Home » » စပိန်သား လူငယ် လက်ရွေးစင် ကစားသမားလေးအား လေးနှစ်သက်တမ်းဖြင့် ခေါ်ယူလိုက်သော ချဲလ်ဆီး အသင်း

စပိန်သား လူငယ် လက်ရွေးစင် ကစားသမားလေးအား လေးနှစ်သက်တမ်းဖြင့် ခေါ်ယူလိုက်သော ချဲလ်ဆီး အသင်း

Written By မောင်စေတနာ on Friday, August 5, 2011 | 4:58:00 AM



စပိန်သား လူငယ် လက်ရွေးစင် ကစားသမားလေးအား လေးနှစ်သက်တမ်းဖြင့် ခေါ်ယူလိုက်သော ချဲလ်ဆီး အသင်း

ချဲလ်ဆီး အသင်းသည် ယနေ့တွင် ဘာစီလိုနာ ကွင်းလယ် ကစားသမား စပိန် ယူ ၂၀ လက်ရွေးစင် လူငယ် ကစားသမား ဖြစ်သူ Oriol Romeu (ရိုမီယူ)အား လေးနှစ် သက်တမ်း ရှိသော စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

အပြာရောင် အသင်းအနေဖြင့် ရိုမီယူ အတွက် လွန်ခဲ့သော လက သဘောတူညီမှု ရရှိခဲ့ပြီး ယခုလက်မှတ် ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။

ရိုမီယူသည် လက်ရှိ ကိုလံဘီယာတွင် ကျင်းပနေသော ကမ္ဘာ့ဖလား စပိန် ယူ ၂၀ လက်ရွေးစင် အသင်း၌ အဓိက ပါဝင် ကူညီ ကစားပေးနေသူ ဖြစ်သည်။ အဆိုပါ လူငယ်လေးသည် အနောက်လန်ဒန် အသင်းနှင့် ယခုလ နှောင်းပိုင်းတွင်မှ ပေါင်းစည်း နိုင်ဖွယ်ရှိနေသည်။

““ချဲလ်ဆီး ဘောလုံး အသင်းအနေဖြင့် ဘာစီလိုနာမှ လူငယ် ကစားသမားလေး ဖြစ်သူ အော်ရီရို ရိုမီယူအား လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်””ဟု ချဲလ်ဆီး ကြေငြာချက် စာတမ်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ၁၉ နှစ်သား ကစားသမား လေးအား ချဲလ်ဆီး အသင်းသည် ရေရှည်တွင် မိုက်ကယ် အက်စီယံ အနာတရ ဖြစ်သည့် အခိုက်အတန့် အတွင်း အသုံးပြုနိုင်ရန် ခေါ်ယူမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။


Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။