Home » » ဥက္ကာဦးသာနှင့် တွေ့ဆုံခြင်း ...

ဥက္ကာဦးသာနှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Tuesday, May 24, 2011 | 5:01:00 AM

e459
ပြည်တွင်းမှာ Talents ရှိတဲ့ လူတွေအများကြီးရှိပါတယ်။ ဒါပေမယ့် အခြေအနေကြောင့်
စိတ်တိုင်းကျဖြစ်အောင် ဖန်တီးခွင့် မရတာမျိုးတွေ ရှိတယ်’ ၊ ဥက္ကာဦးသာနှင့် တွေ့ဆုံခြင်း

ဒီတစ်ပတ်ရဲ့ အင်တာဗျူးမှာ ရွေးချယ်ဖြစ်ခဲ့တဲ့ အနုပညာရှင်ကတော့ ဥက္ကာဦးသာ ဖြစ်ပါတယ်။ ရွှေသံစဉ်၊ Oddysey စတဲ့ တီးဝိုင်းတွေနဲ့ အချိန်ပိုင်း အတီးသမားဘ၀ကို စတင်ခဲ့ ကာ Lazy Clubတီးဝိုင်းကို အစပျိုး အသက်သွင်းခဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ၁၅နှစ်ကာလကို Lazy Club တီးဝိုင်းနဲ့ ဖြတ်ကျော်ပြီးတဲ့ အချိန်မှာ သူ့ကိုယ်ပိုင်တီးဝိုင်းဖြစ်တဲ့ U S Music Tours တီးဝိုင်းကို ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ ၊လှုပ်ရှားလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ မကြာခင် ကာလမှာလည်း အမေရိကန်နိုင်ငံမှာ ဂီတဖျော်ဖြေပွဲ ၁၀ ပွဲကို သွားရောက် ဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်နှင့်တကွ ဥက္ကာဦးသာရဲ့ ဂီတလှုပ်ရှားမှုများ အကြောင်းကို တစေ့တစောင်း အကဲဖြတ်နိုင်ဖို့ အခုလို တင်ဆက်လိုက်ရပါတယ်။

မေး - ကိုဥက္ကာတို့ရဲ့ U S Music Tours ကို ဘယ်လိုပုံစံနဲ့ တင်ဆက်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ - ကျွန်တော်တို့ အခု ၁၀ ပွဲဆို မယ်။ မေလ ၄ ရက်ဆိုရန်ကုန်က ထွက်ပြီပေါ့။အဲဒီမှာ မြို့အနေနဲ့က ရှစ်မြို့ဖျော်ဖြေမှာဖြစ်ပါတယ်။အဆိုတော်တွေက ကိုဆောင်းဦး၊စည်သူ၊ အဲလက်စ်၊ ဟဲလေးနဲ့ ရှင်ဖုန်းတို့ပါ တယ်။ Plus Three တီးဝိုင်းကပဲ တီးမှာ။ သီချင်းတွေကို ဒီမှာလည်း တိုက်သွားမယ်။ ဟိုရောက်လို့ မဖျော်ဖြေခင်မှာလည်း စတူဒီယိုမှာ ထပ်တိုက်ဖို့ စီစဉ်ထားတယ်။

မေး - တစ်ဖွဲ့လုံး တီးကြမှာလား။

ဖြေ - ဟုတ်ပါတယ်။ Plus Three Band Player တွေနဲ့ပဲ တီးမှာပါ။ စတည်ထောင်တုန်းကတော့ တစ်ဖွဲ့လုံးအနေနဲ့ ဖိတ်တာထက် ကျွန်တော်ရယ်၊ အဖွဲ့ထဲက တစ်ယောက်နဲ့ ဟိုမှာရှိတဲ့ အတီးသမားတွေ တွဲတီးတာ မျိုးလုပ်ဖြစ်ပါတယ်။ နောက်ပိုင်း Pop ဂီတပွဲလိုမျိုးတွေက အွန်လိုင်းပေါ်လည်း ရောက်တဲ့အခါ ပြည်ပမှာ ရှိတဲ့ မြန်မာတွေလည်း နားထောင်မိပြီး အခုလိုမျိုး တီးဝိုင်းလိုက် ဖိတ်ကြားမှုတွေ ဖြစ်လာတာပါ။

မေး - US Tour အနေနဲ့က သွားဖို့ခက်ခဲမှုတွေ ရှိတဲ့အတွက် ခုလိုခရီးစဉ်မှာ ဘယ်လိုတင်ဆက်မှုမျိုး လုပ်ဖို့ ရည်ရွယ်ထားလဲ။

ဖြေ - သီချင်းတွေ တော်တော်များများ ပြင်ဆင်ထားတယ်။ မိန်းကလေး အဆိုတော်က တစ်ယောက်တည်း ဆိုတော့ သူ့သီချင်းတွေရော၊ ကျန်တဲ့ စုံတွဲသီချင်းတွေရော ဖျော်ဖြေမယ်။ တခြား Preformance တွေပါ ထည့်ဖို့အတွက် ပွဲစီစဉ်တဲ့သူတွေက Professional အကအဖွဲ့တွေကို ငှားရမ်းထားပါတယ်။

မေး - တီးဝိုင်းတစ်ခုမှာ ၁၅ နှစ်ကြာ ရပ်တည်ခဲ့တဲ့ ကိုဥက္ကာအတွက် Plus Three တီးဝိုင်း ခိုင်မာအောင် တည်ထောင်တဲ့ အခါမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိခဲ့သေးလား။

ဖြေ -Lazy Club တီးဝိုင်းစလုပ်တဲ့ အချိန်တုန်းက ပိုပင်ပန်းတယ်။ ကိုယ်က ငယ်လည်းငယ်တဲ့ အပြင် Player အနေနဲ့လည်း လူမသိသေးဘူး။ အဲဒီအတွက် တီးဝိုင်းအနေနဲ့ရော၊ လူကိုယ်တိုင် အနေနဲ့ရော အချိန်တော်တော်လည်း ယူရတယ်။ လုပ်လည်းလုပ်ရတယ်။ Plus Three လုပ်တဲ့အခါမှာ ကိုယ့်ကိုလူကြီး လူငယ်က ဂီတသမားတစ်ယောက် အနေနဲ့ အသိအမှတ်ပြုတာ ခံရပြီးတဲ့အတွက် အစက ပြန်စရတာမျိုးတော့ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ၄၀ ရာခိုင်နှုန်းကနေ ပြန်စရတာ။ ကိုယ့်အလုပ်ကို အရှိန်မြှင့်ရတဲ့ အပိုင်းပေါ့။ စစချင်းတော့ အလုပ်ရဖို့ အခက်အခဲရှိတာပေါ့။ ခုလေးနှစ်တာ ဖြတ်သန်းပြီးတဲ့ အနေအထားမှာတော့ အခုလက်ရှိ အခြေအနေကို ကျေနပ်ပါတယ်။

မေး - Plus Three တီးဝိုင်းကို ပေါ့ပ်ဂီတ သီးသန့် အဓိကသွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ဖူးပါတယ်။ ကိုဥက္ကာပေးချင်တဲ့ Taste ဖြစ်အောင် ဘယ်လိုမျိုး လုပ်ကိုင်ပါသလဲ။

ဖြေ - နှစ် ၂၀ ကျော် ကျင်လည်ခဲ့တဲ့ အချိန်တွေက ကျွန်တော်တို့ကိုယ်ပိုင် သံစဉ်တွေလည်း တီးခဲ့တယ်။ ကော်ပီတွေကိုလည်း မတူတူအောင် ကြိုးစားတီးပေးရပါတယ်။ အဲဒီအတွက် သီချင်းတစ်ပုဒ်ကို ဘယ်လိုပုံစံနဲ့ ဖန်တီးမယ်ဆိုတဲ့ အတွေးကနှစ် ၂၀ ရဲ့ အတွေ့အကြုံအရတော့ သိပါတယ်။

မေး - လက်ရှိမှာ လွှမ်းမိုးမှု အားကောင်းတဲ့ ကိုရီးယားပေါ့ပ်ဂီတ စတိုင်လ်တွေကိုရော ကိုယ့်ဖန်တီးမှုမှာ ဘယ်လိုမျိုး အသုံးချဖြစ်ပါသလဲ။

ဖြေ - ဟုတ်ပါတယ်။ လက်ရှိမှာ ကိုရီးယားပေါ့ပ်ဂီတက တော်တော်လေး လွှမ်းမိုးနေပါတယ်။ တရုတ် ဘက်ကလည်း ကောင်းတာလေးတွေ ရှိပါတယ်။ ကျွန်တော်အနေနဲ့ကတော့ သူတို့ ဘယ်လိုမျိုး ပုံဖော်ထားလဲဆိုတာ၊ ကွန့်မြူးတဲ့ပုံတွေကို လေ့လာပါတယ်။ တိုက်ရိုက်ကြီး အသုံးချတာမျိုး မဟုတ်ဘဲ တချို့တေးရေးတွေက အဲဒီစတိုင်လ်တွေကို အခြေခံပြီးလုပ်ထားတဲ့ ဂီတပုံစံတွေ လာတယ်ဆိုရင် ဒီဂီတစတိုင်လ်ရဲ့ လွှမ်းမိုးမှု၊ တင်ပြထားတဲ့ခံစားမှုကို ဖော်ထုတ်နိုင်အောင် တီးတာမျိုးတွေ လုပ်ပါတယ်။

မေး - ပြည်ပမှာ ဂီတသမားတွေနဲ့ ဆုံဆည်းတဲ့အခါမှာ ပြည်တွင်းက ဂီတသမားတွေနဲ့ ကွာခြားမှုအပိုင်းက ဘယ်လိုအရာမျိုးလဲ။

ဖြေ - ပြည်တွင်းမှာ Talents ရှိတဲ့ လူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အခြေအနေကြောင့် စိတ်တိုင်းကျ ဖြစ်အောင် ဖန်တီးခွင့်မရတာမျိုးတွေ ရှိတယ်။ သီချင်းတစ်ပုဒ်ကို တီးလို့ ဘယ်လောက်မှ မရကြတဲ့အပေါ်မှာ တစ်ရက်တီး၊ တစ်ပတ်တီးလည်း ဒီပိုက်ဆံအပေါ်မှာ အချိန်ပေးပြီး မဖန်တီးနိုင်တာတွေလည်း ရှိပါတယ်။

Profile

အမည်ရင်း - ဥက္ကာဦးသာ

မွေးနေ့ - ၅ ၊ ၁၂ ၊ ၁၉၇၁

လက်ရှိတီးဝိုင်း - Plus Three

ပထမဆုံးထွက်ရှိသောစီးရီး - ၁၉၉၀ DanceRemix (ဒီဂျေဖြိုးနှင့်အတူ)

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။