Home » » အလုပ်သမား ၂ဦး လွတ်မြောက်ရန် ထိုင်းရဲက ဘတ် ငွေ ၁၄၀၀၀ တောင်းခံ

အလုပ်သမား ၂ဦး လွတ်မြောက်ရန် ထိုင်းရဲက ဘတ် ငွေ ၁၄၀၀၀ တောင်းခံ

Written By မောင်စေတနာ on Friday, December 23, 2011 | 4:30:00 AM



ရေဘေး သင့်မြန်မာအလုပ်သမား ၂ဦး စားစရာဆန်များအလှူခံပြီး အလုပ်ရုံသို့ အပြန် ကထုန်ဘန် ထိုင်းရဲကဖမ်းဆီးပြီး ပြန်လည်လွတ်မြောက်လိုပါက တစ်ဦးကိုဘတ်ငွေ ၇၀၀၀ စီပေးရမည်ဖြစ်ကြောင်း ကူညီသူများကိုပြောသည်။

ကထုန်ဘန်နယ်မြေ ၀တ်လိတ်ခင် ရေဘေးကူညီရေး ယာယီကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်ခဲ့ကြသည့် ကိုစတား ဆိုသူနှင့် ကိုဝေယံဆိုသူတို့ အား စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သော ကိုခိုင်ကြီး က ဆန်နှင့်အစားအစာများပေးပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့က ကထုန်ဘန် ၀တ်နန်းစောင် တွင်ရှိသော SK food ငါးအချောကိုင် အလုပ်ရုံသို့ သွားရောက် ပို့ဆောင်စဉ် ထိုင်းရဲကဖမ်းဆီးခဲ့သည်။

ကိုခိုင်ကြီးက” ကျနော့်ကို လည်းဖမ်းတယ်၊ ကျနော့်မှာ ထိုင်းကဒ် တစ်ခုကိုင် ဆောင်ထားတာကြောင့်ပြန်လွှတ် ပေးပေမယ့် သူတို့ ၂ ယောက်ကိုတော့ တစ်ယောက်ကိုဘတ် ၇၀၀၀ ပေးမှလွှတ်မယ်ပြောတယ်။ ကျနော်က တစ်ယောက်ကို ဘတ် ၂၀၀၀ လောက်ပေးမယ်လို့ ပြောပေမယ့်မရဘူး။ဒီအလုပ်သမားတွေ မှာ ထောရောစာရွက်နဲ့ မြန်မာသံရုံးကထုတ်ပေးထားတဲ့ ရေဘေးသင့်ဒုက္ခသည် ထောက်ခံစာ စာရွက် လည်းပါတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့်နေ့မှ စ၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT က ကထုန်ဘန်နယ်မြေ ကျဟာငန်း(အလုပ်ရှာဖွေရေး)နှင့် SK food အလုပ်ရုံ တို့နှင့် ပူးပေါင်း၍ အလုပ်သမား များလွတ်မြောက်ရေးအတွက်၎ ရက်တိုင်တိုင် ကြိုးပမ်းခဲ့သည်။

ယမန်နေ့ က အလုပ်သမားအရေးကူညီဆောင်ရွက်သည့် မဟာချိုင်အခြေစိုက် အင်ဂျီအို တစ်ဖွဲ့ ဖြစ်သော LPN သို့ ဆက်လက်အကူအညီတောင်းခံခဲ့သည်။ တာဝန်ရှိသူ ၂ဦး ချက်ခြင်းလိုက်ပါ ဆောင်ရွက်ခဲ့သော်လည်း အလုပ်သမား ၂ဦးပြန်လည်လွတ်မြောက်မလာခဲ့ပါ။

ယနေ့ နံနက်ပိုင်းက အချုပ်ခန်းထဲမှ ကိုစတား ကဖုန်းဆက်ရာ”ညဉ့် က အချုပ်ထဲမှာ ရာဘ စိတ်ကြွဆေးသုံးတဲ့လူတွေဖမ်းလာတာ အခန်းထဲမှာ လူပေါင်း ရာချီရှိနေပြီးဒီအထဲကျနော်တို့ မြန်မာ၎ဦးပဲရှိတယ်၊ဒီလူတွေ ဆေးတွေရှုပြီး ဆူညံနေတာ တစ်ညလုံးအိပ်မရဘူး။ ကျနော်တို့ ဖုန်းကိုလည်း ပုလိပ်တွေသိမ်းထားလိုက်ပြီး ခု ထိုင်းတစ်ယောက်ဖုန်းနဲ့ ဆက်နေတာ ကျနော်တို့ ကိုမြန်မြန်လွတ်အောင် ကူညီပါ” ဟုဖုန်းဆက်ပြောလာသည်။

အမှုကိစ္စမှာ ကျဟာငန်းမှထုတ်ပေးသည့်စာရွက်နှင့် အလုပ်ရုံမှ ပြောင်းရွှေ့ခြင်း စာရွက်စာတမ်းများ အားအလုပ်ရုံမှ အချိန်မီမလုပ်ခြင်း၊ နယ်မြေကျော်နေခြင်း အစရှိသည့် ဥပဒေကြောင်းဆိုင်ရာများ အား ထိုင်းပုလိပ်မှ ပြောဆိုလာခဲ့သည်။

ထို့ကြောင့် ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED သို့ BAT က ဆက်လက်အကူအညီတောင်းခံထားသည်။

FED ဒါရိုက်တာ ဦးထူးချစ်က” ဒါမျိုးမဖြစ်သင့်ဘူး။ဒီအလုပ်သမားတွေဟာ ရေဘေးသင့်ပြီး ကယ်ဆယ်ရေး စခန်းမှာကျနော်တို့ အကူအညီနဲ့ ခိုလှုံနေခဲ့ကြရသူတွေဖြစ်တယ်။ သူတို့ အယင်လုပ်ခဲ့တဲ့အလုပ်ရုံမှလုပ်အားခရဖို့ အတွက်ကျန်နေတာကို တောင်းခံနေတဲ့  အလုပ်သမားတွေဖြစ်တယ်။ ထိုင်းမှာနေထိုင်ခွင့် စာရွက်စာတမ်းရှိသူတွေ လည်းဖြစ်တယ်။ ဒီအလုပ်သမားတွေ လွတ်မြောက်ဖို့ အတွက် ကျနော်တို့တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်” ဟုပြောသည်။

Source by :http://jacbaburma.blogspot.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။