Home » » အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က

အောင်မြင်သော တေးသီချင်းများ နောက်ကွယ်က

Written By မောင်စေတနာ on Tuesday, February 22, 2011 | 11:19:00 PM

http://www.news-eleven.com/images/stories/Feb11/bi/e3474.jpg

ယခုအပတ်မှာတော့ အမျိုးသားအဆိုတော်တွေ စုပေါင်းရေးသားသီ ဆိုထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ နောက်ကွယ်က ဖြစ်ရပ်များဆီ ချဉ်းကပ်မိခဲ့ပါတယ်။ အဲဒီသီချင်းလေးရဲ့နာမည် က 'အချစ်သီချင်း' ဖြစ်ပြီး မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်လေးတို့နဲ့ ဇေယျာသော်တို့က ရေးသားခဲ့တာဖြစ်ပြီး သီဆိုခဲ့တာက မျိုးကျော့မြိုင်၊ အဲလက်စ်၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကောင်းမြတ်တို့ပဲဖြစ်ပါတယ်။ လူတစ်ကိုယ်ခံစားချက် တစ်မျိုး၊ အကြိုက်တစ်သွယ်ဆိုတဲ့ အတိုင်းပါပဲ။ လူတစ်ဦးစီရဲ့ အချစ်ခံစားချက်များကို ဖွင့်သီခဲ့တဲ့ အဲဒီသီချင်းလေးကတော့ ပါဝင်သီဆိုသူများရဲ့ အချစ်အပေါ် လတ်တလော အမြင်လေးဖြစ်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ လှပသောသံစဉ်၊ သေသပ်သည့် စကားလုံး၊ အနိမ့်အမြင့်သံစဉ်များဖြင့် နှိုးထပေးနိုင်သည့်အချစ်သီချင်း ကိုအစပြုခဲ့တာကတော့ မျိုးကျော့မြိုင်ပဲ ဖြစ်ပါတယ်။ သူဘယ်လိုမျိုး အိုင်ဒီယာရသွားတာပါလိမ့် ...



လူတစ်ဦးချင်းစီမှာ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တစ်ခုစီဆိုတာရှိတယ်။ တစ်ဦးနဲ့တစ်ဦးမတူ ကြဘူး။ အဲဒီမတူညီတာလေးကို ရေးမယ်ဆိုပြီး ကိုယ်နဲ့နီးစပ်တဲ့သူတွေနဲ့ တစ်ထိုင်တည်း ဖန်တီးခဲ့တာပါ' လို့ ဆိုကာမျိုးကျော့မြိုင်က အချစ်သီချင်းလေးရဲ့ စတင်ဖြစ်ပုံလေးကို အခုလို ပြောပြပေးခဲ့ပါတယ်။

အဲဒီသီချင်းလေးက စာသား အဖြစ်မတည်ရှိခင် နှစ်ကာလအတန်ကြာကတည်းက အဆိုတော်မျိုး ကျော့မြိုင်က ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးအတွက် အမှတ်တရလက်ဆောင် အဖြစ်ပေးခဲ့တဲ့ သံစဉ်လေး ဖြစ်ကြောင်းကိုလည်း 'ကျွန်တော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့မွေးနေ့ မှာ တီးလုံးလေးတွေ ပေးမယ်ဆိုပြီး သံစဉ်လေးတွေရှာတဲ့အခါမှာ ဒီ စန္ဒရားသံစဉ်လေးတွေပါတဲ့ တီးလုံးလေးကိုသဘောကျပြီး အဲဒီတီးလုံး သီးသန့်ကို လက်ဆောင်ပေးလိုက်ပါ တယ်။ အဲဒါက ဒီသီချင်းစာသားတွေ မထည့်မီ နှစ်နှစ်လောက်ကတည်းက သံစဉ်ရှိပြီးသား'လို့ ဆိုပါတယ်။

အဲဒီလို လက်ဆောင်ပေးပြီး နှစ်နှစ်တာကာလလွန်ပြီးချိန်ရဲ့ တစ်နေ့မှာ အရင်ကလုပ်ထားတဲ့ သံစဉ်တွေကို နားထောင်ရာက အဲဒီသံစဉ် ကို အမှတ်မထင် ပြန်လည်နားထောင် မိခဲ့ပြီး သီချင်းရေးဖို့ အစီအစဉ်ဖြစ် လာခဲ့ပါတော့တယ်။

'ဒီသံစဉ်လေးကို ပြန်နားထောင်တဲ့အခါမှာ ကျွန်တော်လက်ဆောင်ပေးခဲ့တဲ့ မိတ်ဆွေနဲ့လည်း အဆက်အသွယ် မရတော့ပါဘူး။ အဲလိုနားထောင်ရင်းကနေ လူတစ်ဦးစီမှာ အချစ် တစ်မျိုးစီရှိကြတယ်။ အဲဒီ မတူညီတာကိုပဲ ချရေးမယ်ဆိုပြီး တစ်နာရီလောက်မှာပဲ သီချင်းတွေ ရေးကြတာပါ။ ရေးကြတဲ့သူတွေ အားလုံးကလည်း သူ့ဟာနဲ့သူ တော်ကြတဲ့လူတွေဆိုတော့ ဘာမှထွေထွေထူးထူးလုပ်စရာမလိုဘဲ ရေးပြီးတာနဲ့ ကျွန်တော့် စတူဒီယိုမှာပဲ တစ်ခါ တည်း အသံသွင်းခဲ့တာပါ'လို့သီချင်း ဖြစ်ပေါ်လာပုံရဲ့အဆုံးကို မျိုးကျော့ မြိုင်က ဆိုခဲ့ပါတယ်။

ပါဝင်သီဆိုသူ အဆိုတော် အဲလက်စ်ကတော့ အဆိုပါသီချင်း နှင့်ပတ်သက်ပြီး 'ဒီသီချင်းမှာ ကျွန်တော်ဝင်မရေးဖြစ်ပါဘူး။ ကျန်တဲ့လူ တွေကတော့ ကိုယ်ဆိုမယ့်အပိုဒ်ကို ကိုယ်တိုင်ရေးပါတယ်။ ကျွန်တော် ကတော့ ကိုမျိုးကျော့က ဒီအပိုဒ်လေး ဆိုပေးပါဆိုတာနဲ့ စာသားလေးလည်း သဘောကျလို့ ဆိုလိုက်တာပါ'လို့ ဆိုပါတယ်။

Source by :
http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။