Home » » ထိုင်းအမျိုးသား အနုပညာပြခန်းတွင် ကျင်းပသည့် ပန်းချီပြပွဲ၌ မြန်မာပန်းချီဆရာလေးဦး ပါဝင်ပြသ

ထိုင်းအမျိုးသား အနုပညာပြခန်းတွင် ကျင်းပသည့် ပန်းချီပြပွဲ၌ မြန်မာပန်းချီဆရာလေးဦး ပါဝင်ပြသ

Written By မောင်စေတနာ on Wednesday, February 9, 2011 | 12:12:00 PM

e6192

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ National Art Gallery တွင် ကျင်းပသည့် New Expression of Asia Art ပန်းချီပြပွဲတွင် မြန်မာပန်းချီဆရာလေးဦး ပါဝင်ပြသလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါပြပွဲအား NEAA အဖွဲ့နှင့်Dhonburi Rajabhat University တို့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား အား ထိုင်းတော်ဝင်မိသားစုဝင် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။


ပြပွဲတွင် ဘူတန်၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီး ရှား၊ ဂျပန်၊ သြစတြေးလျ၊ ကိုရီး ယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ ထိုင်းနှင့်မြန်မာနိုင်ငံမှ ပန်းချီစိန်လင်း၊ ပန်းချီမင်းဝေအောင်၊ ပန်းချီတင်မောင်ဦး၊ ပန်းချီဘိုကြည်တို့ပါဝင်သော Golden Myanmar အဖွဲ့မှ ပါဝင်ပြသထားပြီး ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စတင်ကာတစ်လကြာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြပွဲနှင့်ပတ်သက်၍ ပါ ၀င်ပြသခဲ့သည့် ပန်းချီတင်မောင်ဦး က "ကျွန်တော်တို့တွေက ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန် ပန်းချီကားတစ်ကား စီနဲ့ပြသခဲ့ပါတယ်။ ပြည်ပမှာလုပ်တဲ့ ပြပွဲတွေထဲမှာ ဒီပြပွဲရဲ့ထူးခြားချက်ကတော့ နိုင်ငံအသီးသီးက အနုပညာပါမောက္ခတွေ ကိုယ်တိုင်လာရောက်ပြသ တဲ့အတွက် လက်ရာကောင်းတွေကို လေ့လာနိုင်တဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြပွဲရက်တွေမှာလည်း ထိုင်းနိုင်ငံက လေ့လာသင့်တဲ့နေရာတွေကို လိုက်လံပို့ဆောင်ပေးပြီး အောက်ဒိုးရေးဆွဲ နိုင်မယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်"ဟု ပြောကြားခဲ့သည်။

http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။