Home » » မလေးရှား အိုဗာစတေးသမားများ အတွက် နောက်ဆက်တွဲ သတင်း (မလေးရောက် မြန်မာများ အားလုံးဖတ်ရန်)

မလေးရှား အိုဗာစတေးသမားများ အတွက် နောက်ဆက်တွဲ သတင်း (မလေးရောက် မြန်မာများ အားလုံးဖတ်ရန်)

Written By မောင်စေတနာ on Sunday, August 21, 2011 | 10:34:00 PM



မင်္ဂလာပါ

မလေးရှားမှာ လက်ရှိ ပြုလုပ်လျှက်ရှိသော 6P စီမံချက် ကို ယခင် နောက်ဆုံးသတ်မှတ်ရက် ဖြစ်သော 21.8.2011 တနင်္ဂနွေနေ့အစာ3း1.8.2011 (သြဂုတ်လအကုန်အထိ) ဆက်လက် တိုးမြှင့်ပေးလိုက်ကြောင်း ယနေ့ အထူးသတင်းအနေနဲ့ ကြော်ငြာသွားပါတယ် ။

ဆက်လက်ပြီး ယာယီပါမစ်ရရှိထားသော မြန်မာ အလုပ်သမားများအနေဖြင့် မိမိတို့ ယာယီပါမစ် တွင် သူဌေး (သို့) သက်ဆိုင်ရာ ကုမ္မဏီ လိပ်စာများ ပါဝင်မှု့ ရှိမရှိ သေချာစွာစုံစမ်းထားရန် လိုအပ်ပါတယ် ။

အလုပ်ရှင်ဆိုသော နေရာတွင် ( TIADA ) များသာ ရှိနေပါက မိမိ စိတ်သန်ရာ ကုမ္မဏီ များဖြင့် ဆက်လက် ဆောင်ရွက် ရန် အရေးကြီးပါတယ် ။ ထိုသို့မဟုတ်ပါက စီမံချက်ပြည့်သည့်အချိန်မှာ အလုပ်ရှင်မရှိသရွေ့ ထိန်းသိမ်းခံရနိုင်ဖွယ် ရှိပါတယ် ။

မိမိယာယီပါမစ်ရှိ ဒုတိယ အကွက် ဖြစ်သော ( Maklumat Majikan ) ဆိုသည့်အောက်တွင် သေချာကြည့်ပါ နားမလည်ပါက နားလည်သောသူငယ်ချင်းများအား ပြသစုံစမ်းပါ ။

ဆက်လက်ပြီး မြန်မာပြည်သို့ပြန်လိုသော အိုဗာစတေး သမားများအတွက် မလေးရှားမြန်မာသံရုံးတွင် CI များကို အခမဲ့ ထုတ်ပေးနေပြီဖြစ်ပါတယ် ။ အချို့သော သူများမှာ မြန်မာပြည်သို့ ချောမွေ့စွာပြန်လည် ရောက်ရှိသွားကြပြီဖြစ်ပါတယ် ။

ပါမစ် လျှောက်ထား သူများ အနေဖြင့် မိမိတို့ ဆောင်ရွက်ထားသော ကုမဏီ ၊ အေးဂျင်းများထံသို့ .မြန်မာနိုင်ငံကူး လက်မှတ် (MRP) Myanmar Passport စာအုပ် လျှောက်ထားရန် အောက်ပါအချက်လက်များ မဖြစ်နေပေးပို့ဖို့အရေးကြီးပါတယ် ။

မြန်မာ သံရုံးတွင် Passport လျှောက်ထားရန် လိုအပ်သော အချက်အလက်များ ။

၁. ပါတ်စပို့ဓာတ်ပုံ ၄ ပုံ ( နောက်ခံ အဖြူရောင် ရှိသော ကာလာပုံ )

၂. ယာယီပါမစ်မိတ္တူ ၃ စောင်

၂. နိုင်ငံကူးလက်မှတ်ရှိသူများ အနေဖြင့် အောက်ပါ အချက်လက်များ ၃ စုံတိတိ

* နိုင်ငံကူးလက်မှတ် ပထမစာမျက်နှာ ( Particular ) မိတ္တူ
* မလေးရှားနိုင်ငံသို့ ၀င်ရောက်စဉ်က အ၀င်တုံး ရှိသော စာမျက်နှာမိတ္တူ
* ပါမစ်ရရှိပြီးသူများ အနေဖြင့် မလေးရှားပါမစ် မိတ္တူ
* အထက်ပါမိတ္တူများ ကြည်လင်ပြတ်သားရန် အထူးအရေးကြီးသည်


၃. နိုင်ငံကူးလက်မှတ် မရှိသူများ (သို့) မလေးရှားသို့ အကြောင်းမျိုးမျိုးဖြင့် ရောက်ရှိနေသူများ အတွက်

* မြန်မာနိုင်ငံသား မှတ်ပုံတင်
* အိမ်ထောင်စုစာရင်း မိတ္တူ
* ရပ်ကွက် နှင့် ရဲစခန်း ထောက်ခံစာ

စသည်တို့ ၃ စုံတိတိ ပေးပို့ရန် လိုအပ်ပါတယ်။

အထူးသတိပြုရန် မှာ မိမိ ပတ်စပို့ မရှင်းလင်းပါက ပတ်စပို့မိတ္တူ အပြင် မှတ်ပုံတင် သန်းခေါင်စာရင်းများ လိုအပ်ပါလိမ့်မည် ။

သို့ပါသောကြောင့် ပါမစ်ရရှိရန် လျှောက်ထားသူများ အနေဖြင့် မိမိတို့ ဆောင်ရွက်ထားသော ကုမ္မဏီများထံ အထက်ပါ အချက်လက်များ ပြည့်စုံစွာ သွားရောက်ပေးပို့ ပါရန် တိုက်တွန်းရပါတယ် ။

ယနေ့ တရုတ် သူဌေးများမှ တရုတ်အေးဂျင်းများထံတွင် ပါမစ်လျှောက်ပေးထားပါက မြန်မာသံရုံးသို့ ပါတ်စပို့လျှောက်ထားရန် ကိုယ်တိုင်ဆောင်ရွက်လိုပါက မိမိတို့ ပါမစ်ရရှိကြောင်း Approval စာရွက်မိတ္တူ နှင့်တစ်ကွ အထက်ပါ အချက်လက်များ ပြည့်စုံစွာဖြင့် စာအုပ်လျှောက်ထားရန်လိုအပ်ပါတယ် ။ ထိုသို့ Approval ရရှိမှသာ စာအုပ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

စာရွက်စာတမ်း လုံးဝမရှိသူများ မြန်မာ သံရုံးမှ စာအုပ်ထုပ်ပေးမည်မဟုတ်ကြောင်း သိရှိ ထားသောကြောင့် အထူးအသိပေးအကြောင်းကြားရပါတယ်ခင်ဗျာ ။


လေးစားစွာဖြင့်

KOMYO

Source by :www.edinooyin.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။