန်မာကလေးငယ် ၅၀ဦးလောက်က လမ်းပေါ်မှာ ပန်းရောင်း နေကြပါတယ် သူတို့မိဘတွေက ကလေးတွေကို ညတိုင်း လာပို့သွားကြတယ်…ဥပဒေမဲ့ဖြစ်လို့ ဘတ်ငွေ ၂၀၀၀ ဒဏ်ပေးဆောင်စေပေမဲ့ ပြန် ရောင်းကြတာပါပဲ” ဆိုပါသည်။

ဆင်းရဲနွမ်းပါးခြင်း ၊ အသိပညာနည်းပါး ခြင်း ၊ ထိုင်း နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရခြင်း များက ဖူးခက်ရောက်မြန်မာ ကလေးများ၏ အနာဂတ်ကို ပိတ်ဆို့ထားသည် ။ ယင်းသို့ သောမြန်မာ ကလေးငယ်များနှင်ပတ်သက် သော ဦးဆောင်လှုပ်ရှားမှု များသည်လည်း ထိရောက်သင့်သလောက် မရောက်ခဲ့ သဖြင့် ကလေးငယ် ၃၀၀၀၀၀ ဦး ၏ ပညာရေးမှာ အတော်ပင် တွေးပူစရာ ကောင်းလှသည်။

ဖူးခက်က ရွေးကောက်ခံ အမတ်တစ်ဦးကတော့ “ဒီက မြန်မာကလေးတွေကို မူရင်းနိုင်ငံသို့ ပြန်ပို့သင့်ပါတယ် ”ဟု သာ အဆင်ခြင်မဲ့ ဖြေကြားခဲ့သည်။

Source by :http://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။