မနေ့ကကျွန်တော် လုပ်နားတာနဲ့ အလည်သွားလိုက်တယ်
သူငယ်ချင်းတွေဆီကို သွားဖြစ်တယ် နောက် အလုပ်နားတဲ့အချိန်လေးမှာ
ဗဟုသုတတွေ လေ့လာရင်းပေါ့ဗျ .... 7 .3 .2010 တနင်္ဂနွေနေ့
မထမရက်နေ့လေးမှာ ကာဂျန်းကကျွန်တော်ရဲ့ အစ်ကိုတစ်ယောက်ရဲ့
မြန်မာဆိုင်ဖွင့်ပွဲကိုသွားခဲ့ပါတယ်ဆိုင်ဖွင့်ပွဲက မနက် ၉ နာရီကနေ ၁၁
နာရီအထိပါ .. .
အဲဒီနေ့က ကျွန်တော်ရဲ့ အလုပ်က ညနေ ၃ နာရီဆိုပီးနေပြီ ဒါကြောင့်
ညနေ အလုပ်သိမ်းတာနဲ့ ရေမိုးချိုးလိုက်တယ် ... နောက် အသင့်
ခေါက်ထားတဲ့ အနက်ရောင် အင်္ကျီလေးကို ဝတ်ပြီး ကျောပိုးအိပ် အနီ
ရောင်လေးကို လွယ်ကာ အိမ်ကထွက်ခဲ့တယ်။ အောက်ရောက်တော့
ဆိုင်က အစ်ကိုက ဖုန်းလာတယ် " ညီလေးရေ မရောက်သေးဘူးလားတဲ့"
အစ်ကိုက စိတ်ပူတာနဲ့တူတယ်ဗျ ညီခုပဲ Taxi စောင့်နေတာ အစ်ကိုရ
ညီလေး အမြန်ဆုံး လာမှာပါ " နည်းနည်းတော့ နောက်ကျမယ်နော် အစ်ကို
ဟု ကျွန်တော်ပြောပီး Taxi ကိုစောင့်နေတယ်ခဏကြာတော့ Taxi လာလို့
တမန်မီတာ( ကားဂိတ် ) ကို ကားစီးလိုက်တယ် ...

နောက် လူကူးတံတားကနေ ဘယ်ဖက်လမ်းမကို ကူးပြီး ကာဂျန်းကား
U 40 အလာကို စောင့်နေလိုက်တယ် ၁၀ မီနစ်လောက်ကြာတော့ကားလာ
ပါပြီ ကားပေါ်တက်လိုက်တယ် ကားဂိတ်ရောက်တော့ ကားပေါ်ကနေ
ဆင်းပြီး အစ်ကိုဆီ ဖုန်းဆက်ရတာပေါ့ " အစ်ကို ညီလေးတော့ရောက်နေ
ပြီဗျ အစ်ကိုတို့ရဲ့ ဆိုင်ကဘယ်နေရာမှာလဲ မေးရတာပေါ့ဗျ ဆိုင်က ဒီနေ့မှ
အသစ်ဖွင့်တယ်ဆိုတော့ လေ ကျွန်တော်လည်း မသိဘူးဗျ ....
နောက် အစ်ကို လာခေါ်ပါတယ် ... ဆိုင်က ကာဂျန်းကားဂိတ် နေရာပဲဗျ
ဆိုင်ခန်းက ၃ ထပ်မှာဖွင့်ထားပါတယ် ... ဆိုင်နေရာက အရမ်းကိုစည်တာ
အပ်ါထပ်၃ ထပ်မှာဆိုတော့ မြန်မာတွေအတွက် ပိုပြီး လွတ်လပ်တယ်လေ
နောက် ပိုပြီးလည်း အဆင်ပြေတာပေါ့ ဆိုင်ထဲမှာက လူတွေက များလိုက်
တာဗျ .... အစ်မလည်း မနက်ကတည်းက လူတွေကျနေတာ ပြောတယ်
အစ်မလည်း အရမ်းပင်ပန်းနေပြီ နဲ့တူတယ် ဒါပေမဲ့ အစ်မကတော့ ပျော်
နေတယ်လေ။ ရည်ရွက်ချက် အောင်မြင်တယ်ဆိုတော့ ဘယ်လောက်ပဲ
ပင်ပန်းပါစေ အစ်မရဲ့မျက်နှာကတော့ အမြဲတမ်းပြုံးနေဆဲပါပဲ ...
ဒီနေ့ ဆိုင်က အသစ်ဖွင့်တယ်ဆိုတော့ အစ်မတော့ ပျော်နေမှာပါ နော်
မောင်လေးတောင်မှ တော်တော် ပျော်နေတာမမရဲ့ အစ်မလည်း ပျော်တယ်
မောင်လေးရေ ... နောက် စကားတွေ ခဏလေးပြောဖြစ်တယ် နောက်အစ်မ
ကလက်ဖက်ထမင်းနဲ့အအေးတိုက်တယ် ( အစ်မရဲ့ လက်ရာလေးကကောင်း
လို့လေ) နောက်စကားတွေ ခဏလေးပြောဖြစ်တယ် ည ၉း၃၀ နာရီကြတော့
ကာဂျန်းက ကျွန်တော့်သူငယ်ချင်းတွေဆီ သွားရသေးတယ် ..............
ဒါနဲ့လိပ်စာပေးရဦးမယ် ....
တကယ်လို့ ကာဂျန်းကိုရောက်ခဲ့ရင် ကားဂျန်းကားဂိတ်နားမှာရှိတဲ့
အစ်ကိုရဲ့ အစ်မတို့ရဲ့ ဆိုင်လေးကို ဝင်ရောက်အလည်သွားကြဖို့ ပြောပါရစေ
နော် စကားကောင်းနေတာနဲ့ ဆိုင်နာမည်ပြောဖို့ မေ့နေတယ် ဆိုင်နာမည်
က ဇေယျာထက် နော် ... နောက် သူငယ်ချင်းရောက်ရင် ဝင်လည်လို့ ရတာ
ပေါ့ ဆိုင်က အစ်ကိုရော အစ်မပါ ကြိုဆိုပါလျှက်ရှိပါတယ်ဗျ ....
လိပ်စာလေးက
No.40 , 2nd Floor, Jln Besar 43000 Kajandg, Selagor
ကာဂျမ်း ကေအယ် ကားဂိတ် အနီး Number One ဖိနပ်ဆိုင် အပေါ်ထပ် နော် ...
( မှားမှာစိုးလို့ပါ )

အစ်ကိုဝင်းမင်းဦး အစ်မ မစုစုလှိုင် ရဲ့ ဆိုင်ဖွင့်ပွဲ သို့ အမှတ်တရ
ညီလေး ( မောင်လေး )
နေဇော်လင်း
ကျေးဇူးတင်ပါသည် ....
1 comments:
ဆိုင်ဖွင့် ပွဲမှာ .. လာစားသွားပါတယ်..
Post a Comment