Home » » နားလည်ရန်ခက်ခဲသော PR ရရှိရန်ကြိုးပမ်းမှု (စင်္ကာပူ)

နားလည်ရန်ခက်ခဲသော PR ရရှိရန်ကြိုးပမ်းမှု (စင်္ကာပူ)

Written By မောင်စေတနာ on Tuesday, February 1, 2011 | 4:41:00 PM



၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် စနေနေ့ထုတ် The Straits Timeသတင်းစာတွင်
ဖော်ပြခဲ့သောဆောင်းပါးရှင် Mr. Teh Joo Lin နဲ့Ms Melissa Kok တို့ရဲ့ " Chasing
that elusive PR"ကိုဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ မူရင်းဆောင်း
ပါးတွင်ပါရှိသောအချက်အလက်များ နှင့် ဘာသာပြန်ဆို မှုများတွင် အနည်းငယ် အမှား
အယွင်းရှိခဲ့သော် နားလည်ခွင့်လွှတ်ပေးပါရန်နှင့်အခကြေးငွေဖြင့်ဖြန့်ဖြူးသောမည်သည့်
စာစောင်၊ဂျာနယ်များတွင်မဆို စာတစ်ခုလုံးဖြစ်စေ၊ စာတစ်ပုဒ်ဖြစ်စေကိုဖော်ပြခြင်းမပြုပါ
ရန် မေတ္တာရပ်ခံပါသည်။ အခြားpublic blog များနှင့် forward mail များတွင်ဖော်ပြလိုပါ
က မည်သည့်နေရာက ကူးယူဖော်ပြသည်ကို credit ပေးပါရန် မေတ္တာရပ်ခံပါသည်။


စင်္ကာပူနိုင်ငံ၏ အမြဲတမ်းနေထိုင်ခွင့် PR ရရှိရန်အတွက် ကြိုးစားနေကြသော နိုင်ငံခြားသား
အများစုသည် ယခုအပါတ်အတွင်းကဆွေးနွေးပွဲတစ်ခုအတွင်း၌ဒုတိယဝန်ကြီးချုပ်ပြောကြားခ
ဲ့သော ၂၀၁၀ ခုနှစ်အတွင်း PR ပေးခဲ့မှုအခြေအနေ သတင်းနှင့်ပတ်သတ်၍ ၄င်းတို့၏ PR
လျှောက်ထားမှူများကိုပယ်ချခဲ့ခြင်းများ အတွက် မိမိကိုယ်မိမိ အားတင်းထားကြကြောင်း
သိရသည်။

Straits Times မှအင်တာဗျူး ပြုလုပ်သော PR လျှောက်ထားပြီး ပယ်ချခံရသူများ၊ PR
တင်ထားသူများနှင့် ပယ်ချပြီးနောက်တကြိမ်ပြန်လျှောက်ထားရန် စောင့်ဆိုင်း နေသူများ
အများစုမှာ စောင့်ကြည့်ကြမည် ဟုဖြေကြားကြောင်းသိရသည်။ သို့သော်လည်း အချို့နိုင်
ငံခြားသားများ အနေဖြင့် Australia, Canada နှင့် New Zealand နိုင်ငံများသို့ပြောင်းရွှေ့
သွားကြရန် အလေးအနက်စတင် စဉ်းစားလာကြပြီဖြစ်သည်။

နိုင်ငံခြားသားအမြောက်အများ ဝင်ရောက်လာခြင်းနှင့်ပတ်သတ်၍ ပြည်သူလူထု၏သဘော
ထားများကို အစိုးရကသိသာထင်ရှားစွာတုံပြန်ခဲ့ခြင်းဖြင့် ၂၀၁၀ ခုနှစ်အတွင်း PR ချပေးထား
မှုများမှာ ယခု ၅ နှစ်ကာလအတွင်းအနိုမ့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်
အတွင်း PR ရရှိသူ ၅၉၄၆၀ ဦးဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်တွင် ၂၉၂၆၅ ဦးအထိသာရရှိခဲ့ သည့်အ
တွက် PR ချထားပေးမှု ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း အစိုးရဒုတိယဝန်ကြီးချုပ် Mr.
Wong Kan Seng ကပြောကြားခဲ့သည်။

PR ချထားပေးမှုများကိုပြန်လည်လေ့လာသုံးသပ်ရာတွင် ၂၀၀၆ ခုနှစ် (၅၇၃၀၀)၊ ၂၀၀၇
ခုနှစ် (၆၃၆၀၀)၊ ၂၀၀၈ ခုနှစ် (၇၉၂၀၀) ဖြစ်ပြီး PR ချထားပေးမှုများ နှင့် နိုင်ငံသားခံယူ
ခွင့်များကို အစိုးရက ၂၀၀၉ ခုနှစ်မှစတင်ပြီး ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ
ဖြင့် ထိမ်းချုပ်ခဲ့သည်။

ယခုတလောအတွင်း PR လျှောက်ထားမှုများကို ယခင်ထက်ပိုသော တင်းကြပ်သောစည်း
မျဉ်းစည်းကမ်းများ၊ ဥပမာအားဖြင့် ဝင်ငွေရရှိမှုအခြေအနေ၊ နေထိုင်မှုလိုအပ်ချက်၊ စင်္ကာပူ
၏စီးပွားရေးနှင့် လူမှုရေးကို အထောက် အကူပြုမှုစသည်ဖြင့် စဉ်းစားလာကြောင်းThe Straits
Times အနေဖြင့်နားလည်သဘောပေါက်မိသည်။ ယခင်က Immigration and Check Points
Authority (ICA) ၏ Internet website အတွင်းရှိသော PR ရရှိနိုင်/မရရှိနိုင် ကို ကိုယ်တိုင်ဖြည့်
သွင်းအကဲဖြတ်နိုင်သော စနစ်တစ်ခုရှိနေရာမှ ၂၀၁၀ခုနှစ် မတ်လ မှစတင်၍ website မှဖယ်ရှား
ခဲ့သည်။

The Straits Times အနေဖြင့် PR ရရှိရင်ကြိုးစားလျှတ်ရှိသော နိုင်ငံခြားသား ၁၅ဦးကို
အင်တာဗျူးလုပ်မေးမြန်းခဲ့ရာ -တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ၁၅ ဦးအနက်ကလွန်ခဲ့သောနှစ်က
PR လျှောက်ထား မှုမအောင်မြင်ခဲ့သော Bangladesh နိုင်ငံသား အသက်၄၅ နှစ်အရွယ်၊ EP
ကိုင်ဆောင်ထားသူ စီးပွားရေးလုပ်ငန်းရှင် Mr xxxx မှာ ၂၀၀၈ခုနှစ်မှစတင်၍လွန်ခဲ့သော
လအထိ၎င်း၏လျှောက်ထား ချက်ကိုသုံးကြိမ်တိုင်ပယ်ချခံခဲ့ရကြောင်းသိရသည်။

စားသောက်ဆိုင်များ၊ အစားအသောက်စီစဉ်ပေးသော Company နှင့် ကုန်သွယ်ရေး
company များ ပိုင်ရှင်က ၄င်းအနေဖြင့် Local အလုပ်သမား ၄၄ ယောက်ဌားရမ်းထားပြီး
၂၀၀၆ ခုနှစ်မှစတင်ခဲ့သောသူ၏ စီးပွားရေးလုပ် ငန်းများအတွက် ဒေါ်လာ ၁ သန်းအထိ
ရင်းနှီးမြုပ်နှံထားကြောင်း၊ စင်္ကာပူကိုကြိုက် နှစ်သက်ပြီး၊ ဒီလိုနာရီမျိုးဒီမှာ အပူအပင်မရှိဝတ်လို့
ရကြောင်း၊ သူ၏နိုင်ငံတွင်ဝတ်ပါက လက်ကိုဖြတ်ပြီးအလုခံရမည် ဖြစ်ကြောင်း သူ၏ရွှေRolex နာရီကိုမြှောက်ပြရင်းအင်တာဗျူးကိုဖြေကြားခဲ့သည်။

သူကဆက်ပြီး အခုပုံစံအတိုင်းဆိုပါကသူ၏ စီးပွားရေးလုပ်ငန်းများကိုတခြားနိုင်ငံတစ်ခုကို
ပြောင်းရွှေ့ရင်းနှီးမြုပ်နှံဖို့ စဉ်းစားနေရပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ အခြားနိုင်ငံခြား
သားတစ်ယောက်ဖြစ်သော အမည်မဖော်လိုသူ ဂျာမဏီနိုင်ငံသား Marketing Director တစ်
ဦးကတော့ သူရဲ့ ပီအာလျှောက်ထားချက်ကို ၉လကြာစောင့်ဆိုင်းပြီး နောက်ပယ်ချကြောင်း
အကြောင်းကြား စာရရှိခဲ့တဲ့အချိန်မှာ သူအလွန်အံ့အားသင့်မိကြောင်း၊ မာစတာဒီဂရီ ရရှိထား
သည့် ၄င်းမှာစင်္ကာပူတွင် အလုပ်လုပ်သက် ၄ နှစ်ကျော်ကြာပြီဖြစ်ပြီး PEP
(Personalised Employment Pass) ကိုင်ဆောင်ထားသူဖြစ်သည်။

စင်္ကာပူအမျိုးသမီးတစ်ဦးကိုယခုလစောစောပိုင်းကလက်ထပ်ခဲ့သောသူက “ ကျနော်ဒီမှာ အခြေတ
ကျဖြစ်ချင်တယ်၊ local တွေရဲ့အလုပ်ကိုလုယူဖို့လဲမဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုပယ်ချတာမျိုး
ဒုတိယအကြိမ်ဖြစ်ခဲ့ရင်တော့ အလွန်ဆိုးသွား ပြီး ကျနော်တခြားတစ်နေရာသွားချင်သွားတော့မယ် ”
လို့ဖြေကြားသွားပါတယ်။

တရုတ်နိုင်ငံသူ အသက် ၂၃ နှစ်အရွယ်၊ Advanced Diploma ရရှိထားသူ Ms. xxxx သည် ၂၀၀၃ ခု
နှစ်တည်းက စင်္ကာပူနိုင်ငံကို ကျောင်းသူအနေဖြင့်ရောက်ရှိပညာသင်ကြားခဲ့သူဖြစ်ပြီး၊ ယခု Human
Resources Consultant အနေဖြင့် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူမ၏ ပီအာလျှောက်
ထားချက်ကို လွန်ခဲ့တဲ့ အောက်တိုဘာလက ပယ်ချခဲ့ပြီး သူမအနေဖြင့်ဆက်ပြီးကြိုးစားသွားမယ်
လို့ဆိုပါသည်။ သူမက “ ကျွန်မ ဒီမှာနေတာကြာနေပြီ၊ သူငယ်ချင်းတွေအအများစုကလဲ စင်္ကာပူမှာ
ဖြစ်ပြီး local သူငယ်ချင်းတွေလဲ အများကြီးရှိပါတယ်။

အစိုးရအနေနဲ့ ကျွန်မတို့လိုလူမျိုးတွေကိုတော့ လျှော့ပေါ့စဉ်းစားပေး သင့်တယ်လို့ ထင်တယ်၊
ဒါပေမယ့် အခုအချိန် ကလဲ အချိန် အခါကောင်းမဟုတ်လို့လဲနေမှာပါ ”လို့ဖြေကြားသွားတာတွေ့
ရပါသည်။

စင်္ကာပူအစိုးရအနေဖြင့် ပီအားလျှောက်ထားသူများ မှီငြမ်းနိုင်ရန် ပီအာလျှောက်ထားမှုစံနှုန်းများကို
အတိအကျဖော်ပြထားခြင်းမရှိပဲ ICA Website မှာ Spass Holder, EP Holder များနဲ့ စင်္ကာပူနိုင်ငံ
သားများရဲ့ သက်ကြီးရွယ်အိုမိဘများကိုေ လျှာက်ထားနိုင်ကြောင်း လောက်သာဖော်ပြထားတာတွေ့
ရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သတ်သည့် ပါလီမန်အမတ်တချို့နှင့်နိုင်ငံတကာရွှေ့ ပြောင်းရေး
နေထိုင်ရေးဆိုင်ရာအတိုင်ပင်ခံများက ၄င်းတို့အနေဖြင့်လွန်ခဲ့သောနှစ်အတွင်း ပညာတက်
လူငယ်လူရွယ်အမြောက်အများ ပီအာလျှောက်ထားမှုများတွင်၊ အခက်အခဲနှင့်ရင်ဆိုင်လာ ကြရတာကိုတွေ့ရှိရကြောင်းပြောကြားကြသည်။ တရုတ်နိုင်ငံ Sichuan ဒေသမှတရုတ်နိုင်ငံ
သားများတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ များအဓိကဝန်ဆောင်မှုပေးသည့် Tian Fu Club
and Association မှာ President ဖြစ်သူ Mr.Tony Du က ၁၀ ဦးထက်ပိုသော သူတို့ ကလပ် အသင်းဝင်များ၏ ပီအာလျှောက်ထားမှုများပယ်ချခံရကြောင်းနှင့် အများစုမှာတရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့မှဘွဲ့ရရှိထားသူ အသက် ၃၀ အောက်၊EP ကိုင်ဆောင်ထား သူများဖြစ်ကြောင်း
ပြောကြားသည်။

လွှတ်တော်အမတ်များဖြစ်သော Mr. Charles Chong ( Pasir Ris-Punggol GRC) နှင့် Mdm
Halimah Yacob (Jurong GRC) တို့ကလဲ ပီအာ လျှောက်ထားမှုများတွင်ပညာ တက်လူငယ်
အများ အပြားပယ်ချခံရသည့်အချက်အပေါ် တူညီသောအမြင်ရှိကြသည်။ Mr Chong ကသူ့ထံတွင်
ယခင်က ပီအာလျှောက်ထားမှုအောင်မြင်ရန် အကူအညီ တောင်းခံသူအများစုမှာ အရည်အချင်းနိုမ့်
သောသူများ ကိုတွေ့ရ ကြောင်းပြောသည်။

Mdm Halimah ကတော့ယခုနောက်ပိုင်းတွင် ပီအာလျှောက်ထားမှုအခက်အခဲများ နှင့်ပတ်သတ်၍
သူ့ထံလာရောက် အကူအညီတောင်းခံသူ အများစုမှာပိုပြီး အရည်အချင်းပြည့်ဝပြီး ပညာတက်အ
မြောက် အများပါဝင်ကြောင်း၊ သူတွက်ချက်မိသလောက် အနေဖြင့် ယခုလို ပညာတက်ဘွဲ့ရများ ကို
ပယ်ချလာခြင်းကြောင့် ပီအာချပေးမှုစံချိန်စံနှုန်းများအတွင်း ပိုမို၍အလွန်တင်းကြပ်သော စည်းကမ်း
များပါဝင်လာခြင်းသော်လည်းကောင်း ရရှိထားသောဒီဂရီဘွဲ့များကိုအသိအမှတ်မပြုခြင်းကြောင့်
သော်လည်းကောင်း ဖြစ်နိုင်ခြေရှိ သည်ဟုပြောကြားသည်။

အချို့နိုင်ငံခြားသားများအနေဖြင့် စင်္ကာပူပီအာကို လျှောက်ထားရယူ နေခြင်းထက်
တခြားနိုင်ငံများသို့ပြောင်းရွှေ့နေထိုင်ရန်ပိုမိုစိတ်ကူး လာလျှတ်ရှိသည်။ Aims I
mmigration အတိုင်ပင်ခံ Companyအနေဖြင့် ၂၀၀၉ ခုနှစ်ဖြင့်နှိုင်းယှဉ်ကြည့်ပါက ၄င်းတို့ထံတွင်အခြားနိုင်ငံများသို့ပြောင်းရွှေ့နေထိုင်ရန်အတွက် စုံစမ်းမေးမြန်းသူ ၂၀% ကျော်တိုးတက်လာကြောင်း၊ စုံစမ်းသူများတွင် ယခုလက်ရှိ ပီအာရရှိထားသူ များပင်ပါဝင်ပြီး
သူတို့၏ပီအာ သက်တမ်းတိုးမှုများ မအောင်မြင်ဖြစ်မည်ကို စိုးရိမ်ကြောင့်ကြမှုများ ကြောင့်ဖြစ်ကြောင်းသိရသည်။

အချို့ကတော့ ပီအာလျှောက်ထားမှုများကို ခဏဆိုင်းငံထားပြီး လာမည့်နှစ်၂၀၁၂ခုနှစ်
အတွင်းကျင်းပမည် ဖြစ်သော စင်္ကာပူနိုင်ငံအထွေထွေရွေးကောက်ပွဲပြီးမှသာလျှင်
လျှောက်ထားကြမည်ဖြစ်ကြောင်းနှင့် ပိုပြီးအခွင့်အရေး ပိုရလိမ့်မည်ဟုခန့်မှန်းကြသည်။
ကနေဒါနိုင်ငံသူ Ms xxxxနှင့်သူ့အမျိုးသားအနေဖြင့် ပီအာ လျှောက်ထားမှုကို ဆိုင်းငံထားမည်
ဟုစဉ်းစားထားကြောင်း၊ အထွေထွေ ရွေးကောက်ပွဲအပြီးမှာစင်္ကာပူအစိုးရအနေဖြင့် တံခါးပိုမိုဖွင့်
လာမည်ဟု ယူဆ၍ဖြစ်ကြောင်းပြောသည်။

ရွေးကောက်ပွဲအပြီးမှ ပီအာပြန်လည်လျှောက်ထားမှုများနဲ့ ပတ်သတ်တဲ့အခြားအကြောင်းပြချက်
တစ်ခုကတော့ အစိုးရအနေဖြင့်ရွေးကောက်ပွဲပြီးဆုံးပါက နိုင်ငံခြားသားများနှင့်ပတ်သတ်သော
ပေါ်လစီများ အပေါ်ကြိုက်နှစ်သက်ခြင်းမရှိသောပြည်သူများ၏ ဖိအားတချို့လျော့ကျသွားဖွယ် ရှိခြင်းကြောင့်ဖြစ်ကြောင်းသိရှိရသည်။

သို့သော်ပါလီမန်အမတ် Mdm Halimah ကတော့ ပီအာလျှောက်ထားမှုများနဲ့ အထွေထေ
ွရွေးကောက်ပွဲဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အချက်ကို မဖြစ်နိုင်ကြောင်းငြင်းဆိုလိုက်သည်။ သူကဆက်ပြီးကျွန်မအနေနဲ့ကတော့ရွေးကောက်ပွဲ မတိုင်မီနဲ့ရွေးကောက်ပွဲပြီးမှဆိုတာ
တွေကြောင့် ဘယ်လိုမှ ပြောင်းလဲလာလိမ့်မယ်လို့မထင်ပါဘူး။ အစိုးရရဲ့ ပေါ်လစီတွေကို
ဒီအချက်ကြောင့်ဘယ်လိုမှအလွယ်တကူပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။ အကြောင်း အရင်းတစ်ခုအနေနဲ့ပတ်သတ်မှုကတော့ နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့တန်ဖိုးတွေကို
စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းကို အကျိုးရှိစွာအသုံးချနိုင်ဖို့ပါပဲ။

အထက်ပါ Special Report နဲ့ဆက်စပ်ပြီး စာမျက်နာတစ်ခုထဲမှာဖော်ပြခဲ့တဲ့ တခြားသတင်း
တစ်ခုက အောက်မှာဆက်ပြီးဖော်ပြပေးထားပါတယ်။

Rejected applicants may try again

စင်္ကာပူအစိုးရအနေဖြင့် ယခင်ကပီအာလျှောက်ထားမှုရှိပြီး၊ ပယ်ချခံထားရသူများကိုပြန်လည်
လျှောက်ထားဖို့၊ အထူးသဖြင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုနိုင်သူများနှင့်
အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသူများ နောက်တကြိမ်လျှောက်ထား ကြရန် ကြိုဆိုလိုက်ကြောင်း
သိရှိရသည်။

အချို့နိုင်ငံခြားသားများအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုရန်နှင့်
လူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်နိုင်ရန် အလားလာကောင်းရှိသူ အများအပြား ပိုမိုတင်းကြပ်
တဲ့စံနှုန်းများကြောင့်၎င်းတို့၏ ပီအာလျှောက်ထားမှုများ ပယ်ချခံရမှုများရှိခဲ့သည်ကို တွေ့ရှိရ
ကြောင်းအသစ်ဖွဲ့စည်းတည်ထောင်ထားသော National Population and Talent Division
မှပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားလိုက်သည်။

တချို့သူများအနေဖြင့်ယခင်လျှောက်ထားချိန်တွင် စံနှုန်းမကိုက်ညီပဲ နောင်တွင်စံနှုန်းပြည့်ဝ
သူများဖြစ်လာနိုင်သည့်အတွက်နောက်တကြိမ်ထပ်မံကြိုးစားသင့်ကြောင်း အဆိုပါပြောရေးဆို
ခွင့်ရှိသူကအကြံပေးလိုက်သည်။ သူကဆက်ပြီး -

“အခုလို နိုင်ငံခြားသားများဝင်ရောက်မှုနှုန်းထားများတွက်ချက်နေစဉ်ကာလာမှာပဲ၊စင်္ကာပူရဲ့
စီးပွားရေးနဲ့ လူမှုရေးများကိုအထောက်အကူ ပြုစေသူတွေ၊ ရှိနေနှင့်ပြီးသားနိုင်ငံသားများနဲ့
ပေါင်းစပ်နိုင်သူတွေ၊သေခြာအခိုင်အမာအခြေချနေထိုင်နိုင်သူတွေအတွက် တံခါးဖွင့်ကြိုဆို
လျှတ်ရှိပါတယ်”

သူတို့၏ ဌာနကြီးနေဖြင့် လျှောက်ထားသူတိုင်းကို အတိအကျစဉ်းစားသုံးသပ်ပေးပြီး၊ အောင်မြင်
မှုရှိသောလျှောက်ထား သူအများအပြား မှာသူတို့၏ကျွမ်းကျင်မှုဆိုင်ရာ အတက်ပညာရှင်များ၊ နည်း
ပညာဆိုင်ရာအထူးကျွမ်းကျင်သူများပါဝင်ပါသည်။ အခြားစဉ်းစားသောအချက်အလက်များအနေဖြင့်
လျှောက်ထားသူ၏အသက်၊ စီးပွားရေးနှင့်လူမှုရေးအထောက်အကူပြုမှု၊ အတည်တကျအမှန်တကယ်
နေထိုင်နိုင်မှုစတဲ့အချက်တွေပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားပါသည်။

ထို့အပြင်လျှောက်ထားသူ၏ မိသားစုဝင်များ အနေဖြင့်အခြေချနေထိုင်လိုပါက လည်းထည့်သွင်း
စဉ်းစားကြောင်းနှင့်အခြား စဉ်းစားပေးသည့်လျှောက်ထားသူများ ကတော့ စင်္ကာပူနိုင်ငံသားများရဲ့
အိမ်ထောင်ဖက်များဖြစ်ကြောင်းအဆိုပါပြောရေးဆိုခွင့်ရှိသူမှပြောကြားသွားခဲ့သည်။


Reference :
The Straits Times, Saturday January 22, 2011 Prime Special Report (Chasing that Elusive PR) By " Mr Teh Joo Lin and Ms Melissa Kok"

Ko Sol's blog
http://myanmarinsingapore.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။