မန္တလေးမြို့အောင်မြေသာဇံမြို့နယ်ညောင်ကွဲရပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား မန္တလေး အောင်မြေ သာဇံမြို့နယ် ညောင်ကွဲရပ် ယနေ့နံနက် ၈နာရီခွဲ က ပေါက်ကွဲ မှုကြောင့် အသက် ၃နှစ်ခွဲအရွယ် ကလေး တစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဖြစ်တာကတော့ မနက် ၈နာရီခွဲလောက်မှာဖြစ်တာ ၊မီးခိုးလုံးတွေမဲပြီးတော့ တတ်လာတယ်။ အသံလည်းတော်တော် ကျယ်တယ်၊ ကားဘီးပေါက်တဲ့ အသံထက်ကို ကျယ်တယ်၊ကျွန်တော်လည်းပထမတော့ လန့်သွားတယ်”ဟု ၄င်းရပ်ကွက်နေ ဦးဝင်းညွန့် ကပြောသည်။၎င်းပေါက်ကွဲမှုသည် ဒဏ်ရာရရှိခဲ့သော ကလေး၏နေအိမ်ဘေးမြေကွက်လပ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
“ဒဏ်ရာရရှိတဲ့ကလေးကတော့ စိုးရိမ်စရာမရှိဘူးလို့ ကြားတာပဲ”ဟု၎င်း ကပြောသည်။ထို့အပြင် အဆိုပါ ကလေးမှာလည်ပင်းတစ်ချက်ပဲထိသည်ဟု ကြားရကြောင်း နှင့် အမျိုးသားမှာ လက်ကောက်ဝတ်ထိသွားကြောင်း ၄င်းကပြောသည်။အဆိုပါနေရာတွင် နေထိုင်သူအများစုသည် မန္တလေးမြို့ အနှံလျှောက်၍ ပလတ်စတစ် များကောက် ကာပလတ်စတစ်များကို ဒိုင်တွင်ပြန်လည်ရောင်းချ ရန် အတွက် ဗူးခွံများ စုဆောင်းရာမှ ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသော ကလေးအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး တွင်ပို့ ထားပြီး အဆိုပါ ပေါက်ကွဲမှု ကို တာဝန်ရှိသူများမှ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
Source by :http://www.yoyarlay.com/

0 comments:
Post a Comment