Home » » ကင်ဆာ ရောဂါ - ကာကွယ် သတိပြုပါ ...

ကင်ဆာ ရောဂါ - ကာကွယ် သတိပြုပါ ...

Written By မောင်စေတနာ on Monday, June 6, 2011 | 6:10:00 PM


photo : http://cancerous-moles.com/

ကင်ဆာ ကာကွယ်ရေး နည်းလမ်း (၉) ချက်မှာ………

1. မိမိကိုယ်ခန္ဓာကို ကျန်းမာသော ကိုယ်အလေးချိန်အတွင်း ထိန်းသိမ်းထားပါ။

2. ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်မှန်မှန်လုပ်ပါ။

3. ဆေးလိပ်မသောက်ပါနှင့်။

4. ကျန်းမာရေးနှင့်ညီညွတ်မျှတစွာ နေထိုင်စားသောက်ပါ။

5. အရက်လုံးဝမသောက်ပါနှင့်။

6. ဗီတာမင်အားဆေးကို တစ်နေ့တစ်လုံးမှန်မှန်သောက်ပါ။

7. နေရောင်ခြည်နှင့်ကြာရှည်စွာ တိုက်ရိုက်မထိတွေ့ပါစေနှင့်။

8. လိင်အင်္ဂါမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ မကူးစက်အောင် ကာကွယ်ပါ။

9. ကင်ဆာရောဂါနှင့်ပက်သက်သော ကြိုတင်စစ်ဆေးမှုများ မှန်မှန်ပြုလုပ်ပါ။

အမေရိကန်၊ အမျိုးသားကင်ဆာ ကုသဋ္ဌာန

(National Cancer Institute) မှ ကူးယူဖေါ်ပြပါတယ်။

ကာကွယ်တာဟာ ကုသတာထက် အမြဲတန်း ပိုပြီးကောင်းပါတယ်။ ရောဂါအများစုဟာ ကာကွယ်ရင်ရနိုင်ပါရက်နဲ့ မကာကွယ်လိုက်လို့ ဖြစ်သွားကြတာပါ။

ဆေးလိပ်မသောက်ပါနဲ့ လို့ပြောတာကို ခဏခဏကြားနေတာပဲ။ ဒါပေမယ့် ဆေးလိပ်ရဲ့အရသာကို နှစ်သက်ပြီးမဖြတ်နိုင်ရင် အဆုပ်နဲ့ပက်သက်တဲ့ ကင်ဆာအပါအဝင် ကင်ဆာအတော်များများကို ဖိတ်ခေါ်နေသလိုပါပဲ။

ဆေးလိပ် သမားတစ်ဦးက“ ဆေးလိပ်ရဲ့ ရသတဏှာကိုတော့ မဖြတ်နိုင်ဘူး။ လူတိုင်းက တစ်နေ့တော့သေကြတာချည်းပါပဲ။”တဲ့။ လူတိုင်းကသေကြတာ တူပေမယ့် သေပုံသေနည်းကတော့ မတူပါဘူး။

အဲဒီ ပြောတဲ့လူက ဆေးလိပ်ကြောင့် ခြေထောက်နှစ်ဖက် စလုံးကို ဖြတ်လိုက်ပါတယ်။ တစ်ဖက်ကတော့ ပေါင်းရင်းက ဖြတ်လိုက်ရတယ်။ မကြာခင်မှာပဲ လေဖြတ်တယ်။

အိပ်ယာထဲမှာ (၇- ၈နှစ်) လောက်သူအပါအဝင် မိသားစုတွေ အားလုံးဒုက္ခရောက်ပြီးမှ နောက်ဆုံးမှာ အဆုတ် ကင်ဆာနဲ့ သေသွားရတယ်။

ကဲ….အဲဒီလိုသေနည်း က ကောင်းလား ?

ကာကွယ်ဖို့ အာပေါက်အောင် ပြောလိုက်ရတာပဲ အဖတ်တင်တယ်။ သေချိန်မှာ အသက် ကလေးဆယ်ကျော်ပဲရှိသေးတယ်။ ကောင်းအောင် ဘယ်လိုပြောပြော တကယ်တန်းတော့ ကိုယ်ဆင်ခြင်မှရတာပါ။

ကိုယ်မဆင်ခြင်ရင် တကယ်တန်း ခံစားရမဲ့ သူကတော့ ကိုယ်ပါပဲနော်။

Reference : aungwinheinn.blogspot.com

မေမွန်ကျော်

မေးမှ ရလာသော ကျန်းမာရေး ဗဟုသုတကို ပြန်လည် ဝေမျှပါသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။