Home » » မျှော်လင့် မိသော ဆန္ဒလေး တစ်ခု ...

မျှော်လင့် မိသော ဆန္ဒလေး တစ်ခု ...

Written By မောင်စေတနာ on Tuesday, February 14, 2012 | 12:30:00 AM



မျှော်လင့် မိသော ဆန္ဒလေး တစ်ခု

ရှင်သန်နေတဲ့
အသက်လေး တစ်ခုနဲ့
နေ့ရက်လေးတွေ တိုင်းမှာ
သူ့ ကိုသတိရနေမိတယ်။

နေ့နေ့ ညည အချိန်တွေကို
သူနဲ့ အတူတူ ဖြတ်သန်းရင်း
မျှော်လင့်သော ဆန္ဒတစ်ခုကို
စိတ်ကူးထဲက ပုံဖော်နေမိတယ်။

ခံစားနေရတဲ့
အလွမ်းရက်တွေ
သတိရတဲ့ အချိန်တွေကို
သူ သိလောက်မယ် ထင် မိ ပါ ရဲ့ ...

ချစ်ရက်နဲ့ ဝေးကွာနေရတဲ့
အချိန်တွေ နေ့ရက်တွေကို
ဖြတ်ကျော်ရင်း သတိရတဲ့
စိတ်တွေ တိုးတိုး လာမိတယ်။

တကယ်ပါ
ဘဝမှာ တစ်ကြိမ်သာ
ဆုတောင်းခွင့် ရှိမယ်ဆိုရင်
သူနဲ့ နီးဖို့ ဆုတောင်းမိမှာပဲ။

ဝေးနေရတဲ့
အချိန်တွေကို အမြန်
သူနဲ့ နီးစေဖို့ နှလုံးသားထဲက
တိတ်တိတ်ကလေး

မျှော် လင့် တောင်း ရင်း


ချစ်ခြင်းများစွာဖြင့်

နေ ဇော် လင်း

14.2.2012
12:00 AM



Share this article :

3 comments:

ဖြူ ဖြူ said...

ကဗျာလေးကို လာအားပေးသွားပါတယ် ရှင်

နောက်လည်း ဒီထက် ရေးနိုင်ပါစေနော် ......

Tin said...

လာလည်သွားပါတယ်ခင်ဗျ

မဒမ်ကိုး said...

မျှော်လင့်ချက်လေးတွေအမြန်ဆုံးပြည့်ဝပါစေ မောင်ငယ်ရေ ..

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။