Home » » စင်ကာပူ၌ နိုင်ငံခြားသားအလုပ်အကိုင်ရရှိမှု ၄၀ ရာခိုင်နှုန်း မြင့်တက် ခဲ့သော်လည်း မြန်မာနိုင်ငံသားများ၏ နေထိုင်ခွင့် များအား ပိုမိုစိစစ်နေ

စင်ကာပူ၌ နိုင်ငံခြားသားအလုပ်အကိုင်ရရှိမှု ၄၀ ရာခိုင်နှုန်း မြင့်တက် ခဲ့သော်လည်း မြန်မာနိုင်ငံသားများ၏ နေထိုင်ခွင့် များအား ပိုမိုစိစစ်နေ

Written By မောင်စေတနာ on Wednesday, February 23, 2011 | 3:05:00 PM



စင်ကာပူ၌ နိုင်ငံခြားသား အလုပ်အကိုင် ခန့်အပ်ရရှိမှုအနေအထားအရ ၂၀၁၀ နှစ် ကုန်ပိုင်းအထိ ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု စင်ကာပူနိုင်ငံရှိ အလုပ်သမားရေးရာ ၀န်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

စင်ကာပူ၌ နိုင်ငံခြားသား အများစုမှာ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့် မြန်မာနိုင်ငံသား များဖြစ်ကြကာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခွင့်ရရန် နေထိုင်ခွင့်များအား ပိုမိုစိစစ်မှုများ ရှိနေခဲ့ကြောင်း စင်ကာပူရောက် မြန်မာများထံမှ စုံစမ်းသိရှိရသည်။



လက်ရှိ စင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသူများမှာ S pass၊ Employment Pass နှင့် Work Permit အမျိုးအစားများဖြင့်သာ နေထိုင်မှုများကြပြီး S pass ဖြင့်နှစ်ရှည် နေထိုင်ကြသူများသည် Permanent Residence (PR)အဖြစ် ပြောင်းလဲ လျှောက်ထားလာကြရာတွင် အများစု အခက်အခဲကြုံလာရသည်ဟု သိရသည်။

ထို့ပြင် Student Pass ဖြင့် ကျောင်းတက်နေကြသူများ၌လည်း ဒီပလိုမာ၊ အဆင့်မြင့်ဒီပလိုမာများ ပြီးဆုံးထားသော်လည်း S pass လျှောက်ထားရာ၌ ခက်ခဲမှုရှိခဲ့ကြောင်းလည်း သိရသည်။

ယခင်က စင်ကာပူအစိုးရ၏ ပေါ်လီဒီပလိုမာပြီးဆုံးသူ အများစုသည် စင်ကာပူ၌ ပီအာရရှိကြသော်လည်း ယခုအခါ ပေါ်လီပြီးဆုံးသူတိုင်း PR မပေးတော့ကြောင်း စင်ကာပူ NTU ၌ တတိယနှစ် တက်ရောက်နေသူ မြန်မာလူငယ်တစ်ဦးက ဆိုပါသည်။

"စင်ကာပူကို ကျောင်းတက်ဖို့ သွားမယ့်သူတွေကလည်း အလုပ်ထက် ပညာရေးကိုဦးစားပေး ထွက်ခွာလာတာပိုများလာသလို ဘွဲ့ရပြီး အလုပ်အကိုင် ပြန်လည်ရရှိမှုပိုင်းမှာလည်း ကိုယ့်ရဲ့အရည်အချင်းနဲ့ပဲ သက်ဆိုင်လာတယ်။ ကျောင်းတစ်ခုထဲကပဲ ဘွဲ့အတူတူရပေမယ့်အလုပ်ရတာချင်း ကွာခြားချက်တွေရှိကြတယ်"ဟု စင်ကာပူပညာရေး ကျွမ်းကျင်ပညာရှင် ဦးအောင်ကျော်ဆန်း က ပြောကြားခဲ့သည်။

စင်ကာပူ အလုပ်အကိုင်ဈေးကွက် အနေအထားများအရ ၂၀၀၉ တွင် နိုင်ငံခြားသား အလုပ်အကိုင်ရရှိမှု အနေအထားမှာ လျော့ကျခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် နှစ်စပိုင်းမှ စတင်၍အလုပ်အကိုင် ပိုမိုကောင်းမွန် လာခဲ့သည်ဟု MOM ၏ စာရင်းဇယားများအရ သိရှိရသည်။

သို့သော် မြန်မာကျောင်းသားများမှာ Student Pass ဖြင့်ထွက်ခွာ၍ ကျောင်းခေါ်ချိန် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီမှုမရှိခြင်း၊ ဘာသာရပ် မတူညီသည့် ကျောင်းများသို့ မကြာခဏ ပြောင်းလဲလျှောက်ထားခြင်းများ ရှိခဲ့ပါက ယင်းနိုင်ငံ၏ Student Pass ဖြစ်စေ၊ အခြားနေထိုင်ခွင့်များကိုဖြစ်စေ လျှောက်ထားသည့်အခါ အလွယ်တကူ မရနိုင်တော့သည့်ဖြစ်ရပ်များလည်း ရှိလာနိုင်သည်ကို Ascensia Academy Singapore ၏ကိုယ်စား လှယ် Crown Education မှတာဝန်ရှိသူက ပြောကြားခဲ့သည်။

ခုနစ်နှစ်အတွင်း စင်ကာပူ၏ အလုပ်သမားခန့်အပ်မှု အနေအထားပြဇယား


Source by :http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။