Home » » မလေးရှားဗီဇာ လျှောက်ထားသူ များပြားခြင်းကြောင့် ရရှိရန်ခက်ခဲဟုဆို

မလေးရှားဗီဇာ လျှောက်ထားသူ များပြားခြင်းကြောင့် ရရှိရန်ခက်ခဲဟုဆို

Written By မောင်စေတနာ on Monday, June 6, 2011 | 12:35:00 AM



မလေးရှား သံရုံးတွင် ပြည်ဝင်ခွင့် (ဗီဇာ) လျှောက်ထားသူ နေ့စဉ် ၃၀၀ ကျော် ရှိနေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း မလေးရှား သံအမတ်ကြီးက ပြောသည်။

တစ်နေ့လျှင် ဗီဇာအတွက် လူဦးရေ ၃၀၀ ကို လက်ခံ ဆောင်ရွက်လျက်ရှိပြီး လက်ရှိ သံရုံးလူအင်အားဖြင့် ည ၇ နာရီမှ ၈ နာရီထိ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။ “ဗီဇာ အခက်အခဲကို လက်ခံပါတယ်။ သံရုံးက ခက်ခဲစေချင်တာ မဟုတ်ပါဘူး။ သံရုံးမှာ လူအင်အား မမျှလို့ပါ။ ဒါတွေ မကြာခင် ပြီးတော့မှာပါ။

မလေးရှားက အရာရှိတွေ ထပ်ရောက်လာတော့မယ်။ မြန်မာဝန်ထမ်းလည်း ထပ်ခန့်မယ်။ ဒါ ယာယီပြဿနာပါပဲ” ဟု သံအမတ်ကြီး Dato' Mazlan Muhammad က သတင်းထောက်များအား ပြောသည်။ လက်ရှိပြင်ပ၌ သတင်း ထွက်ပေါ်နေသည့် မဲနှိုက်နေရသည်ဟူသော အကြောင်းအရာသည် သံရုံးနှင့် မည်သို့မှ သက်ဆိုင်မှု မရှိကြောင်း၊ အလုပ်အကိုင် အေးဂျင့်များက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုသံရုံးက တစ်ရက်လျှင် လူမှုရေးဗီဇာ လျှောက်ထားသူ ၁၀၀ ဦးနှင့် အလုပ်သမားဗီဇာ လျှောက်ထားသူ ၂၀၀ ဦးသာ တစ်ပတ်လျှင် ၄ ရက်နှုန်းဖြင့် မတ်လ ၁၈ ရက်မှ စတင်သတ်မှတ် ထုတ်ပေးခဲ့သည်။

Source by :http://www.mmbloggers-malay.co.cc/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။