Home » , » မလေးရှားမှ မိတ်ဆွေများ ကျေးဇူးပြု၍ အကူအညီပေးကြပါရန်

မလေးရှားမှ မိတ်ဆွေများ ကျေးဇူးပြု၍ အကူအညီပေးကြပါရန်

Written By မောင်စေတနာ on Friday, February 4, 2011 | 8:35:00 PM



လူသားတိုင်းဟာ ကိုယ့်မိသားစုနဲ့ နွေးနွေးထွေးထွေးလေး နေချင်တယ်ဆိုတာ
ပြောစရာမလိုအောင် လူတိုင်းသိတဲ့ ဆန္ဒလေးပါ။ ကျွန်မတို့အခုလို ရေခြားမြေခြား
မှာ မိသားစုနဲ့ ခွဲနေရတဲ့အချိန်မှာ မိသားစုရဲ့ တန်ဖိုးကိုပိုလို့တောင် သိကြမှာပါ။


အဲလိုပါပဲ မိသားစုစီးပွားရေးအရ ကိုယ့်သားသမီးကို မလွှတ်ချင်ပဲ နိုင်ငံရပ်ခြားကို
လွှတ်လိုက်ရတဲ့မိဘတွေလည်း ရှိကြမှာပါ။ ပျောက်နေတဲ့ သားတစ်ယောက်ကြောင့်
ပူပန်နေရတဲ့ မိဘတွေရဲ့ ခံစားချက်၊ ပြန်မလာတော့တဲ့ အကိုတစ်ယောက်ကို မျော်ရ
တဲ့ ညီမတစ်ယောက်ရဲ့ ခံစားချက်လေးတွေကိုကျွန်မတို့တက်နိုင်တဲ့ ဘက်ကကူညီ
အားပေးကြရအောင်ပါလားရှင် ....

ကျွန်မတို့မြန်မာတွေဆိုတာ ကူညီတတ်ကြပါတယ်။ စင်ကာပူမှာ ကျွန်မ အရမ်းချစ်ရ
အခန်းဖော် အမတစ်ယောက်က သူ့ခံစားချက်လေးကို ပြောလာတဲ့အချိန်မှာ ကျွန်မ
တကယ် စိတ်မကောင်းဖြစ်ရပါတယ်။

ပျောက်သွားတဲ့ အကိုဟာ မလေးရှားကို ထွက်သွားပြီးကတည်းက Over stay ဖြစ်ပြီး
မိသားစုကို မဆက်သွယ်တာ ၅ နှစ်ကျော်တောင် ရှိသွားပါပြီ။ ရန်ကုန် မှာ ကျန်နေတဲ့
ဖခင်ကတော့ သူမသေခင် သူ့သားလေးကို တွေ့ချင်တယ်လို့ ပြောနေတယ်ဆိုတာ
သိလိုက်ရတော့ ကျွန်မ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။

ဒီမိသားစုလေး ပြန်လည် ဆုံစည်းဖို့ကျွန်မတို့ လူုသားဆန်တဲ့ စိတ်ထားလေးနဲ့
ကူညီကြပါစို့.....

နာမည် ..... မောင်ကျော်ဝင်းအောင်
အသက် ...... ၃၀ ၀န်းကျင်
ဖခင်အမည် ... ဦးမြသိန်း
နေရပ်လိပ်စာ... ရန်ကုန်တိုင်း..
ထန်းတပင်မြို့နယ် အလိမ်လည်ရွာ

့မြန်မာပြည်က ၂၀၀၂ မှာ မလေးရှားကို ထွက်သွားပြီး တနှစ်ကျော်လောက်ကြာတော့
လုံးဝကို အဆက်အသွယ်မရှိတော့ဘူးလို့ ပြောပါတယ်။ သေသလား ရှင်သလားလည်း
မသိရဘူးလို့ ပြောပြပါတယ်။

ကိုကျော်ဝင်းအောင် ကို သိသောသူများ အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို
ဆက်သွယ်အကြောင်းကြားပေးကြပါရှင် ....

ကိုဇော်မင်းထွေး .... + ၆၀၁၄ ၃၆၇၁၂၇၇
ကိုကျော်သက် ........+၆၀၁၄ ၃၆၉၅၅၇၉

ပျောက်နေတဲ့အကိုရဲ့ ပုံကိုကျွန်မ attach တွဲပေးထားပါတယ်..တကယ်လို့များ ဓါတ်ပုံရှင်ကို
ကျော်ဝင်းအောင် ကို သိခဲ့မယ်ဆိုရင်ရန်ကုန်က ဖခင် စိတ်ပူနေတယ်ဆိုတာလေး ပြောပြပေး
စေချင်ပါတယ် . ညီမအရင်းကတော့ စင်ကာပူကို ရောက်နေပြီး မလေးရှားမှာ ပျောက်သွားတဲ့
အကို ကို ရှာနေပါတယ်လို့ သိစေချင်ပါတယ်။

ကျွန်မတို့ မွန်မြတ်တဲ့ စိတ်ထားနဲ့ အနည်းဆုံးတော့ ဒီ mail လေးကို forward လုပ်ပြီး ပျောက်
နေတဲ့ အကို တစ်ယောက် ( သားတစ်ယောက်) ကို ၀ိုင်းရှာရင်း ကုသိုလ်ယူကြပါစို့ရှင်....

ဒီmail လေးကို ဖတ်ရတဲ့ သူငယ်ချင်းများ အားလုံးလည်း ကိုယ်ချစ်တဲ့ မိသားစုနဲ့
အတူတကွ နေထိုင်နိုင်ကြပါစေလို့ ကျွန်မတကယ့်စေတနာ အရင်းခံနဲ့ဆုတောင်း
ပေးပါတယ်ရှင် ......

ဒီမိသားစုလေး ပြန်လည်ဆုံစည်းဖို့ကျွန်မတို့ တက်နိုင်သလောက်
ကုသိုလ်ယူရင်း ပြန်ရှာပေးကြပါစို့လားရှင် .....

စေတနာများစွာဖြင့်
မိမွန်ချမ်း

Forward ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

Share this article :

2 comments:

ရဲထွန်းဇော် said...

ဓါတ်ပုံကဘယ်မှာလဲ...ညီ

Margaret Joe said...

မကြီးကလည်း..အလိန်လည်ရွာကပါ
သတင်းအချက်အလက်သေသေချာချာသိချင်ပါတယ်
မောင်ကျော်သက်ဖုံးကိုခေါ်တာလည်းanswerမလုပ်ပါ
တတ်နိုင်တဲ့ဘက်ကကူညီချင်လို့ပါ။
စင်္ကာပူကညီမဆိုတာနဲ့တိုက်ရိုက်ဆက်သွယ်လို့ရနိုင်ရင်
ဆက်သွယ်ပေးပါနော်။ကျေးဇူးတင်ပါတယ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။