Home » » ၂၀၀၉ ခုနှစ် အကယ်ဒမီဆုရ ဇာတ်ကားများ ဂုဏ်ပြု တင်ဆက်မှုအဖြစ် ရှေ့ဆောင်ရုပ်ရှင်ရုံတွင် ပြသခဲ့

၂၀၀၉ ခုနှစ် အကယ်ဒမီဆုရ ဇာတ်ကားများ ဂုဏ်ပြု တင်ဆက်မှုအဖြစ် ရှေ့ဆောင်ရုပ်ရှင်ရုံတွင် ပြသခဲ့

Written By မောင်စေတနာ on Sunday, February 6, 2011 | 7:18:00 PM

http://www.news-eleven.com/images/stories/Feb11/bi/e3457.jpg

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနားတွင် ဆုရရှိခဲ့သည့် အကယ်ဒမီ ဇာတ်ကားများအား ဂုဏ်ပြုတင်ဆက်မှုအဖြစ် ရှေ့ ဆောင်ရုပ်ရှင်ရုံတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ရုံတင်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။


ရုံတင်ပြသသည့် ဇာတ်ကား များမှာဇန်န၀ါရီလ၂၈ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် 'ဇော်ကကနေသည်' ဇာတ်ကား၊ ဇန်န၀ါရီလ ၃၀ရက်နေ့ တွင် 'မိုးညအိပ်မက်မြူ'ဇာတ်ကား၊ဇန် န၀ါရီလ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် 'ကျောက်စက်ရေ' ဇာတ်ကား၊ဖေဖော်ဝါရီလ၂ရက်နေ့နှင့် ၃ရက်နေ့များတွင် 'အတိတ်၏အရိပ်' ဇာတ်ကားများကို ရုံတင်ပြသခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

၂၀၀၉ ခုနှစ်အတွက်အကယ် ဒမီဆုရရှိခဲ့သည့်ဇာတ်ကား ၅ ကား အနက်ဇာတ်ကားဆုရရှိသည့် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးသော 'ကြိုးကြာတောင်ပံခတ်သံ' ဇာတ်ကားသည် ရန်ကုန်မြို့၌ ရုံတင်ပြသမှု မပြုရသေးသည့်အတွက် ရှေ့ဆောင်ရုပ်ရှင်ရုံတွင် ရုံတင်မှုမပြုတော့ဘဲ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ရုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှေ့ဆောင် ရုပ်ရှင်ရုံတွင် ရုံတင်ပြသသည့် ဇာတ်ကားလေးကားအနက် ဇော်ကကနေသည် ဇာတ်ကား သည် ရုပ်ရှင်ဒါရိုက်တာဆုနှင့် တေးဂီတဆု၊ မိုးညအိပ်မက်မြူဇာတ်ကား သည် အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု၊ ကျောက်စက်ရေ ဇာတ်ကားသည် ရုပ်ရှင်တည်း ဖြတ်ဆု၊ 'အတိတ်၏အရိပ်' ဇာတ်ကားသည် ရုပ်ရှင်ဓာတ်ပုံဆုနှင့် အသံဆုတို့ကို အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။