![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghriiLaYyQ19NLFbyF4fvU9rWSyA09PGHN6DxZ9GiPsl1HVowzB5s3RYLUML_eys3FDBe_wpSKsH9YEHoS67oKj1VcW9_vn6ejVOVimUptPGvvURuqktYQdF2amAoQG_BvTr-yj365XXKa/s400/article-2102758-0F18683B00000578-609_468x286.jpg)
မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူ ဗီဒစ်သည် ဒူးဒဏ်ရာမှ ပြန်လည် သက်သာလာကြောင်း သတင်းရထားပြီး ရာသီမကုန်မီပင် ပြန်လည် ကစားနိုင်ဖွယ် ရှိနေကြောင်း မနေ့က ထုတ်ဖေါ် ပြောကြားခဲ့သည်။
ဗီဒစ်သည် လွန်ခဲ့သည့် ဒီဇင်ဘာလပွဲစဉ်အတွင်း မန်ယူအသင်းက ဘေဆယ်လ် အသင်းကို အရှုံးပေးခဲ့ရသောပွဲစဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး ညာဖက် ဒူးအရွတ် စုတ်ပြတ်သွားမှု အတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရာ ပုံမှန်အတိုင်း ဆိုပါလျင် ၁၂ လ တာ နားရမည် ဖြစ်သော်လည်း ၂ လတာအတွင်း အကောင်းဆုံး ကုသမှု ခံယူခဲ့ရသောကြောင့် ယခုလို အလားအလာ ကောင်းများ မြင်တွေ့လာရခြင်း ဖြစ်သည်။
ဗီဒစ်အနေဖြင့် စိတ်မစောဘဲ ရာသီကုန်ပွဲစဉ်များတွင် ပါဝင်မကစားဘဲ နားနေမည် ဆိုပါလျင်ပင် လာမည့် ဇူလိုင်လတွင် မန်ယူအသင်းက ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် သွားရောက်မည့် အာရှခရီးစဉ်၌ ပါဝင်နိုင်မည် ဖြစ်သည်။
Source by :http://mutdfan.com/

0 comments:
Post a Comment