Home » » ထိုင်းနိုင်ငံမယ်တော် မဲဆောက်ရွေ့လျားဈေးသည်များ နယ်စပ်မြ၀တီမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိ

ထိုင်းနိုင်ငံမယ်တော် မဲဆောက်ရွေ့လျားဈေးသည်များ နယ်စပ်မြ၀တီမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိ

Written By မောင်စေတနာ on Tuesday, May 25, 2010 | 8:13:00 PM



မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ပေါ်တွင် ထိုင်းနိုင်ငံ မယ်တော်၊ မဲဆောက်မှ ရွေ့လျားဈေးသည်များ လာရောက် ရောင်းချမှုရှိလာသည်ကို တွေ့ရှိရပါသည်။

"အဓိက လာရောက်ရောင်းချနေတာက အ၀တ်အထည်၊ ဘီဒို၊ ရှိုးကေ့၊ ထိုင်းရိုးရာအစားအစာ၊ လူသုံးကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ဝယ်လို့ရသလို ထိုင်းဘတ်ငွေနဲ့လည်း ၀ယ်လို့ရပါတယ်။ မြ၀တီမြို့ပေါ်မှာရှိတဲ့ ဈေးဆိုင်မှန်သမျှ မြန်မာငွေ၊ ထိုင်းငွေနဲ့ဝယ်ယူလို့ရတာ အားသာချက်တစ်ခုပဲ"ဟု မြ၀တီရောက် ဧည့်သည်တစ်ဦးက ဆိုပါသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ပေါင်းကူးထားသည့် ချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါတံတားသည် သောင်ရင်းမြစ်ပေါ်တွင် တည်ဆောက်ထားကာ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခွင့်ပြုထားခြင်းကြောင့် လူအသွားအလာစည်ကားလေ့ရှိသည့် အနေအထားတွင် ရှိနေကြောင်း သိရှိရသည်။


"အခု လာရောက်ရောင်းချတဲ့ အ၀တ်အထည်၊ ဘီရို၊ ရှိုးကေ့စ်တွေ ဆိုရင် ဘန်ကောက်စက်ရုံကြီးတွေကနေတစ်ဆင့် ပြန်ယူရောင်းချတာပါ။ အ၀တ်အထည်ဘီရိုတစ်လုံးက ဘတ်ငွေ ၁၅၀၀ လောက်ပဲရှိတော့ ဈေးအရမ်းချိုတဲ့ အနေအထားမှာရှိ ပါတယ်။ ထိုင်းရွှေ့လျားဈေးသည် အများစုက မြန်မာစကားကို ရေရေလည်လည်ပြောဆိုတတ်တာ တွေ့ရ တယ်"ဟု မြ၀တီမြို့ရှိ ဧည့်သည်ကိုနောင်ရိုးမြင့်မိုရ်က ပြောပါသည်။

မြ၀တီမြို့သည် မြန်မာ-ထိုင်း နယ်စပ်တွင် တည်ရှိနေခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရွေ့လျားနေထိုင်သူ များပြားလျက်ရှိနေပြီး တစ်နေ့တခြား လူဦးရေထူထပ်မှုရှိလာကြောင်း သိရသည်။

"မြ၀တီမြို့က မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တာကြောင့် နေထိုင်မှု အဆင့်အတန်းမြင့်မားလာပြီလို့ ဆိုရ မယ်။ ၂၄ နာရီ လျှပ်စစ်မီးရရှိတာကလည်း နေထိုင်မှုအဆင့်အတန်းကို ပြညွှန်းခြင်းဖြစ်ပါတယ်''ဟု ၎င်းက ပြောဆိုသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။