Home » » စင်င်္ကာပူ မြေပေါ်မှ အလွဲများ ၂

စင်င်္ကာပူ မြေပေါ်မှ အလွဲများ ၂

Written By မောင်စေတနာ on Sunday, February 20, 2011 | 8:55:00 AM



ညဆိုင်း အလုပ် ဆင်းရတဲ့ တစ်ရက် ကျွန်တော် မောင်းရတဲ့ စက်က ပျက်နေသောကြောင့် ပျင်းပျင်း ရှိတာနဲ့ အခန်းဖော် သူငယ်ချင်းရှိရာ ဌာန ဘက်ကို ထွက်လာ ခဲ့သည်။ သူတို့ ဌာနကို ရောက်တော့ သူ့ လုပ်ဖော် ကိုင်ဖက် တရုတ် တစ်ယောက်နဲ့  ဘာပြဿနာတွေ တက်နေသည် မသိ၊ လက်ဟန် ခြေဟန်တွေနဲ့  စကား အခြေ အတင်တွေ ဖြစ်နေဟန်ကို အဝေးမှပင် လှမ်းမြင် နေရသည်။


ကျွန်တော်လဲ ဘာတွေများ ဖြစ်သလဲလို့ စိတ်ဝင် စားစွာဖြင့် အနားကို အလျင်အမြန် သွားကြည့် မိသည်။ အနားကို ရောက်တယ် ဆိုရင်ပဲ သူငယ်ချင်း ဖြစ်သူ၏ သူ့ လုပ်ဖော် ကိုင်ဖက် တရုတ်အား ရှင်းပြနေသံ -Before you never talk လား၊ နောက်ကျမှ talk တော့ I don’t know လား ဆိုသည့် အသံကို ကြားရသည်။

သူဘာ ပြောလိုက်သလဲ ဆိုတာ အမှတ်တမဲ့ ကျွန်တော်ပင် နားမလည် ဒါပေမယ့် တရုတ် ကတော့ နားလည်သည်။ သူမသိဘူး မန်နေဂျာဆီ သွားပြောဟု ပြောသည်။ ထိုအခါ သူက ဒေါသတကြီးဖြင့် you go လား ဟုပြောသည်။ တရုတ်ကလဲ you go လား ဟုပြန်ပြော သဖြင့်၊ နှစ်ယောက်သား you go၊ you go ဖြင့် မုန့် လုံး စက္ကူကပ် နေကြတာ တော်တော်ပင် ကြာသည်။ ခဏနေတော့ သူငယ်ချင်း ဖြစ်သူက တရုတ်ကို လက်ညိုးထိုး ကိုယ့်ကိုယ်ကိုယ် လက်ညိုးထိုးပြီး ok, You go၊ I go အတူတူ go လား ဟုပြောပြီး နှစ်ယောက်သား မန်နေဂျာဆီ အတူတူ go သွား သဖြင့် ကျွန်တော်လဲ ကိုယ့်နေရာ ကိုယ်တစ်ယောက် တည်းပြန် go လာခဲ့ ရသည်။

ဒီမှာ ကတော့ အင်္ဂလိပ် စကားတွေ ကတော့ ကျိုးချင် တိုင်းကျိုး ပဲ့ချင်တိုင်း ပဲ့နေတော့သည်။တစ်ရက် ကျွန်တော်တို့  ထမင်းစား နားချိန် စားသောက် ပြီးနောက် ဝိုင်းဖွဲ့ စကားပြောမိ ကြစဉ် တရုတ်တစ်ယောက်က ကျွန်တော့်အား မင်းဘာကိုးကွယ်လဲဟု မေးသည်။ ကျွန်တော်က Buddhist ဟု ပြန်ပြောရာ တရုတ်က ငါလဲ Buddhist ပဲ တို့ နှစ်ယောက် ကိုးကွယ်တဲ့ ဘာသာ အတူတူ ပဲလို့  ပြန်ပြောသည်။ အဲဒီ အချိန်မှာပဲအားလုံး သိတဲ့ အတိုင်းပဲ ကျွန်တော့်ရဲ့ သူငယ်ချင်း ဖြစ်သူက တရုတ်ကို ဝင်ပြောသည်။

no…no….,we are ထေရဝါဒ . you are မဟာယာန no same ဟု ဝင်ပြောရာ တရုတ်က တဟင်… ဟင်နဲ့  ဘာပြောတာလဲ ဘာပြောတာလဲ ဟုသာ ပြန်မေး နေသဖြင့် ကျွန်တော်က ဘာမှ မဟုတ်ပါဘူး ဟုပြန်ပြော လိုက်ရသည်။ ကျွန်တော်လဲ သူတို့ ဆီမှာ ထေရဝါဒနဲ့  မဟာယာန ရှိမရှိသေချာမသိ ထို့ ကြောင့် သေချာ ရှင်းမပြ နိုင်သောကြောင့် ဘာမှ မဟုတ်ဘူး လို့ သာ ပြန်ပြော လိုက်ရသည်။

တစ်ရက် ကျွန်တော် ညဆိုင်း ဆင်းပြီး ပြန်လာတော့ ဘက်စ်ကား ပေါ်မှာ မနက် အစောကြီးမို့  လူတစ်ယောက်မှ ပါမလာ သေးဘူး။ ကျွန်တော် ကတော့ ခပ်တည်တည်ပဲ စီးလာ ခဲ့တာပေါ့ မသိရင် တစ်ယောက်တည်း ကားစီးလုံးပဲ ငှားလာ သလိုလို။ ဒါနဲ့  ရှေ့မှတ်တိုင် ရောက်တော့ တရုတ်တစ်ယောက် ကုလား တစ်ယောက် ကားပေါ် တက်လာပြီး ကျွန်တော့် နောက်ဖက် နှစ်ခုံကျော် လောက်မှ လာထိုင်တယ်။

ကျွန်တော်လဲ တစ်ညလုံး အလုပ်ဆင်း ထားတာ ဆိုတော့ ကားပေါ်မှာ ခဏ မှေးခနဲ အိပ်ပျော် သွားတယ်။ ခဏကြာတော့ ကျွန်တော့် နားထဲ စကားသံ တချို့ ကြားရတယ်။ ကြားရတဲ့ အသံက မြန်မာလို ပြောသံကို ကြားရတာ ပထမတော့ ကျွန်တော်လဲ အိပ်မက်လိုလို ဘာလိုလို ဇဝေဇဝါ ဖြစ်နေတာ နောက်မှ အိပ်မက် မဟုတ်ဘဲ တကယ် ကြားနေရမှန်း သိရတာ။ အဲဒီိမှာပဲ ကျွန်တော့် ကျောထဲက နဲနဲ စိမ့်တက်လာတယ်။

အားလုံးပဲ သိတဲ့ အတိုင်း ပဲလေဗျာ ကားပေါ်တက်လာတာက တရုတ်တစ်ယောက် ကုလားတစ်ယောက် နားထဲမှာ ကြားရတာကမြန်မာ စကားသံ ကျွန်တော် နဲနဲတော့ လန့် သွားတာပေါ့။ သိတယ် မဟုတ်လား သတ္တိက အဲဒီလို ကောင်းတာ။ ဒါနဲ့ ကျွန်တော်လဲ နောက်ကို ဆက်ခနဲ လှည့်ကြည့် လိုက်တော့ တရုတ်နဲ့ ကုလားနဲ့ က မြန်မာလို အပီအပြင်ကို ငြင်းခုန် နေကြ တာဗျို့ ။ အဲဒီ တော့မှ ကျွန်တော်လဲ ဟင်းချ နိုင်တယ် မြန်မာ တရုတ်နဲ့  မြန်မာ ကုလား ဖြစ်နေ တာလေ လှည့်ကြည့်တော့ ကျွန်တော့်ကို တောင်ပြုံးပြ လိုက်သေးတယ်။

ဒီမှာကလဲ မြန်မာ လူမျိုးတွေက နေရာ အနှံ ရှိနေကြတာလေ။ တခါကလဲ ကျွန်တော်နဲ့  သူငယ်ချင်း နှစ်ယောက် BOONLAY ကို အလည်သွားကြတော့ MRT ရထား စီးသွား ကြတယ်။ CITY HALL MRT STATION ကိုလဲ ရောက်ရော တရုတ်မလေး တစ်ယောက် တက်လာတယ်။ ထုံးစံအတိုင်း MRT ရထားတွေက city Hall လောက် ရောက်ရင် လူတွေ ပြည့်ကြပ်ပြီး ခြေချစရာ နေရာတောင် အနိုင်နိုင်ရယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးက ကျွန်တော့် သူငယ်ချင်းတွေ ရပ်နေတဲ့ နေရာမှာ လာရပ်တယ်။

ဟိုကောင် တွေကလဲ သိတယ် မဟုတ်လား ကောင်မလေး တစ်ယောက် အနား ရောက်လာတော့ ဝိုင်းရှိုး ကြတာပေါ့။ တစ်ယောက်က ကောင်မလေး ချစ်စရာ လေးကွ အသား အရည်လေးက ဖွေးညက်ပြီး မျက်နှာလေးက နုဖတ် နေတာပဲ။ ဟေ့ကောင်… လာမထိနဲ့ နော် ဒါငါအရင် ဦးပြီးသား ငါနဲ့ က မျက်လုံးချင်း စကားပြော ပြီးသွားပြီ။ ကောင်မလေးက ငါမှ ငါပဲတဲ့။ မရတော့ဘူး သူငယ်ချင်း ငါ့ရင်ထဲမှာ ငြိသွားပြီ ကြည့်ပါလား ငါကို မျက်လုံးလေး ကလယ် ကလယ်နဲ့  ကြည့်နေတာ။ သေချာတယ် သူငါ့ကို ချစ်နေပြီ မင်းမနှောင့်ယှက်နဲ့ တော့ စသဖြင့် တစ်ယောက်နဲ့  တစ်ယောက် အပြန် အလှန် စနောက် နေကြသည်။

ကျွန်တော် ကတော့ သူတို့ ကို အဝေးက ကြည့်ပြီး ပြုံးနေမိသည်။ ဒီလိုနဲ့  ခရီး ဆက်လာ ခဲ့ကြရာ ခဏ နေတော့ ကောင်မလေးထံ ဖုန်းလာ သဖြင့် ဖုန်းပြန် ဖြေသံကို ကြားရသည်။ ဟဲလို… မမလား… အင်း… နောက်နှစ် မှတ်တိုင် ဆိုရင် Jurong East MRT ကိုရောက်ပြီ ခဏလေး စောင့်နော် မမဟု ပြန်ဖြေပြီး ဟိုနှစ်ကောင်ကို မျက်စောင်း ဒိုင်းခနဲ လှမ်းထိုး လိုက်တော့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်ခမျာ ပြူးတူး ပြာတာနဲ့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ပြီး ဘုရားပွဲ တွေမှာ တိုးတဲ့ အတိုင်း လူအုပ်ထဲ အတင်း ဖြဲတိုးပြီး အဲဒီနေရာ ကနေ အဝေးဆုံးကို တရွေ့ရွေ့ ထွက်သွား လေရဲ့ ။

ကျွန်တော့်မှာ သူတို့ ကို ကြည့်ပြီး အူတွေ တက်လို့ ။ဒီမှာ အဲဒီလို အဖြစ် အပျက်တွေ ကလဲအများကြီးပဲ။ နောက်ဆုံး အနေနဲ့  ကျွန်တော် ပြောပြချင် တာကတော့ ကျွန်တော့် ညိုကြီးကိုကြီး အကြောင်းလေးပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေ santosa ကျွန်းကို အလည် သွားကြတော့ Boonlay MRTမှာ လူစု ကြတယ်။ လူစုနေတုန်း ညိုကြီးကိုကြီး ခဏနေတော့ ပျောက်သွားတယ်။ သူကတော့ ထုံးစံ အတိုင်း လူက နေပေမယ့် ပညာက မနေ ဆိုသလိုပဲကောင်မလေး နှစ်ယောက် ဒုက္ခရောက်နေလို့  သွားကူညီ နေတာဗျ။

သူက အဲဒီလိုပဲ ကောင်မလေးတွေ ဒုက္ခ ရောက်နေရင် ကူညီိတတ်တယ် ယောက်ကျားလေးတွေ ဆိုရင်တော့ လှည့်တောင် မကြည့်ဘူး အကူအညီ လာတောင်းမှာ စိုးလို့ ။ သူက အဲဒီိလို သဘော ကောင်းတာလေ ဟဲ.. ဟဲ.. သိတယ်မလား။ နှာလေ… နှာ…ဖြစ်ပုံက ဒီလို – ကောင်မလေး နှစ်ယောက် တစ်ယောက်က စင်ကာပူမှာ အလုပ် လုပ်နေတာ တစ်ယောက်က မြန်မာပြည် ကနေ စင်ကာပူမှာ အလုပ် လုပ်နေတဲ့ ကောင်မလေး ဆီကို အလည် လာတာ။

သူတို့ နှစ်ယောက် MRT စီးမယ် လုပ်တော့ ဒီမှာနေတဲ့ ကောင်မလေးက ကော့ကော့ ကော့ကော့နဲ့  ကဒ်ဖြတ်ပြီး ရှေ့ကနေ ဝင်သွားတယ်။ အဲဒီမှာ နောက်က ကောင်မလေးက ဒုက္ခရောက် တော့တာပဲ။ သူ့ မှာက MRT ကဒ် မရှိဘူးလေ။ အဲဒီတော့မှ ရှေ့က ကောင်မလေးက သူ့ အဖော်မှာ ကဒ်မပါမှန်း သတိရပြီး အဖော် ကောင်မလေးကို ဘယ်လို ဘယ်လို လုပ်ရတယ် သင်ပေး လိုက်ပြီး တစ်ခါသုံး ကဒ်ကို စက်ကနေ သွားထုတ် ခိုင်းတယ်။ အပြင်က ကောင်မလေးက စက်ကနေ ကဒ်ကို မထုတ် တတ်ဘူး ဖြစ်နေတယ်။

အထဲ ရောက်နေတဲ့ မရွှေချော ကလဲ ပိုက်ဆံ ပြားလေးဆယ် ကုန်မှာ ကြောက်ပြီး အပြင် ပြန်မထွက်ပဲ အထဲကနေ မိန်းမတို့ အိနြေ္ဒ ခုနစ်ချီ အသံနဲ့  လှမ်းလှမ်း အော်တယ်။ ဟိုကလဲ နားမလည်ဘူး။ ညိုကြီးကိုကြီး အဲဒီ အသံတွေကို ကြားပြီး ကြားထဲက မနေနိုင် ဖြစ်ပြီး ကောင်မလေး တွေကို သွားကူညီတာ။

ကဒ်က ဘယ်ထုတ် ရမလဲ ပိုက်ဆံမှ ပြည့်အောင် မထည့်တာ။ ဒါနဲ့ ညိုကြီးကိုကြီးက အိတ်ထဲကနေ ပြားငါးဆယ်ကြီး များတောင် စိုက်ပြီး ကောင်မလေးကိုကဒ် ထုတ်ပေး လိုက်တယ်။ ပြီးတော့မှ ညိုကြီးကိုကြီးက ကျေးဇူးတွေ အထပ်ထပ် အတင်ခံ လိုက်ရတဲ့ မျက်နှာကြီးနဲ့  ကျွန်တော်တို့  ဆီကို ပြန်ရောက် လာတယ်။ အပေါ်က အကြောင်းအရာ တွေကို အဲဒီတော့မှ ညိုကြီးကိုကြီး ပြောပြလို့  ကျွန်တော်တို့ က သိရတယ်။ ကျွန်တော်တို့ လဲ လူစုံတာနဲ့  station ထဲ ဝင်ပြီး MRT ပေါ် ရောက်တယ် ဆိုရင်ပဲ ရထားက စထွက်တယ်။အဲဒီအချိန်မှာပဲ စောစောက ကောင်မလေး ဗြုန်းဆို ကျွန်တော်တို့ အနားရောက် လာပြီးညိုကြီးကိုကြီးကို အိပ်ကပ်ထဲ ကငါးမူးစေ့ တစ်စေ့ ထုတ်ပြီး အတင်း လိုက်ပေး တော့တာပဲဗျို့ ။

ညိုကြီးကိုကြီး ကလဲ ခေါင်းတခါခါ လက်တကာကာနဲ့  အကြောက်အကန်ကို ငြင်းတယ် ကူညီတာပါ မလိုပါဘူး ဘာညာ ပြန်မယူ တော့ပါဘူးစသဖြင့် ပေါ့ဗျာ (ပြားငါးဆယ် ထဲဆိုတော့ ကူညီ နိုင်တာပေါ့) ကောင်မလေး ကလဲ မရဘူး အတင်းကို လိုက်ပေး တာဗျို့ ညိုကြီးကိုကြီး ကလဲ အတင်းငြင်းနဲ့  ရထားပေါ်မှာ တဝုန်းဝုန်းနဲ့  ရထားပေါ်က တရုတ် တွေတောင် ဘာဖြစ်တာလဲ ဆိုပြီး ဝိုင်းကြည့် ကြတယ်။ ကြည့်တာ ကြည့်တာ သူတို့ တွေလဲ ဘာမှ နားမလည်ဘူး။ သူတို့ မြင်တာကတော့ ကောင်မလေး တစ်ယောက် ငါးမူးစေ့ တစ်စေ့ကိုင်ပြီး ကောင်လေး တစ်ယောက်ကို အတင်း လိုက်ပေး နေတာကိုပဲ သိတယ်။

ကောင်လေးကို ကျပ်မပြည့်ဘူးလို့ လဲ ထင်ချင် ထင်မှာပေါ့။ ကျွန်တော်တို့ ကတော့ သူတို့  နှစ်ယောက်ကို ကြည့်ပြီး ဝိုင်းဟား ကြတာ ပေါ့ဗျာ။ ပြီးတော့ ခွင်လေး ဝင်တုန်း ညိုကြီးကိုကြီးကို ယူလိုက်ပါဗျာ ကောင်မလေး အားနာစရာ သူ့ ခမျာ ခင်ဗျား ကျပ်မပြည့် ရှာဘူး ထင်လို့  ကျပ်ပြည့် သွားအောင် ငါးမူး ဖြည့်ပေး နေတဲ့ဟာကို လို့ ဝင်ပြော လိုက်တော့ ညိုကြီးကိုကြီး တစ်ယောက် ငါးမူးစေ့ကို ပိုပြီး မယူရဲ ဖြစ်သွားတယ်။

အဲဒီနေ့ က စပြီး ကျွန်တော်တို့ အဖွဲ့ ထဲမှာ ဟေ့လူ.. ဘယ်လိုလဲ ကျပ်ပြည့် သွားပြီလား။ ကောင်မလေး ငါမူးဖြည့်ပေး လိုက်တာမှ မပြည့်သေးရင်လဲ ခင်ဗျား တော်တော် လိုနေလို့ ပဲ ဖြစ်ရမယ် ဆိုတဲ့ စကား သံတွေ အောက်မှာ ညိုကြီးကိုကြီး တစ်ယောက် ခေါင်းတောင် မဖော်နိုင်ဘူး။ အစား မတော်တလုတ် အသွား မတော်တော့ တစ်လှမ်း ဆိုသလိုပဲ အဲဒီိနေ့ က စပြီး ညိုကြီးကိုကြီး တစ်ယောက် ခေါင်းမထောင် နိုင်တော့တာ ဒီနေ့ ထိဘဲ။

1: black ကော်ဖီ (ဆင်တဲကဖေး)
2: http://myanmarinsingapore.com

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။