Home » , » ဖူးစာရှင်လေး ဆိုက်မှ ဆုဂျေ နှင့် တွေဆုံမေးမြန်းချက် အင်တာဗျူး အစီအစဉ် ...

ဖူးစာရှင်လေး ဆိုက်မှ ဆုဂျေ နှင့် တွေဆုံမေးမြန်းချက် အင်တာဗျူး အစီအစဉ် ...

Written By မောင်စေတနာ on Saturday, August 6, 2011 | 8:02:00 PM

http://api.ning.com/files/2fLyYxUIzrj3wfF2bngRQUfFaUkX1IzWnMcthPxYI*LL-jaV8lL9Ab4AJqRBw81pCvkxmB2EmSyZ1SqwefLBuEcRUtXgM3i7/13.gif

အားလုံးပဲ မင်္ဂလာပါ ခင်ဗျား။

သုတ ရသ ဝါသနာရှင် စာပေ ရေးသားပေးနေသူ ဘလော့ကာ ညီမလေး တစ်ယောက်ကို တွေ့ထားပါတယ်။ သူက ဘယ်သူလဲ ? ဘယ်ကလဲဆိုတော့ ? သူက ဖူးစာရှင်လေးဆိုက်က ဆုဂျေ ဆိုတဲ့ ညီမလေး တစ်ယောက်ပါ။

စာရေးဆရာမ တစ်ယောက် မဟုတ်ပေမဲ့ သူ့ရဲ့ စာပေအရေးအသား လေးတွေက လူငယ်တွေ အတွက် လက်တွေ့အသုံးဝင်ပြီး အရေးပါ အရာရောက် လှပါတယ်။ သူ့အကြောင်းကို စာဖတ်သူများ သိချင်ကြမှာပါ။ ဒီတော့ စာဖတ်ပရိတ်များ သိအောင် အင်တာဗျူးလေး မေးကြည့်မယ်ဗျာ ...

ကဲ ... စမေးပါပြီ ....

မေး = ညီမလေး နာမည်လေးက

ညီမလေး နာမည်က ဆုဂျေပါ အကို ...

မေး = ညီမလေး အသက်က ဘယ်လောက်ရှိနေပြီလဲ ?

20 ပြည့်ခဲ့ပါပြီ ရှင် ...

မေး = အခု ညီမလေး ဘယ်မှာနေတာလဲ။

နေပြည်တော်မှာပါ အကို

မေး = ညီမလေး ဘာအလုပ်လုပ် ပါသလဲ။

ဟုတ်အကို ... ညီမလေးက အထက်တန်းပြ ဆရာမလေး တစ်ယောက်ပါရှင်...

မေး = ပညာအရည်အချင်းကရော။

ဟုတ် ... BA(Eng), BEd နဲ့ MEd (ELT) ရထားပါတယ် အကို ...

မေး = ညီမလေးမှာ မွေးချင်း ဘယ်လောက်ရှိပါသလဲ ?

ညီမလေး တစ်ယောက်ရှိပါတယ် အကို

မေး = မိဘတွေ နာမည်နဲ့ အလုပ်အကိုင် ကရော ...

ဖေဖေ ဦးဝင်းဆောင် နဲ့ မေမေ ဒေါ်သွယ်သွယ်ဝင်း ပါအကို .. . ဖေဖေကတော့ ... အထက်တန်းပြ ဆရာကြီးပါ။ မေမေကတော့အိမ်မှာ မူကြိုကျောင်းလေး ဖွင့်ထားပါတယ် အကို

မေး = ဘယ်တုန်းက အွန်လိုင်းကို စသုံးဖြစ်တာလဲ ?

ညီမလေး MEd ကျောင်းသူဘ၀ကပါ အကို .. တီချာတွေက အင်တာနက်ကနေစာတွေရှာခိုင်းတယ်လေ။ Thesis တွေလုပ်ရင်လည်း အင်တာနက်ကနေပဲ Data တွေယူရတယ်လေ။ နောက်ပြီး သူများနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းနဲ့ မိမိနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းတွေကို နှိုင်းယှဉ်ခိုင်းတာဆိုတော့လေ။ ဒါ့ကြောင့်အကို့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်နှစ် လောက်ကစပြီး အွန်လိုင်းသုံးဖူးခဲ့တာပါ အကို ...

မေး = ညီမလေး က ဖူးစာရှင်လေးဆိုက်ရဲ့ ဘာလော့ရေးသူ ဆို တော့ ဘယ်လိုစာတွေကို ဦးစားပေးပြီး ရေးဖြစ်လဲ ...

ဟုတ် ... ဖူးစာရှင်လေး ဆိုက်ကို ၀င်လာဖြစ်တာက ကိုဂျွန်ဖြိုးကို လေးစားချစ်ခင်စိတ်တစ်ခုတည်းနဲ့ လာဖြစ်သွားတာပါအကို ဆိုက်တိုင်းလိုလိုက ကောင်းပေမယ့် မိသားစုလိုနွေးထွေးမှုအပြည့်အ၀ပေးတဲ့ ဖူးစာရှင်လေးမှာပဲ ဆုဂျေပိုစ့်တွေ ရေးသားဖြစ်ပါတယ်အကို ဆုဂျေအိမ်လေး ဆိုရင်လည်းမမှားပါဘူး အဓိကကတော့ Creater လည်းဖြစ် အကိုဆိုလည်းဟုတ်တဲ့ ကိုဖြိုး ကြောင့်ပါရှင် ...

မေး = ညီမလေး ရေးသားတဲ့ ပိုစ့်တွေ ဘယ်လောက်ဖြစ်သွားပြီးလဲ ?

အခု လောလောဆယ်အထိတော့ ပိုစ့်ပေါင်း 200 နီးပါး ရှိနေပါပြီ အကို ...

မေး = သုတ ရသ စာတွေ ရေးတာ ညီမလေး ဘယ်လိုစာတွေ ရေးဖြစ်လဲ ... ဥပမာ စိတ်ခံစားမှု တစ်ခုခုပေါ့။

ဟုတ်ကဲ့ ... ညီမလေး ရေးဖြစ်တဲ့ စာကတော့ လူငယ်တွေအတွက် အသိလေးတွေ တိုးစေချင်တဲ့ စေတနာနဲ့ ညီမလေး ကိုယ်တွေ့လေးတွေ ဖတ်မှတ် ထားတဲ့ဖြစ်ရပ်လေး တွေကိုပြန်သုံးသပ်ပြတာ မျိုးလေးတွေ ရေးဖြစ်ပါတယ်အကို နောက်ပြီး လူသားတိုင်း စိတ်ဝင်စားတဲ့ အချစ်အလွမ်းနဲ့ ဘ၀ဒသန ကဗျာလေးတွေကို ရေးသားဖြစ်ပါတယ် အကို...

မေး = ညီမလေး ရေးဖြစ်တဲ့ ပိုစ့်တွေက လူငယ်တွေအတွက် အသိပေး ပိုစ့်တွေ တော်တော်များများတွေ့ရပါတယ်။ စာဖတ်သူ လူငယ်တွေအတွက် ဘယ်လို အသုံးချ အသုံးဝင်လိမ့်မယ်လို့ ညီမလေး ထင်ပါလဲ ...

ဟုတ်ကဲ့ ... သုတပဲဖြစ်ဖြစ် ရသပဲဖြစ်ဖြစ် စာဆိုရင်တော့ အကုန်ကောင်းတာချည်းပါပဲ။ ညီမလေးဆို ရှစ်တန်းလောက်ကတည်းက အချစ်ဝတ္ထုတွေဖတ်တယ်လေ မေမေကတော့ ငယ်ငယ်လေးနဲ့ အချစ်အကြောင်းတွေဖတ်တယ်ပေါ့။ပြောချင်တယ်လေ ဖေကြီးနဲ့ တိုင်တယ်။ ဖေကြီးကခွင့်ပြုတယ်လေ သမီးကြီးက ယူသင့်တာကိုယူပြီး ပယ်သင့်တာကို ပယ်တတ်မယ်လို့သူယုံကြည်တယ်တဲ့လေ အတုခိုးမှားတယ်။ မမှားဘူးဆိုတာကလည်း စာဖတ်သူအပေါ် မူတည်ပါတယ်အကို ဒါ့ကြောင့် ညီမလေးအမြင်တစ်ခုတည်းနဲ့ ပြောရရင်တော့ ဘာစာပဲဖြစ်ဖြစ် အကုန်ကောင်းပါတယ်အကို အယူမမှားဖို့ပဲ အရေးကြီးတယ်လေ ညီမလေး အားသန်တာကတော့ အခုညီမလေးရေးနေတဲ့ စာပေလိုင်းလေးပေါ့အကို ...

http://api.ning.com/files/qXMrpaDW2JuTETmrKWjzl5jJTTTl6z*YhPcdse5s*bnbUEOCvsuiQtVifYqHq7UQow9eeVEy0n5D4N*fpv0KYJ2g7-2DgaSR/hsujlay.gif

မေး = ညီမလေး ရေးဖြစ်တဲ့ ပိုစ့်တွေနဲ့ ပက်သက်ပြီး ညီမလေး ရင်ထဲက နှစ်သက်တဲ့ ပိုစ်တွေ ရှိရင် ပြောပြပေးပါလား ...

ဒါကတော့ အကိုရယ်။ ညီမလေး စေတနာပေါ့နော် ... သူတို့တွေအတွက် ဘယ်လောက်ထိအသုံးဝင်မယ်မ၀င်ဘူး ဆိုတာတော့ ခံယူ ကျင့်သုံးတဲ့ပေါ်မှာ မူတည်တယ်လေ ဟုတ်တယ်မလား ... စာရေးသူက ဘယ်လောက်ပဲ ပြောနေနေ မခံယူဘူး မကျင့်သူံးဘူး ဥပမာ ... ညီမလေးရေးခဲ့တဲ့ **နေရာတိုင်း မိဘစကား နားထောင်ဖို့လိုမလား** ဆိုတဲ့ပိုစ်လေးဆို စာဖတ်သူတွေ နားလည်မှုမှန်တာ တွေ့ရသလို ကွဲတာလည်း တွေ့ခဲ့ရတယ်အကို ညီမလေး ထောက်ပြတာက မိဘတိုင်းဟာသားသမီးအပေါ်မှာ စေတနာထားတာမှန်ပါတယ်။ တစ်ခါတစ်လေမှာ စေတနာကြောင့်ဖြစ်လာတဲ့ အမှားတွေတွေ့ရပါတယ်။ မိဘက မမြင်နိုင်တဲ့ကိစ္စတွေကို သားသမီးတွေ မြင်နိုင်တာလည်းရှိကောင်းရှိပါမယ်။ ညီမလေး ပြောချင်တာကလေ မိဘပြောတိုင်း မှားမှား မှန်မှန် ခေါင်းညိတ်တာထက် မိမိဖြစ်သင့်ဖြစ် ထိုက်တာကို တိုင်ပင်ဆွေးနွေးစေချင်တာပါ။

ညီမလေးရဲ့မိဘတွေကလည်း အဲလိုနည်းလေး နဲ့ပဲ Control လုပ်ပါတယ်အကို ဒါ့ကြောင့်လည်း အောင်မြင် ပျော်ရွှင်တဲ့ မိသားစုဘ၀လေး ရနေခဲ့တာပါ။ သူငယ်ချင်းတွေကိုလည်း အဲလိုဖြစ်စေချင်တဲ့ စေတနာနဲ့ ရေးလိုက်တာပါ။ တစ်ချို့ မိဘကို ကလန်ကဆန် လုပ်ခိုင်းတယ်ဆိုပြီး ညီမလေးကိုဝိုင်းပြောကြတာ တွေ့ရတယ်လေ။ ဒါ့ကြောင့် ... ဘယ် Message ကို ညီမလေး ပေးတာလည်း ဆိုတာတော့ စာဖတ်သူ ယူတဲ့အပေါ်မှာ မူတည်ပါတယ် အကို ....

မေး = ညီမလေးက ကဗျာတွေ ရေးတာလည်း ကောင်းပါတယ်။ တကယ်ခံစားချက် တွေကို ရေးဖြစ်တာလား ...

ညီမလေး ကဗျာတိုင်းက တကယ်ခံစားပြီး ရေးရေးပါတယ်အကို ရင်ထဲငြိမှ ရေးဖြစ်တယ်လေ။ ညီမလေး ကိုယ်တွေ့လားဆိုတော့ ကိုယ်တွေ့ လည်းပါသလို တွေးတာတွေလည်း ပါပါတယ် အကို

မေး = ညီမလေးရေးတဲ့ ဘလော့ပိုစ့်တွေနဲ့ ပက်သက်ပြီး တစ်ခုခု အမှတ်တရ ရှိရင် ပြောပြပေးပါလား ...

ဟုတ်အကို ... ပိုစ့်တိုင်းကတော့ ညီမလေး နှလုံးသား ကိုရင်းပြီးရေးခဲ့တာ ချည်းပါပဲအကို ... အမှတ်တရ ရှိတဲ့ပို့စ်လေး တွေကတော့ ... ဇူလိုင် 19 ကို ဂုဏ်ပြူတဲ့အနေနဲ့ ညီမလေး အကိုဖြစ်တဲ့ whitelovemagician နဲ့ အတူတူရေးခဲ့တဲ့ ပို့စ်လေးပါ။ နောက်ပြီး " ခုထိလွမ်းလို့ မပြေသေးဘူးအဖေရယ် " ဆိုတဲ့ပိုစ့်လေးပေါ့။ အဲပို့စ်လေးကို ညီမလေး မျက်ရည်ကျပြီး ရေးခဲ့ရတာမို့ပါရှင် ...

နောက်ထပ် အမှတ်ရစရာရှိတဲ့ ပိုစ့်လေးကတော့ ညီမလေး ကိုယ်တိုင် Heart ထိမှ ရေးဖြစ်တာ များပါတယ်အကို အနှစ်သက်ဆုံး ဆိုတာထက် ဘ၀မှာ မှတ်မှတ်ရရ ဖြစ်နေတဲ့ ပိုစ့်လေးတစ်ခုတော့ ရှိပါတယ်အကို။ဘာလဲ ဆိုတော့ **ယုံလို့ပုံခဲ့မိတာ တရားခံကကံတရားလား** ဆိုတဲ့ ပိုစ့်လေးပါအကို ဖြစ်ရပ်မှန်လေးပေါ့။

မေး = ညီမလေးက စာရေးတာ ဝါသနာပါတယ်ဆိုတော့ ညီမလေး ဖတ်ဖြစ်တဲ့ စာအုပ်နဲ့ စာရေးဆရာတွေ နာမည်တွေကို ပြောပြပေးပါနော် ....

ဟုတ်ကဲ့ပါ .... စာကတော့ အစုံဖတ်တာများပါတယ်။ ဘာသာရေး အနေနဲ့တော့ ဆရာတော် အရှင်ဆန္ဒာဓိက နဲ့ ဦးဇောတိကရယ် နောက်ပြီး ... ဆရာတော်မေတ္တာရှင်ရွှေပြည်သာ ရေးတာတွေဖတ်ပါတယ်။ ကျန်တဲ့ ဘ၀စာပေတွေကိုတော့ ဒေါက်တာ မတင်ဝင်း တို့ ဒေါက်တာ ခင်မောင်ညိုတို့ စာအုပ်များကို ဖတ်ဖြစ်ပါတယ်။ အဂ်လိပ်စာ တိုးတက်ဖို့ကတော့ ... ရွှေသွေးဂျာနယ်ကနေ ဘာသာပြန် စာအုပ်တွေထိတော့ အားရင် အားသလိုဖတ်ဖြစ်ပါတယ်။

မေး = ညီမလေး အားကျတဲ့ ဘလော့ဂါတွေရှိရင် ပြောပြပါဦး ...

ဟုတ်ကဲ့ ညီမလေးက ဒီဆိုက်ထဲဝင်ထားတာ ဆိုတော့လေ ... ဒီဆိုက်က ဘလော့တွေပဲဖတ်ဖြစ်တယ်လေ ဖတ်ဖူးတဲ့ သူတွေထဲကမှ လေးစားမိတဲ့ ဘလော့ဂါကတော့ ကိုကကြီး ပါအကို။ ဘာလို့လဲဆိုတော့ သူ့ရဲ့ကဗျာနဲ့ပတ်သက်ပြီး သိမှတ်မှု သူရဲ့ စေ့စေ့စပ်စပ် နဲ့ စနစ်တကျ ရေးသားတတ်မှု ဝေါဟာရစကားလုံး ပြောင်မြောက်မှုတွေကို အရမ်းလေးစားမိတယ် အစ်ကို ....

မေး = အခု ညီမလေး ဖူးစာရှင်လေးဆိုက်ထဲမှာ ဘာတွေ လုပ်ဆောင် ဖြစ်လဲ ...

အင်း ... ဘာတွေ လုပ်ဆောင်ဖြစ်လဲဆိုတော့ ကိုဖြိုးကတော့ တာဝန်ခွဲ ပေးထားတာပဲလေ ဘလော့ခ်ထိန်းတဲ့ နေရာမှာရယ်။ အင်တာဗျူး အကြောင်းရယ်ပေါ့။ ညီမလေးအားတဲ့ အချိန်ဆိုရင်တော့ စာလေးတွေ ရေးရင်းနဲ့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပါတယ် အကို...

မေး = ညီမလေးကို အားပေးနေတဲ့ စာဖတ်ပရိတ်သတ် များနဲ့ ပက်သက်ပြီး တစ်ခုခုရှိနေမယ် ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြောပြပေးနိုင်မလား ...

ဟုတ်ကဲ့အကို ... မေးလို့ ပြောပြတာနော် ... ပိုစ့်နဲ့ ပတ်သက်ပြီး ဆိုတာထက် မှတ်မှတ်ရရရှိနေတဲ့ Comment လေးနှစ်ခုကို ပြောပြမယ်လေ။ တစ်ခုက ညီမလေးကို လာပြောတယ် သိလား။ ပိုစ့်တွေ ကောင်းတယ်တဲ့ ကိုယ်တိုင် ရေးတာရော ဟုတ်လားတဲ့လေ ... ရှဲဒိုး ရေးပေးတဲ့ သူရှိတယ်လို့တောင် အထင်ခံရပါတယ်။

မဟုတ်မခံတတ်တဲ့ ညီမလေးလည်း ချက်ချင်း ပြန်ပြောမိပါတယ်အကို ကိုယ်တိုင် ရေးမရေး သိချင်ရင် မြန်မာနိုင်ငံ စာစစ်အဖွဲ့မှာ ဆုဂျေ အမှတ်ဘယ်လောက်ရလဲ မေးကြည့်လို့လေ ....
နောက်တစ်ခုကတော့ ... ညီမလေးက စာရေး လို့ရှိရင် ကိုယ့်ကို ကိုယ်ဖော် မသူတော်လုပ်ရေး တတ်တယ်တဲ့လေမသူတော်လုပ်ဖို့ မပြောပါနဲ့ ... ညီမလေး ကြုံခဲ့တာလေးတွေ ကိုတောင် အရှက်ကွဲခံပြီး သိပါစေတော့ ဆိုတဲ့ စေတနာနဲ့ ရေးနေတာပါ အကို .... အဲဒီ မှတ်ချက်လေးနှစ်ခု ကိုတော့ ခုထက်ထိ မမေ့ဘူး ... သိလား ....

မေး = ညီမလေးအတွက် အပျော်ဆုံးအချိန်နဲ့ စိတ်အညစ်ဆုံး အချိန်လေး ပြောပြနိုင်မလား ?

ဟုတ် ... အပျော်ဆုံးအချိန်ကတော့ ညီမလေး လုပ်ချင်ရာလုပ်နေရ တဲ့အချိန်လေးပါ။ စိတ်အညစ်ဆုံး အချိန်ကတော့ လာကြွားနေတဲ့ စကားတွေကို နားမထောင်ချင်ပဲ နားထောင် နေရတဲ့အချိန်လေးပေါ့။

မေး = ညီမလေး စိတ်ထဲက ဘယ်လိုလူတွေနဲ့ မခင်ချင်တာ မပေါင်းသင်း ချင်တာလဲ ?

ဟုတ်ကဲ့ ... လူလူချင်း အပေါ်ယံပကာသနကို ကြည့်ပြီး အရောင်းပြောင်း ဆက်ဆံ တတ်တဲ့သူတွေ နောက်ပြီး လူလူချင်း ဟန်ကြီး တစ်ခွဲသားနဲ့ မာနကြီးနေတဲ့ သူတွေပေါ့။ နောက်ပြီး ငါ့လောက်ဘယ်သူမှ မတော်ပါဘူး ဆိုပြီး ကြီးကျယ်တတ်တဲ့ သူတွေကို လုံးဝ လုံးဝ လုံးဝ ကို မပတ်သက်ချင်တာပါ။

မေး = ညီမလေး ဘယ်လိုလူတွေနဲ့ ခင်မင် ပေါင်းသင်း မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ချင်တာလဲ ?

ညီမလေး ခင်မင် ပေါင်းသင်း ချင်တဲ့လူက လူလူချင်း လူကိုလူလို့ မြင်ပြီး အဆင့်အတန်းမခွဲပဲ တန်းတူ ဆက်ဆံတတ်တဲ့သူကို ခင်မင်ချင်ပါတယ်။

မေး = ညီမလေး နှစ်သက်တဲ့ အစားအသောက်တွေရော ဘာတွေကို ကြိုက်လဲ ?

အင်း ... ညီမလေးကြိုက်တာက ချဉ်ချဉ် စပ်စပ်ပေါ့။ ချဉ်ချဉ် စပ်စပ် ဆိုလို့ကတော့ နေရာမရွေး အချိန်မရွေး စားတတ်ပါတယ်။ ချဉ်ချဉ် စပ်စပ် ဆိုရင် ဆွဲပြီးသားပဲအကို ... ကျွေးမယ်မလား .... ဟိဟိ

မေး = ညီမလေး နှစ်သက်တဲ့ အရောင်လေးတွေကရော ....

ဟုတ် ... အရောင်က အဖြူအမဲကို အ၀တ်များတယ်။ အော် ... အစိမ်းရောပေါ့ ဆရာမ ဆိုတော့လေ။ အစိမ်းရောင်လေး ကိုလည်း နှစ်သက်တယ်။

မေး = ညီမလေးကို လက်ဆောင်ပေးတယ်ဆိုပါတော့ ညီမလေး ဘာကိုလိုချင်တာလဲ ?

i phone တစ်လုံးလောက်ဆို တော်ပါပြီ။ အဲ ... စတာနော် ... ဟိဟိ .... ညီမလေးနဲ့ ခင်မင် ပေါင်းသင်းနေတဲ့ သူတွေဆီက စစ်မှန်တဲ့ မေတ္တာတရားပေးရင်ကျေနပ် ပြည့်စုံနေပါပြီ။

မေး = အခု စာဖတ်သူများ စိတ်ဝင်စားနေတဲ့ မေးခွန်းလေးကို မေးမယ်နော်။ ညီမလေးမှာ ချစ်သူ ရှိနေပြီလား ?

ယုန်လေး နှာစေး နေတယ်နော် ... ဟိဟိ ... စာဖတ်သူများကို နောက်တာပါ။ ညီမလေးမှာ ချစ်သူရှိပါတယ်

မေး = ညီမလေးရဲ့စာဖတ်သူ မိတ်ဆွေ သူငယ်ချင်း မောင်နှမများကို အမှတ်တရ စကားလေး
ပြောပြပေးပါနော် ...


ညီမလေး ပိုစ့်တွေကို အားပေးတဲ့ သူငယ်ချင်း မောင်နှမတွေအားလုံးကို ညီမလေး အရမ်း ကျေးဇူးတင်နေတာပါ။ သူတို့ အားပေးလို့သာ... ဆုဂျေဆိုတဲ့ နာမည်လေး ရလာတာပါ။ ဒီဆိုက် လေးမှာပေါ့လေ သူတို့တွေ အားပေးထားတဲ့မှတ်ချက်လေးတွေကို ကြည့်ရင်း ညီမလေး အရမ်းပျော်မိတယ် ... ညီမလေး တစ်ခါပျော်တိုင်း သူငယ်ချင်း မောင်နှမတွေ အခါတစ်ရာပျော်ပါစေလို့ ဆုတောင်းပေးမိပါတယ်။ နောက်ပြီး အလုပ်တွေများလို့ Stress တွေရလာတိုင်းလည်း သူတို့ အားပေးတာလေး တွေတွေ့ ရရင် တန်းပျောက် သွားတယ်လေ .... ဒါ့ကြောင့် ... အားပေးတဲ့ ပရိသတ်တွေကို ညီမလေး ကျေးဇူးရှင်လို သဘောထားပါတယ်... ကျေးဇူးဆပ်တဲ့ အနေနဲ့လည်း စာလေးတွေကို မအားတဲ့ကြားက လာလာရေးနေပါတယ်အကို ...

မေး = ညီမလေးကို အားပေးနေတဲ့ စာဖတ်သူ များကို အမှတ်တရ စကားလေး ပြောပြပေးပါနော် ...

အားပေးတဲ့ စာဖတ်သူဆိုတာထက် ညီမလေးရဲ့ အကိုတွေ မောင်တွေ မမတွေ ညီမလေးတွေကို ပြောချင်တာကလေ အချိန်တိုင်း အချိန်တိုင်း ပျော်ရွှင်မှုတွေရပါစေ။ လိုအင်တွေပြည့်ပါစေ။ အလုပ်အကိုင်တွေ အဆင်ပြေပြီး မိဘကျေးဇူး ဆပ်နိုင်ကြပါစေလို့ ညီမလေး အမှတ်တရလေး ပြောပါရစေ ရှင် ...

မေး = ညီမလေး စာဖတ်သူများက ဆက်သွယ်မယ်ဆိုရင် ညီမလေး လိပ်စာလေးက

februaryhsu@gmail.com နဲ့ hsujlay@fusarshinlay.com ကိုဆက်သွယ်နိုင်ပါတယ် အကို.. နောက်ပြီး ... ဖူးစာရှင်လေး ထဲကနေလည်း ညီမလေး အိမ်လေးမှာ လာရောက် လည်ပတ်နိုင်ပါတယ်နော် ...


အခုလို မေးသမျှ ဖြေဆိုပေးသော ဖူးစာရှင်လေး ဆိုက်မှ ဘဘော့ကာ ညီမလေး ဆုဂျေ ကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျား ....

ဟုတ် ... ညီမလေးကလည်း မအားတဲ့ကြားကနေ ဆိုက်အများကြီးကို တာဝန်ယူလုပ်ဆောင်နေရတဲ့ အစ်ကို နေဇော်လင်း ကိုလည်း ကျေးဇူးတင်ပါတယ် ... ရှင် ...

အခုဆို ဖူးစာရှင်လေးက ညီမလေး ဆုဂျေ အကြောင်းတွေကို တော်တော်များများ သိပြီ ပြည့်စုံ နေပြီနော် ညီမလေးက စာအရေးအသားလည်း ကောင်းပါတယ်။ ဒါကြောင့် အချိန်တော်တော်လေးယူပြီး အင်တာဗျူးလေး လုပ်ဖြစ်တာပါ။ သူရေးထားတဲ့ သုတ ရသ စာပေလေးကို စာဖတ်သူများ အလွယ်တကူ ဖတ်နိုင်ရန် အတွက် စုစည်း တင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူများ ဝင်ရောက် လေ့လာ ဖတ်ကြပါနော် ....


၁။ကြားလေ သွေးလို့ မဝေးချင်ဘူး ကိုရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1103029

၂။ ရှင်ကလေး တကယ် ချစ်တတ်ပါပြီလား ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1096177

၃။ ဆရာမ တစ်ယောက်ရဲ့ချစ်သူ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1093421

၎။ ခုထိ အလွမ်းမပြေသေးဘူး အဖေရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1043079

၅။ တရားခံ ဘူလေးလဲ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1019215

၆။ ဆုံစည်းနေ့ လေးရောက်ပါရစေ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1006934

၇။ ပျင်းရင် ဒီကိုလာ ဒါလေးတွေရွတ်မယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1003324

၈။ ကောင်းကင်ပြာပြာ အောက်က နှလုံးသားတစ်စုံကို ပိုင်ဆိုင်တဲ့ ကောင်မလေး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1001719

၉။ ရေမြေခြားကချစ်သူဆီ
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:990380

၁၀။ အက်မင် မလေးခင်မြတ်နိးနဲ့ ဆုဂျေတို့ စကားဝိုင်း ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:989321

၁၁။ မိန်းကလေး တစ်ယောက်ရဲ့ အချစ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:951605

၁၂။ စိတ်မခိုင်ရင် ဂျီတော့ခ် မတက်စေချင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:923066

၁၃။ မင်းငယ်ငယ်က ပေါက်ခဲ့တဲ့ဂျင်လေး တစ်လုံး
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:922227

၁၄။ ဒီ ဆုတောင်းလေးဖြည့်ပေးပါ။
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:910185

၁၅။ ကျွန်မ ဒုက္ခရောက်ရတာဟာ ... ရှင့်ကြောင့်
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:896790

၁၆။ အရံလူလေးများ အတွက်လက်ဆောင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:896753

၁၇။ ဒါကြီးက ခုခေတ် အထာကြီးလားရှင့် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:881372

၁၈။ ကျွန်မရဲ့ဖြစ်ပုံက ဒီလို ဒီလို ရှင့် ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:881357

၁၉။ အချစ်ကအထုပ်နဲ့ အထည်နဲ့ ပါရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:865021

၂၀။ ဒူးနေရာဒူး .... တော်နေရာတော် လေးတော့ ၀တ်ကြပါလား မမတို့ရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:847940

၂၁။ လိုအပ်ချက်တွေပြည့်စုံဖို့ မင်းပြန်လာဖို့ လိုတယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:833090

၂၂။ ပုံပြော ကောင်းတဲ့ ကိုလူချောများ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:833100

၂၃။ ပက်လက်လှန်ပြီး တံတွေးထွေးကြည့်စမ်းပါ အချစ်ရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:819419

၂၄။ ခင်ဗျား မျက်နှာကြီး ခုထိ မသစ်သေးဘူးလား?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:809954

၂၅။ကမ္ဘာကြီးကိုဖျားအောင်လုပ်တဲ့ထဲ..သင်ပါနေပြီလား..?**
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:806454

၂၆။ နင့်မေတ္တာလမ်းလေးချဲ့ပေးနိုင်မလား..?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:794858

၂၇။ နေရာတိုင်းမိဘစကားနားထောင်ဖို့လိုလို့လား..?**
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:793705

၂၈။ ကျွန်မ ရင်ခွင်ပိုးစားနေပါပြီရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:766360

၂၉။ ကျေးဇူးပြုပြီး မေတ္တာရေလေး နည်းနည်းတိုက်ပါလားရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:766704

၃၀။ ငါးနှစ်သားလေး ဟောခဲ့တဲ့ တရားတစ်ပုဒ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:755637

၃၁။ ဟောဒီက ငရဲမင်း ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:755155

၃၂။ ဒီခံစားမှုလေးတွေအားလုံးအတွက်..ရှင့်ကိုကျေးဇူးတင်မိပါရဲ့..**
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:725312

၃၃။ ရွှေစွန်ညို ဘာကိုလိုလို့ ၀ဲပါတယ်။
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:724894

၃၄။ မိန်းမမာနလေး ထားပါရစေ ရှင်ရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:716046

၃၅။ စိတ်ကူးထဲက ချစ်သူပုံရိပ်လေး ပြောပြပါလားရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:703813

၃၆။ ဘယ်လောက် ချူချင်လို့လဲ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:702350

၃၇။ နင့်စိတ်ဘယ်လောက်တန်လို့လဲ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:688521

၃၈။ မှတ်တမ်းမှတ်ရာများအရ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:688327

၃၉။ ဘယ်ပေါက် မှန်းသိကြပါရဲ့လား .. ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:676401

၄၀။ အဲလောက် အငိုမသန်ပါနဲ့ လားရှင်ရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:676253

၄၁။ ရှုး ... တိုးတိုး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:665908

၄၂။ မြန်မာမလေးတွေ ခေတ်မီဖို့ ဘီယာ သောက်ရမတဲ့ လားရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:665408

၄၃။ တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးလိုက်ပါနော့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:625577

၄၄။ အဖေ့ကျေးဇူး သိသူတိုင်း မဖြစ်မနေဖတ်ပေး စေချင်ပါတယ်ရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:631682

၄၅။ အကြောင်း အမျိုးမျိုးကြောင့် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:625220

၄၆။ စပ်မိစပ်ရာ ကွိစိကွစ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:625004

၄၇။ သူ့ကြောင့် ကျွန်မမျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:610749

၄၈။ ဒီဘ၀ဒီမျှနဲ့ပဲ ကျေပါရစေ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:598110

၄၉။ မိန်းကလေးများ နှာခေါင်းရှုံု့ချင်မိသော ယောကျာ်းအမျိုးအစားများ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:570523

၅၀။ သမီးချစ်တဲ့ ဖေဖေ့အတွက် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:569954

၅၁။ အိုကွာ ... အားငယ်စရာလား ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:544700

၅၂။ အကြီးမလေး ရဲ့ရင်ထဲမှာ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:544665

၅၃။ ဖူးစာ အချစ်ဦးရာ စနစ်တဲ့လား ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:533736

၅၄။ ကျွန်မ သမီး ခုထိမစွံသေး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:533486

၅၅။ သင်ဘယ် နှစ်တန်းလဲ ... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:519712

၅၆။ လိုက်ပွဲလေး တောင်းပါ ရစေရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:519099

၅၇။ အချစ် ဘယ်ဈေးလဲ ... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:467828

၅၈။ ကော်ဖီပူပူလေး သောက်လိုက်ပါဦး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:467607

၅၉။ ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:458806

၆၀။ ကျွန်မသိက္ခာ ဘယ်လောက်တန်တယ် ထင်နေတာလဲ ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:458753

၆၁။ သင်နေ့ တိုင်းမှန် ကြည့်ပါသလား ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:421915

၆၂။ ဆယ်ကျော်သက် မလေးရဲ့အလွမ်း ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:421271

၆၃။ ငါ့ဘ၀ရဲ့ သခင်ကငါပဲကွ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:390216

၆၄။ ဆုဂျေ ... ကိုင်းကြီးကြီးတော့ မဟုတ်ရပါ။
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:390203

၆၅။ ရက်ရာဇာလား ... ? ပြသာဒါးလား ... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:360614

၆၆။ ကောင်ကလေးရေ ......
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:360279

၆၇။ ပေါင်ချိန် ဖူးပါသလား ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:351116

၆၈။ ဆိုးဝှတ် ... (So What?)
http://www.fusarshinlay.com/profiles/blogs/0so-what

၆၉။ သူ့ကိုတွေ့ အောင်ရှာကြည့်ကြပါနော် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:340183

၇၀။ အချစ်ကိုစိတ်ထဲမှာ မှတ် လက်ငါးချောင်းထောင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:339800

၇၁။ အိပ်ချင် ယောင်ဆောင်သူ အနှိုးရခက်၏။
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:323722

၇၂။ ပညာတတ်တွေ မိုက်နေကြတာ ခုခေတ် အထာကြီးလား ... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:323234

၇၃။ ကိုယ့်ကို ကိုယ်လက်အုပ်ချီရဲ ပါသလားရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:301037

၇၄။ "ခ"ခွေး"ယ"ပင့်"စ"သတ် "ချစ်..."တဲ့လား ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:300238

၇၅။ ဟဟ ... ဝေးသေး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:286310

၇၆။ တပည့်လေးက ဆရာကိုပြန်ဆုံးမခဲ့သော ဖြစ်ရပ်လေး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:286117

၇၇။ လောကဇာတ်ခုံပေါ်က ငတက်ပြားများ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:265991

၇၈။ လွမ်း ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:265972

၇၉။ ပုခက်လွှဲ သောလက်များ ပုခက်ကြိုး မဖြတ်မိကြစေချင်ပါ။
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:255037

၈၀။ ကောင်းကင်အောက်က မလွမ်းပို ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:254252

၈၁။ ဖူး စာ ရှင် လေး သို့ ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:254183

၈၂။ ၀ ... ထ ... က ... လ ... သ ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:244038

၈၃။ ကျားတော့ ကျား ... ဒါပေမယ့် ... ဖွတ်ကျား ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:243808

၈၄။ မောင် ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:243504

၈၅။ သင့်အသက်ကို ဘာဖက်နဲ့ ထုပ်ထားတာလဲ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:233767

၈၆။ face Book အကောင့်လေးတွေ ဖလှယ်ကြပါစို့ ...
http://www.fusarshinlay.com/profiles/blogs/face-book

၈၇။ ခင်ဗျားကို ကျုပ်မကြောက်ဘူး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:233534

၈၈။ မြတ်စွာဘုရား မွေးနေ့မှာ သင်ဘာမွေးနေ့ လက်ဆောင်ပေး ခဲ့ပြီးပြီလဲ ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:224433

၈၉။ နံရိုးရှာ နေတဲ့လက် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:214789

၉၀။ နှစ်ခုထဲက ဘယ်တစ်ခုကို ဦးစားပေး ရွေးမလဲ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:214561

၉၁။ ကျွန်မဘ၀၏ သူရဲကောင်းများ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:214278

၉၂။ ဆုဂျေကို အင်တာဗျူးကြည့်ခြင်း ....

http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:208846

၉၃။ ဟင့်အင်း ... ကျွန်မရူးမှာ ကြောက်တယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:208744

၉၄။ အရှက်လုံပါရဲ့လား ... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:199572

၉၅။ ဆုဂျေ ခေါင်းစားနေသော ပုစ္ဆာ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:199746

၉၆။ ဒီနေရာလေးက နင့်ကို စောင့်နေတယ်နော် ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:184411

၉၇။ သေမင်းက အကောင်းကြိုက်လှချည်လားရှင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:184223

၉၈။ နည်းနည်း ဈေးလျော့ပေးပါချစ်သူ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:168269

၉၉။ ပွင့်သော ပန်းတိုင်း မွှေးစေချင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:168347

၁၀၀။ သေးသေး လား ကြီးကြီး လား .... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:168146

၁၀၁။ သားလေးအသက်ကို အသက်နဲ့ရင်းပြီး ကာကွယ်သွားသော
မိခင်တစ်ယောက်ကြောင့် လူပေါင်းများစွာ မျက်ရည်ကျခဲ့ရ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:150889

၁၀၂။ မျော့မျော့လေးပါပဲ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:132141

၁၀၃။ စာနာပါကွယ်ချစ်သူ
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:129957

၁၀၄။ သတိ ... မချစ်တတ်သူ မဖတ်ရ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:129639

၁၀၅။ ခေတ်သစ် သူဘဒ္ဒါ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:120272

၁၀၆။ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ ကစားကြရအောင် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:120309

၁၀၇။ နှစ်ခါ အနာခံချင်လို့လား ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:102356

၁၀၈။ အရှင် လတ်လတ် အလွမ်းဖြေပါရစေ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:93659

၁၀၉။ မင်းရဲ့ပြက္ခဒိန် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:92729

၁၂၀။ ကွက်ကျား မိုးရွာခဲ့တာလား ... ဘိုးတော်ရယ်
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:92620

၁၂၁။ ရင်နှင့် ရေးသော ကဗ္မည်း ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:88702

၁၂၂။ အချစ်ဘယ်ကစ အာဒံနဲ့ ဧ၀ကစ ...
အမေများနေ့ ဘယ်ကစ .... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:88067

၁၂၃။ မျော်လင့်ရင်းနဲ့ ရူးချင်ပြီ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:83384

၁၂၄။ စွယ်တော်ရွက် ချစ်သူလေး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:8337209

၁၂၅။ မြို့က ကျုပ်သားတွေကို ခေါ်သွားကြတယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:83638

၁၂၆။ တိတ်တခိုးနဲ့ ကျိတ်ပိုးမိသူ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:80313

၁၂၇။ သင့်ကြောင့် မီးမလောင်ပါစေနဲ့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:76893

၁၂၈။ ဖေဖေနဲ့မေမေသို့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:72689

၁၂၉။ ငါ့ထိုက်နဲ့ငါ့ကံပေါ့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:71939

၁၃၀။ မင်းကို သိစေချင်လိုက်တာ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:71480

၁၃၁။ ဖေဖေ ကျွေးတဲ့ ဘဲဥ တစ်လုံး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:71820

၁၃၂။ ဆင်ဆာ ... ဆင်ဆာ ... အော် ... ဆင်ဆာ ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:65101

၁၃၃။ လက်ာဒီပ အချစ်သူရဲကောင်းကြီးရဲ့ ဘိသိတ်ပြိုင်ပွဲ အကြောင်း ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:64793

၁၃၄။ အကြည်တော်က လမင်းဘယ်လိုဖမ်းမလဲ ပြောပြခဲ့ပါတယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:56094

၁၃၄။ ခပ်ပြင်းပြင်းလေး ခေါက်ကြည့်ပါလား သူငယ်ချင်းတို့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:53108

၁၃၅။ သမီးကို ခွင့်ပြုပါ မေမေ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:40246

၁၃၆။ သက်ြန်တစ်ခု၏ မလွမ်းပို ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:40228

၁၃၇။ အလှူလုပ်ပြီး ဒယ်အိုးသွား မလို့လား .... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:40034

၁၃၈။ အမေ့ ကွက်လပ်ကလေး တကယ်ဖြည့် ပေးချင်တာလား ... ?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:40007

၁၃၉။ ပန်းပွင့်များ ကပေးတဲ့ပြစ်ဒဏ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:32109

၁၄၀။ သူငယ်ချင်းလေး ထံပေးစာ .... (၁)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:31771

၁၄၁။ သူငယ်ချင်းလေး ထံပေးစာ .... (၂)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:34305

၁၄၂။ သူငယ်ချင်းလေး ထံပေးစာ .... (၃)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:36407

၁၄၃။ သူငယ်ချင်းလေး ထံပေးစာ ... (၄)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:39733

၁၄၄။ သူငယ်ချင်းလေး ထံပေးစာ .... (၅)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:52583

၁၄၅။ သူငယ်ချင်းလေး ထံပေးစာ ... (၆)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:56608

၁၄၆။ သူငယ်ချင်းလေး ထံပေးစာ ... (၇)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:80303

၁၄၇။ သူငယ်ချင်းလေး ထံပေးစာ ... (၈)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:102089

၁၄၈။ သူငယ်ချင်းလေး ထံပေးစာ ... (၉)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:120504

၁၄၉။ သူငယ်ချင်းလေး ထံပေးစာ ... (၁၀)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:130828

၁၅၀သူငယ်ချင်းလေးထံပေးစာ ... (၁၁)
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:148330

၁၅၁။ ခရီး
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:23751

၁၅၁။ သိန်း တစ်ထောင်တန်ခြေလှမ်းများ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:22791

၁၅၂။ ပလိုင်း ပေါက်နဲ့ ဖားကောက်မိသူ ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:21722

၁၅၃။ အုံ့ပုန်းလေး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:21574

၁၅၄။ ဗီလိန်နဲ့တူတဲ့ Connection ...
http://www.fusarshinlay.com/profiles/blogs/connection-1

၁၅၅။ ဟုတ်ကဲ့ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:17133

၁၅၆။ On Line ချစ်သူလေးသို့ ....
http://www.fusarshinlay.com/profiles/blogs/on-line-1

၁၅၇။ မရှိမဖြစ် ဖေဖေ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:5502

၁၅၈။ တက်သစ်စအဆိုတော်လေး MC ဝေလင်း နဲ့ အင်တာဗျူး ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:581146

၁၅၉။ သူငယ်ချင်းတို့ရဲ့ နာမည်ပြောင်က ဘာတဲ့လဲ ... ?
http://www.fusarshinlay.com/forum/topics/6384739:Topic:910642

၁၆၀။ သင့်ဖူးစာရှင်လေး မွေးနေ့လေးမှာ ... သင်ဘာပေးမလဲ ... ?
http://www.fusarshinlay.com/forum/topics/6384739:Topic:599012

၁၆၁။ ဖူးစာရှင်လေးထဲမှာ .... သင့်အချစ်ဆုံးသူ ဘယ်သူလဲ ... ?
http://www.fusarshinlay.com/forum/topics/6384739:Topic:266241

၁၆၂။ အဖေဆိုတာ တစ်ခါတုန်းက သားသမီးပါပဲ ...
http://www.fusarshinlay.com/forum/topics/6384739:Topic:533434

၁၆၃။ မန်ဘာ သူငယ်ချင်းတိုင်း မဖြစ်မနေဖတ် ပေးကြပါရန် ...
http://www.fusarshinlay.com/forum/topics/6384739:Topic:102634

၁၆၄။ နိုင်ငံတော်အလံကို အလေးပြုမိလို့ အလှောင်ခံခဲ့ရတဲ့ ကောင်မလေး ...
http://www.fusarshinlay.com/forum/topics/6384739:Topic:7776

၁၆၅။ သင့်ဘ၀မှာ တန်ဖိုးအထားဆုံး အရာက ဘယ်ဟာဖြစ်မလဲ ...
http://www.fusarshinlay.com/forum/topics/6384739:Topic:800

၁၆၆။ အနာခံတိုင်း အသာစံရလို့လား ...
http://www.fusarshinlay.com/forum/topics/6384739:Topic:25053

၁၆၇။ သစ်ရွက်ကြွေ ကလေးကပေးတဲ့ သက်ြန်အတွေး ...
http://www.fusarshinlay.com/forum/topics/6384739:Topic:20866

၁၆၈။ မတောင်းအပ်သလို လုံးဝမပေးအပ်တဲ့ မွေးနေ့လက်ဆောင် ...
http://www.fusarshinlay.com/forum/topics/6384739:Topic:16873

၁၆၉။ ချစ်သူကို သ၀န်တိုသင့်လား မတိုသင့်ဘူးလား ဆွေးနွေးကြည့်ကြပါစို့ ...
http://www.fusarshinlay.com/forum/topics/6384739:Topic:15108

၁၇၀။ မိန်းကလေးများသည် ယောကျာ်းလေးများထက် ပို၍ သစ္စာရှိရှိချစ်ကြပါ၏ ...
http://www.fusarshinlay.com/forum/topics/6384739:Topic:11142

၁၇၁။ ချစ်သူကို နှလုံးသားနဲ့ ရွေးမလား ဦးနှောက်နဲ့ ရွေးမလား ဖြေကြည့်ပေးနော့
http://www.fusarshinlay.com/forum/topics/6384739:Topic:7760

၁၇၂။ Facebook သုံးသူတိုင်းမဖြစ်မနေ သိထားသင့်တဲ့ အချက်လေးပါ ...
http://www.fusarshinlay.com/forum/topics/facebook-1

၁၇၃။ Blogger သက်ပိုင်ရဲ နှင့် စကားဝိုင်း ...
http://www.fusarshinlay.com/forum/topics/blogger-0

၁၇၄။ အက်(ဒ်)မင် ... Unknown Kaunglay နှင့် စကားဝိုင်း ...
http://www.fusarshinlay.com/forum/topics/unknown-kaunglay-0

၁၇၅။ သူငယ်ချင်းတို့ရေ..ဘယ်တော့မှ နောက်မကျသေးပါ ဘူးနော် ...
http://www.fusarshinlay.com/forum/topics/6384739:Topic:2703

၁၇၆။ မနက်ဖြန်ကို စောင့်မနေပါနဲ့ (လူငယ်များအတွက်)
http://www.fusarshinlay.com/forum/topics/6384739:Topic:2586

၁၇၇။ သင့်ဘ၀မှာ တန်ဖိုး အထားဆုံးအရာက ဘယ်ဟာဖြစ်မလဲ ....
http://www.fusarshinlay.com/forum/topics/6384739:Topic:800

၁၇၈။ ယုံလို့ပုံခဲ့မိတာ တရားခံက ကံတရားလား ...?
http://www.fusarshinlay.com/forum/topics/6384739:Topic:1537

၁၇၉။ ငါ့နှလုံးသားရဲ့ ရာသီဥတု အခြေအနေ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1228656

၁၈၀။ လူကြီး လူကောင်းလား ... လူကြီး လူမကောင်းလား ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1228951

၁၈၁။ လေးစားမိပါတယ် ကလေးလေးရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1214035

၁၈၂။ မောင်တို့ယောကျာ်းတွေရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1213089

၁၈၃။ လက္ခဏာဆရာက ပြောတယ် ရှင်ရယ် ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1201917

၁၈၄။ သတိ ... မျက်နှာများ သူများသာဖတ်ရန် ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1132105

၁၈၅။ သိမှ သာမယ့် သိသိသာသာ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1131862

၁၈၆။ တကယ်လို့များ တစ်နေ့နေ့မှာ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1118744

၁၈၇။ မသိမသာ မသိတဲ့မသာ ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1118461

၁၈၈။ ရှင် မတ်တပ် ရပ်နိုင် ရဲ့လား ...?
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1279208

၁၈၉။ အီးငါးလုံးရှောင် အိုတောင် မဆင်းရဲ ...
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1279373

၁၉၀။ ညီမလေးဆုဂျေနဲ့ အဖေ့ကျေးဇူး အောက်မေ့မိခြင်း ....
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:925943

၁၉၁။ နောက်ဘယ်တော့မှ...G-Talk မတက်ဘူး ...
http://www.fusarshinlay.com/profiles/blogs/g-talk-3


http://api.ning.com/files/ZsozI6F9yGXdy0BjK6pKUryKwHMILQ7suKkTzoVuVs6oY2HZMoSPS2n1gsNSQ6wxAflkMZ2NC*xHw94AdAi-GsGvpsZ*4HFA/12.gif

အင်တာဗျူး အတွက် မေးသမျှကို ဖြေဆိုပေးသော ညီမလေး ဆုဂျေ လိုအပ်သော ကိစ္စများကို ကူညီပေးသော ဖူးစာရှင်လေးမှ ကိုဂျွန်ဖြိုး တို့အား အထူး ကျေးဇူးတင်ပါသည်။

စာဖတ်သူ မိတ်ဆွေများကို ခင်မင် လေးစားလျှက်



နေဇော်လင်း
8.6.2011 - 9:32 PM
www.nayzawlin1.com
www.nayzawlin1.org
nayzawlin1@gmail.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။