Home » » စင်ကာပူ ဒေါ်လာ ၁၀,၀၀၀ ထောက်ပံ့ကြေးရရှိမည့် MDIS Merit Scholarship အကြောင်း ဆွေးနွေးမည်

စင်ကာပူ ဒေါ်လာ ၁၀,၀၀၀ ထောက်ပံ့ကြေးရရှိမည့် MDIS Merit Scholarship အကြောင်း ဆွေးနွေးမည်

Written By မောင်စေတနာ on Monday, May 30, 2011 | 5:43:00 PM



မြန်မာနိုင်ငံရှိ ထူးချွန်ကျောင်း သား ကျောင်းသူများ အတွက် စင်ကာ ပူဒေါ်လာ ၁၀,၀၀၀ ထောက်ပံ့ကြေး ရရှိမည့် MDIS Merit Scholarship ကို လျှောက်ထား နိုင်မည့် အခွင့် အရေးများ အကြောင်းကို မေ ၂၀ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့ရှိ Park Royal Hotel ၌ MDIS School of Life Science ကျောင်းအုပ်ကြီး Dr. Lissy Vadakel က ဆွေးနွေးမည် ဖြစ်ကြောင်း သိ ရသည်။

အဆိုပါ ဆွေးနွေးပွဲ တွင် MDIS ၏ D.Sc (Hons) Bio Technology ဘွဲ့သင်တန်းနှင့် M.Sc in Health Care Management သင်တန်းများ အကြောင်း ဆွေးနွေး မည် ဖြစ်ကြောင်း၊ ထိုဘွဲ့လွန် သင်တန်း သည် ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်း နယ်ပယ် များတွင် အလုပ် လုပ် ကို လိုသူများ တက်ရောက် သင့်သည့် သင်တန်း တစ်ခုဖြစ်ပြီး ဆေးရုံဆေး ခန်းများ၊ ကျန်းမာရေး ၀န်ဆောင်မှု အဖွဲ့အစည်း များ အတွက် မရှိမဖြစ် လိုအပ် သော စီမံခန့်ခွဲမှု ဘာသာရပ် များ၊ ထို လုပ်ငန်းများ နှင့် ပတ်သက် သည့် ဈေးကွက် စီးပွားရေး ဖော်ဆောင် မှုများ၊

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တွင် ကြုံတွေ့ ရသည့် ပြဿနာ များကို ဖြေရှင်း ကိုင်တွယ် ခြင်း၊ ဆေးရုံ ဆေးခန်းများ နှင့် ပတ် သက်၍ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒများ ကို ကိုင်တွယ်ခြင်း စသည့် အရည်အ ချင်းများ ရရှိ နိုင်ရန် သင်ကြား ပို့ချ မည်ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံရှိ Edu Trust လက်မှတ်ရ စာသင် ကျောင်းများ အနက် MDIS သည် အထက်ပါ သင်တန်း နှစ်ခု ကို ပို့ချသော တစ်ခု တည်းသော ကျောင်းဖြစ်ကြောင်း၊ ကမ္ဘာကျော် ဝေးလ်စ် တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၁,၀၀၀ ကျော် ၀င်ရောက် အသုံးပြုနေသည့် Electronic Resources များကို သင်တန်းသားများ အသုံးပြုခွင့် ရမည် မှာ ထူးခြားမှု တစ်ခု ဖြစ်ကြောင်း သိ ရသည်။

“Bio Technology ဘာသာရပ် မှာ လက်ရှိ ကျန်းမာရေး လောက၌ ရင်ဆိုင် နေရတဲ့ Hepatitis B ပြဿနာတွေ၊ HIV ကာကွယ်ဆေး ထုတ်လုပ်မှုဖြစ်စဉ်တွေနဲ့ DNA Vacciny တွေကို Bird Flu က ကာ ကွယ် ဆေးတွေနဲ့ လေ့လာ ပုံ တွေစတဲ့ လက်ရှိ ဆေးပညာ လောက အခြေ အနေ တွေကို လေ့လာ သင်ယူ ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီဘာသာ ရပ်ဟာ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ အင် ဂျင်နီယာ ဘာသာရပ် တွေကို ပေါင်း စပ် ထားတဲ့ ဘာသာရပ် တစ်ခုဖြစ်ပါ တယ်။ ကမ္ဘာ့ ကျန်းမာရေး စောင့် ရှောက်မှု အခန်း ကဏ္ဍ တွေမှာ ဖြစ် ပေါ် တိုးတက် ပြောင်းလဲမှု တွေက အလွန်မြန် ပါတယ်။

အဲဒီလို ပြောင်း လဲမှုတွေ အလိုက် လုပ်ငန်း တွေကို ပြင်ဆင် နိုင်ဖို့ နဲ့ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း တွေမှာ လိုက်နာ ရမယ့် ကျင့်ဝတ် တွေ အသိ ပညာပေး တာတွေ၊ လုပ်ထုံး လုပ်နည်းတွေကို လေ့လာ နိုင်မယ့် ဘွဲ့လွန် သင်တန်း တစ်ခု ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံ က MMBS ဘွဲ့ရတွေနဲ့ ဆေးဝါးကျွမ်းကျင် ဘွဲ့ရ ကျောင်းသား တွေအတွက် များ စွာ အထောက် အကူပြု နိုင်ပါတယ်” ဟု Crown Education မှ ပညာ ရေး အတိုင်ပင် ခံ ဦးအောင်ကျော်ဆန်း က ပြောကြား သည်။

မိုးသက်ကို

Source by :http://www.themyanmarpost.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။