Home » » ပန်းချီအောင်မြင့်၏ Citizen of The World အနုပညာပြပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့

ပန်းချီအောင်မြင့်၏ Citizen of The World အနုပညာပြပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့

Written By မောင်စေတနာ on Friday, December 3, 2010 | 2:19:00 PM


စင်ကာပူနိုင်ငံတွင် နှစ်ပတ်ကြာ နေထိုင်ကာ ရေးဆွဲထားသော အနုပညာရပ်များအား စုစည်းပြသသော ပန်းချီအောင်မြင့်၏ Citizen of The World အနုပညာပြပွဲကို စင်ကာပူနိုင်ငံရှိ YAVUZ FINE Art ပြခန်း၌ အောက်တိုဘာလ ၁၆ရက်နေ့မှ နိုဝင် ဘာလ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ဖြစ်ခဲ့ပုံ နှင့် ပတ်သက်ပြီး ပန်းချီအောင်မြင့် က " Myanmar Art Gallery မှာ ပြ တုန်းကပါဝင်ခဲ့တဲ့ ကျွန်တော်ပန်းချီ ကားတွေကြည့်ပြီး ဆက်သွယ်မိခဲ့တာပါ။ အနုပညာရှင်က ကိုယ်ဖန်တီးချင်တာကို ရေးဆွဲဖန်တီးဖို့ပဲလိုတယ်။ လိုအပ်တဲ့ဆေး၊ ကင်းဗတ်ကအစ သူတို့အားလုံး စီစဉ်ပေးပြီး အားလုံးပြီးတဲ့အခါမှာ ပြပွဲကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်က ဒီအစီအစဉ်အတွက် စင်ကာပူကို နှစ်ကြိမ်သွားတယ်။ ပထမတစ်ခေါက်က ကိုယ်ပြရမယ့်နေရာ အနေအထားကို လေ့လာတယ်။ နောက်တစ်ခေါက်မှာ ပန်းချီဆွဲတာတွေကို လုပ်ဖြစ်တယ်။

ဒီပြပွဲမှာ ကျွန်တော်ကအနီရယ်၊ အနက်ရယ် နဲ့ပန်းချီကားတွေကို ဖန်တီးထားတယ်။ အနီရောင်၊ အနက်ရောင်တို့နဲ့ အနု ပညာကို ဒီလိုဖန်တီးလို့ရတယ် ဆိုတာရယ်၊ အနီအနက်အရောင်တွေရဲ့ တန်ဖိုးကို ပြချင်တာကြောင့် သုံးဖြစ်တယ်။ အဓိက ပြသခဲ့တာကတော့ Abstract အနုပညာရဲ့အကြောင်းကို ပြသခဲ့ပါတယ်" ဟု ဆိုပါသည်။



ယင်းပြပွဲ၌ ပန်းချီအောင်မြင့်သည် ပန်းချီ အခရိုင်းလစ်ဖြင့် ရေးဆွဲထားသော World Series ပန်းချီကားအပါအ၀င် ပန်းချီကားပေါင်း ၁၅ ကားကို ပြသထားပြီး Installation နှစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံတွင် နှစ်ပတ်ကြာ နေထိုင်ကာ ရေးဆွဲထားသော အနုပညာရပ်များအား စုစည်းပြသသော ပန်းချီအောင်မြင့်၏ Citizen of The World အနုပညာပြပွဲကို စင်ကာပူနိုင် ငံရှိ YAVUZ FINE Art ပြခန်း၌ အောက်တိုဘာလ ၁၆ရက်နေ့မှ နိုဝင် ဘာလ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ဖြစ်ခဲ့ပုံ နှင့် ပတ်သက်ပြီး ပန်းချီအောင်မြင့် က " Myanmar Art Gallery မှာ ပြတုန်းကပါဝင်ခဲ့တဲ့ ကျွန်တော်ပန်းချီ ကားတွေကြည့်ပြီး ဆက်သွယ်မိခဲ့တာပါ။ အနုပညာရှင်က ကိုယ်ဖန်တီးချင်တာကို ရေးဆွဲဖန်တီးဖို့ပဲလိုတယ်။ လိုအပ်တဲ့ဆေး၊ ကင်းဗတ်ကအစ သူတို့အားလုံး စီစဉ်ပေးပြီး အားလုံးပြီးတဲ့အခါမှာ ပြပွဲကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်က ဒီအစီအစဉ်အတွက် စင်ကာပူကို နှစ်ကြိမ်သွားတယ်။ ပထမတစ်ခေါက်က ကိုယ်ပြရမယ့်နေရာ အနေအထားကို လေ့လာတယ်။ နောက်တစ်ခေါက်မှာ ပန်းချီဆွဲတာတွေကို လုပ်ဖြစ်တယ်။

ဒီပြပွဲမှာ ကျွန်တော်ကအနီရယ်၊ အနက်ရယ် နဲ့ပန်းချီကားတွေကို ဖန်တီးထားတယ်။ အနီရောင်၊ အနက်ရောင်တို့နဲ့ အနု ပညာကို ဒီလိုဖန်တီးလို့ရတယ် ဆိုတာရယ်၊ အနီအနက်အရောင်တွေရဲ့ တန်ဖိုးကို ပြချင်တာကြောင့် သုံးဖြစ်တယ်။ အဓိက ပြသခဲ့တာကတော့ Abstract အနုပညာရဲ့အကြောင်းကို ပြသခဲ့ပါတယ်" ဟု ဆိုပါသည်။

ယင်းပြပွဲ၌ ပန်းချီအောင်မြင့်သည် ပန်းချီ အခရိုင်းလစ်ဖြင့် ရေးဆွဲထားသော World Series ပန်းချီကားအပါအ၀င် ပန်းချီကားပေါင်း ၁၅ ကားကို ပြသထားပြီး Installation နှစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။