Home » » မလေးရှားတွင် ရဲ အတုများ သတိထားပါ ...

မလေးရှားတွင် ရဲ အတုများ သတိထားပါ ...

Written By မောင်စေတနာ on Friday, December 3, 2010 | 12:06:00 AM



ရွှေမြန်မာတို့ အခုဆိုရင် ဒုစရိုက်သမား တွေဟာနည်းမျိုးစုံ သုံးပြီး
foreigner အလုပ်သမားတွေကို ပစ်မှတ်ထားပြီး လုပ်နေကြပါတယ်။

ကြုံဘူးတဲ့လူတွေရော မကြုံဘူးတဲ့လူတွေပါအတွေ့အကြုံဗဟုသုတ
ရစေရန်အတွက် တင်ပြလိုက်ပါတယ်။

၂၉ . ၁၁. ၁၀ နေ့လည် ၁၁ ခွဲလောက်က ကျွန်တော်အပေါ်ထပ်ကနေ
အောက်ဆိုင် ကိုဈေးသွားဝယ်ပါတယ်။ ၀ယ်ပြီးပြန်လာတိုက်ပေါ်တက်ခါနီး
ဆိုင်ကယ်နဲ့ လူတယောက်အပြေးမောင်းလာပြီး ကျွန်တော့်ရှေ့ထိုးရပ်ပြီး
ဆိုင်ကယ်ပေါ်က ဆင်းလာတယ်။

နောက် .... သူ့ ရဲ့အိပ်ကပ်ထဲက ကဒ်ထုတ်ပြပြီး ငါကရဲပူတာဂျာယာမှာနေ
တဲ့ ရဲလို့ ပြောပြီး ဒီရပ်ကွက်ဘာရပ်ကွက်လဲတဲ့ အဲဒါနဲ့ရဲအတု ဆိုတာသိနေပြီ
မင်းက ဘာလူမျိုးလဲတဲ့ ....




ငါ ... မြန်မာလို့ ဂျလန်းကဒ်ပြဆိုပြီး အခန်းသွားမယ်တဲ့ ကျွန်တော်လဲစက်ရုံ
လိုက်ခဲ့ မန်နေဂျာရှိတယ်ဆိုပြီး ကုလားမဆိုင်ဝင်ပြီးပြောပြလိုက်တယ်။
ကုလားမနဲ့ မလေးကောင်လိုက်လဲ လာရော အဲဒီလူလဲမရှိတော့ဘူး
ရဲအတု တွေတဲ့ ....

ကျွန်တော်သာ အိမ်ခေါ်သွားရင် ဓါးထောက်ပြီးရှိတာ အကုန် ယူသွားမှာ
သေချာတယ်။ ညအလုပ်လဲ သွားရောစက်ရုံက အစ်မပြောတယ်။ ၀၀နဲ့
လူလားလို့ မေးတယ်။

ဟုတ်တယ်လို့ အဲဒီလူကဒီမှာ နေပြီးအဲလိုလုပ်စားနေတာတဲ့ ဆေးသမား
တဲ့ ၈ လပိုင်း လောက်က ရွှေမတွေ အိမ်ဝင်ပြီးရှိတာ အကုန်မသွားတယ်တဲ့
အရင်၂ ပတ်လောက်ကလဲ .......

ရွှေတစ်ယောက် လမ်းဘေးဖုန်းနဲ့ဆက်နေတာ ဓားထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံ
အိတ် ယူပြီးဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်။ kl စာတိုက်ကြီး မိုးပျံဂုံးတတား
အောက်မှာ လဲသတိထားသွားကြပါ။

ကျွန်တော်တို့ သူငယ်ချင်း ၄ယောက် ပြန်အလာ နောက်တယောက်က
ဖုန်းပြောရင်းနဲ့ ကျန်နေခဲ့တယ်။ အဲဒါ ... ဓားထောက်ပြီး အကုန်ယူလိုက်တယ်။

ကိုယ့်ရဲ့ အနားနားကို သူစိမ်းအကပ်မခံပါနဲ့ လမ်းသွားရင်း မလိုအပ်ရင်
ဖုန်းမပြောပါနဲ့ လို့ အကြံပေးချင်ပါတယ်။ ကျွန်တော်ရေးတဲ့စာ များသည်
ထင်မြင်ချက်နဲ့ ရေးတာမဟုတ်ပါ။ကိုယ်တိုင်ကြုံ တွေ့ ခဲ့တဲ့ ဖြစ်ရပ်မှန် တွေပါ။

မလေးရောက် မြန်မာများ သွားလာသော အချိန်တွင် သတိရှိရှိ သွားလာကြပါ။

စေတနာဖြင့်

သန်းကျော်မြင့်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။