Home » » မလေးရှားမှာ အိမ်ဝယ်မယ် ဆိုရင် ....

မလေးရှားမှာ အိမ်ဝယ်မယ် ဆိုရင် ....

Written By မောင်စေတနာ on Tuesday, May 31, 2011 | 5:20:00 AM

လင်းယုန် ။ ။ အန်ကယ်ရေ မလေးရှားမှာ အိမ်ဝယ်ဖို့စိတ်ကူး ရှိတဲ့လူတွေအ တွက်အနည်း ငယ်ရှင်းပြ စေချင်ပါတယ်။

ဦးမျိုးအောင်။ ။ အန်ကယ့်မိတ်ဆွေတစ်ယောက် ၂၀၀၉ မှာ (၄)သိန်းကျော် တန် Condoတစ်ခန်းကို Bank Loanဘဏ်ချေးငွေနဲ့ ၀ယ်ခဲ့တယ်။ ၁၅%ီDown Payment(၆)သောင်းကျော်ပေးရတယ်။ ၈၅%(Bank Loan) ဘဏ်ချေးငွေအပေါ် နှစ်(၃၀)နဲ့ လစဉ်RM၂၀၄၃ ပေးသွင်းရတယ်။ အခု မလေးရှားမှာ မနေဖြစ်လို့ အိမ်ပြန် ငှားထားတော့ လစဉ် RM၃၂၀၀ အိမ်ငှား ခပြန်ရတယ်။ အခုသူ့ Condo ပေါက်ဈေးက (၆)သိန်းခွဲကျော်နေပြီ။

၂၀၀၉
အိမ်တန်ဖိုး Condo ၄၀၀၀၀၀
၁၅%Down Payment ၆၀၀၀၀
၈၅% Bank Loan ၃၄၀၀၀၀
အနှစ် ၃၀Interest Rate ၅.၂ per annum
လစဉ်ပေးသွင်းငွေ၁၈၆၇x လ၃၆၀(၃၀နှစ်)= ၆၇၂၁၂၀(အတိုး+ချေးငွေ)
၃၄၀၀၀၀ (ချေးငွေ)
၃၃၂၁၂၀ (အတိုး)

လင်းယုန် ။ ။ ကျွန်တော်တို့ နိုင်ငံခြားသားတွေကို Bank ကချေးငွေပေးတယ် ဆိုတာဖြစ်နိုင်ပါ့မလား။

ဦးမျိုးအောင် ။ ။ ဘဏ်က အိမ်ဂရန်ကို သိမ်းထားပြီး အနှစ်(၃၀)Compound Interestက(၃)သိန်း(၃)သောင်းကျော်တောင် အတိုးရတာဆိုတော့ အရမ်းချေး ချင်တာပေါ့ဗျာ။

လင်းယုန် ။ ။ ဘဏ်တွေဘက်က အဲ့ဒီလောက်အမြတ်ယူတာဆိုတော့ ကျွန် တော်တို့ဘက်က ချေးဖို့တန်ပါ့မလား၊

ဦးမျိုးအောင်။ ။ ကိုယ်ငှားနေရတဲ့အိမ်ရဲ့အိမ်လခနဲ့ ကိုယ်လစဉ်ဘဏ်တိုးပေးရ တဲ့ငွေ သိပ်မကွာရင်တန်ပါတယ်။ အိမ်ဈေးကတက်နေတာလည်းရှိသေးတယ်။

လင်းယုန်။ ။ ဘဏ်ကိုပေးရတဲ့အတိုး (Compond Interest )သက်သာ အောင်ဘာ တွေလုပ် သင့်သလဲ၊

ဦးမျိုးအောင် ။ ။Down Paymentအ ပိုပေး၊ နှစ်တိုချေးငွေကိုယူ (ဖြစ်နိုင်ရင် ၁၅နှစ်ပေါ့)နှစ်စဉ် Interest Rate သေချာစစ်ပေါ့။

လင်းယုန် ။ ။ ကျွန်တော်တို့ နိုင်ငံခြားသားတွေအတွက် သတ်မှတ်ချက်ကလေး တွေပြောပေးပါဦး။

ဦးမျိုးအောင် ။ ။ (၁)င်္Foreignerတစ်ယောက်အတွက်ီDown Payment ကို အနိမ့်ဆုံး ၁၅% (သို့) ၁၅% အထက်ပေးရပါမယ်။

(၂) ၁ဲJan ၂၀၁၀ မတိုင်မီက ၂သိန်းခွဲနှင့် အထက်ဆိုဝယ်လို့ရပါ တယ်။ ဒါပေမဲ့ ၂၀၁၀ ကစပြီး နိုင်ငံခြားသားများက (၅)သိန်းနှင့်အထက်ဘဲဝယ် ခွင့်ရှိတော့မှာပါ။ (မှတ်ချက်။ ။ Google မှာ’FIC Guidelines 2010ရှာ ကြည့်နိုင်တယ်)

(၃) မလေးရှားမှာနေတာဘယ်လောက်ကြာပြီလဲ၊

(၄) ဘာပါမစ်နဲ့နေသလဲ၊

(၅) အိမ်ထောင်ရှိ/မရှိ၊

(၆) Age of Borrower အိမ်ဝယ်သူ (ချေးငွေလျှောက်သူ)ရဲ့ အသက် အသက်+ငွေချေး ကာလ (၆၅)နှစ် အထိဘဲစဉ်းစားပါတယ်။
ဥပမာ – ငွေချေးသူ အသက်(၄၀)+နှစ် ၂၀(သို့)နှစ် (၂၅)ဆိုရင်ရပါ တယ်။ ကိုယ့်အသက်က(၅၀)ချေးငွေယူမယ့်နှစ်က နှစ်(၃၀)ယူလို့မရပါဘူး။

လင်းယုန် ။ ။ လစဉ်ဝင်ငွေနဲ့ လစဉ် payment ဆက်နွယ်မှုလေးပြောပြပါဦး။

ဦးမျိုးအောင်။ ။ ကိုယ့်ရဲ့လစဉ်ဝင်ငွေ Monthly Income ဟာ ကိုယ်လစဉ် ပေးသွင်းရမယ့် ငွေ ထက် (၃) ဆခန့်ဖြစ်ဖို့လိုပါတယ်။ (ကိုယ့်ဝင်ငွေရဲ့ ၄၀%(သို့) ၃၃%ကိုသာ အိမ်+ကား ၀ယ် ခွင့် ပေး ထားတာပါ)

လင်းယုန် ။ ။ ကျွန်တော်တို့ နိုင်ငံခြားသားတွေ ၀ယ်လို့မရ တဲ့အိမ်ဆိုပြီးတော့ ရောရှိပါသလား၊

ဦးမျိုးအောင် ။ ။ ရှိပါတယ်။ Low & Medium Cost နဲ့ ဆောက်ထားသော မလေး Bumi Putra များ အတွက် သတ်မှတ်ထား သောအိမ်များ Malay Reserved Landများ Bumi-Lot ကိုရှောင်သင့်ပါတယ်။ Non-Bumi Lot & Free Hold ဘိုး ဘွားပိုင်ဆိုရင် အကောင်းဆုံးပေါ့။ Lease hold ဆိုရင်လည်း ဘယ်နှစ်နှစ် ကျန်လဲ သေချာကြည့်ဖို့လိုတယ်။့ Under-Construction ဆောက်လုပ်ဆဲ တွေလည်း နိုင်ငံခြားသား တွေအဖို့ ရှောင်တာ ကောင်းပါတယ်။

လင်းယုန် ။ ။ ဘဏ်ဘက်က နိုင်ငံခြားသားကို ချေးငွေပေးပြီး ဘယ်လိုများ ချုပ်ကိုင်နိုင်ပါသလဲ၊

ဦးမျိုးအောင် ။ ။ ယေဘုယျအချက်(၃)ချက်လောက် ပြောရမယ်ဆိုရင်
(၁) အိမ်ဂရန်ကို ဘဏ်က သိမ်းထားတယ်။
(၂) Valuation Report
အိမ်တန်ဖိုးက ဥပမာ-(၆)သိန်းဆိုပေမယ့် ဘဏ်ရာဖြတ်က အနိမ့် ဆုံးတန်ဖိုးဖြတ်တာ ဥပမာ -(၅)သိန်း(၂)သောင်းဆိုရင် အဲ့ဒီ(၅)သိန်း(၂)သောင်း ရဲ့ ၈၀%ကိုပဲချေးတာပါ။ တချို့လူတွေ ဒီနေ ရာမှာ ပြဿနာတက်တတ်ပါ တယ်။
Valuationဘဏ်မှရာဖြတ်က အိမ်တန်ဖိုးဖြတ်တဲ့ဈေးဟာ အိမ်အ ရောင်း အ၀ယ်ဖြစ်တဲ့ ဈေး ထက် လျော့မှာပါ။ အကြောင်းကြောင်းကြောင့် ငွေ ချေးသူဘက်က ဘဏ်ကိုပိုက်ဆံမသွင်းနိုင်တဲ့ တစ်နေ့ Bank လေလံတင်ရင် ဘယ်လိုမဆို ဘဏ်ဘက်က ဘဏ်ချေးငွေပြန်ရနိုင်အောင် ပါ။
ဥပမာ

အိမ်ဈေး ၆၀၀၀၀၀ Valuation (ရာဖြတ်) ၅၂၀၀၀၀
၈၀%ချေးငွေ ၄၈၀၀၀၀ ၈၀% ချေးငွေ ၄၁၆၀၀၀
၂၀%Down ၁၂၀၀၀၀ Down Payment(၆သိန်း-Payment၄၁၆၀၀၀)
=၁၈၄၀၀၀

ကိုယ့်ဘက်က မူလတွက်ထားတဲီ့Down Payment ၂၀% ၁၂၀၀၀၀ ရယ်Lawyer Legal fees stamp duty စသဖြင့် ၁၅၀၀၀၀ စုထား ပေမယ့် Valuationရာဖြတ်က ဈေးလျှော့ဖြတ် တဲ့အတွက် ကြောင့် နောက်ထပ် အပို ၆၄၀၀၀RM ကုန်ဖို့ရှိပါတယ်။
နောက် တစ်ခုက Location of Property ၊ ဒါသိပ်အရေးကြီးတယ်။
ကိုယ်ဝယ်မယ့် နေရာဟာLand slide မြေပြိုနိုင်မယ့် နေရာမျိုးဆိုရင် အိမ် ရာဖြတ်တဲ့ နေရာမျိုး မှာပိုနည်း သွားမယ်။ ဘဏ်ကချေးငွေ ၈၀% မပေးနိုင်ဘဲ ၆၀% ပဲချေးနိုင်မယ် ဆိုတာမျိုးဖြစ် တတ်ပါ တယ်။ ဒါကြောင့် အိမ်အတွက် Depositကို Valuation Report & Bank Loan offer letter ရပြီးမှ ပေးသင့်ပါတယ်။

(၃)MRTA-Mortgage life Assurane အိမ်နှင့်ပတ်သက်သော ouf Insurance
- ဘဏ်က (၄)သိန်းချေးတယ်ဆိုပါစို့

- အဲ့ဒီ(၄)သိန်းချေးငွေအတွက်MRTA၀ယ်ရင် ၁၂၀၀၀RM ခန့်ကုန်ကျမယ်။
- ၄သိန်းချေးထားတဲ့ အနှစ်(၂၀)အတွင်း ငွေချေးသူ (အိမ်ဝယ်သူ)သေ ဆုံးခဲ့ရင်(သို့)ဒုက္ခိတဖြစ်ခဲ့ရင် ဘဏ်မှာကျန်တဲ့ ငွေအားလုံးကှိုInsurance ကုမ္ပဏီကပေးလျော်မှာဖြစ်တဲ့အတွက် ကျန်မိသားစုဝင်များက အိမ်ဖိုးဆက်ပေး စရာမလိုဘဲ အိမ်ကိုပိုင်သွားမှာဖြစ်ပါတယ်။

လင်းယုန် ။ ။ အိမ်ရှာဖို့ လမ်းညွှန်လေးပြောပါဦး။

ဦးမျိုးအောင်။ ။ စင်္ကာပူဆိုရင ReaL Estate (Property) Myanmar Agent တွေက အများကြီးရှိပါ တယ်။ ကျွန်တော်တို့ မလေးရှားမှာ(မြန်မာ) market တော့မရှိသေးပါဘူး။ ဒီနိုင်ငံသားAgent တွေ က တဆင့်ဖြစ်ဖြစ်Internet ကဖြစ်ဖြစ်ရှာနိုင်ပါတယ်။

လင်းယုန် ။ ။ Internet ကရှာမယ်ဆိုရင် website ပြောပေးပါဦး။

ဦးမျိုးအောင် ။ ။ www.mudah.my.my, www.iproperty.com.my, www.starproperty.my/ www.thinkproperty.com.my ကျွန်တော်တို့လို နိုင်ငံခြားသား တစ်ယောက် အနေနဲ့(၅)သိန်း အထက်ကို ရွေးပြီး ကိုယ်လိုချင်တဲ့ Area eg.Ampang,Cheras, Puchongဆိုပြီးရှာနိုင်ပါ တယ်။ Link Houseတို့ Bungalow (Semi-D)Condo, Apartment စသဖြင့်ပေါ့။

လင်းယုန် ။ ။ အခုလို အသေးစိတ်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ အကြမ်းဖျင်း Procedure လေးနဲ့ အဆုံးသတ်ပေးပါလား။

ဦးမျိုးအောင် ။ ။ (၁) အိမ်ရှာမယ်၊ တွေ့ပြီဆိုရင် Lawyerအကြောင်းကြားပါ။
(၂) Lawyer မှ Land title Search မှ လုပ်မယ်၊ လိုအပ်သော စစ်ဆေးမှုတွေ လုပ်မယ်။ ရောင်းသူဟာ တကယ်ပိုင်/မပိုင်၊ ကန့်ကွက်မည့်သူ ရှိ/မရှိ၊ ရောင်းသူဟာ ဒီအိမ်ကိုရော ဘဏ်ချေးငွေနဲ့ ၀ယ်ထားတာလား၊ ငွေကျေပြီလား၊ အကြေးကျန်သေးလား၊ အကြေးကျန်သေးရင် အဲဒီ ဘဏ်ဘက်ကရော ရောင်းဖို့ သဘောတူလား။


(၃) Down Payment 20%နှင့် ၅% အခြား legal fees တွေကို ကိုယ့်Bank Account မှာ Ready ပြင်ထား
(၄)Bank Loan offer letter ရဖို့ ပြင်ဆင်မယ်။
(၅) SPA (Sale & Purchase Agreement) လုပ်မယ်၊ တစ်ချို့ က ၂% earnest deposit နှင့် ၂ ပတ်နေရင် ၈% ခွဲပြီး ပေးတာရှိသလို ရောင်းသူဝယ်သူ သဘောတူညီရင် ၁၀% တစ်ခါတည်းပေးမယ်၊ ၃ လအတွင်း ကျန်ငွေပေးဖို့လိုပါမယ်။
Sale & Purchase ဆိုင်းထိုးတဲ့နေ့မှာပဲ ကိုယ့်ူ lawyer ကို သူ့ fees နှင့် တခြားကုန်ကျစရိတ်များ တခါတည်းပေးရမှာဖြစ်တယ်။
(၆) Consent letter ကို land office (State Authority) မှ ရအောင်lawyer ကလုပ် ပေးမယ်။ ခန့်မှန်းခြေ ၁ လမှ ၂ လကြာနိုင် တယ်။
(၇)Lawyer မှStamp Duty ပေးဖို့ စီစဉ်မယ်။ စ၊ လယ်၊ ဆုံး စုစုပေါင်း ၃ (သို့မဟုတ်)၄လခန့်ကြာနိုင်ပါတယ်။


မလေးရှားတွင် အိမ်ဝယ်ဖို့ စိတ်ဝင်စားသူ မြန်မာနိုင်ငံသားများအနေ နှင့်ထပ်မံ၍ အသေးစိတ် သိလိုပါက လင်းယုန်မဂ္ဂဇင်း သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။