Home » » မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်သူ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျလာ

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်သူ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျလာ

Written By မောင်စေတနာ on Sunday, November 14, 2010 | 10:19:00 PM

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက် သူ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ လေကြောင်းဖြင့် သွားရောက်မှုတွင် ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှာ အများဆုံးဖြစ်ခဲ့ပြီး လွန်ခဲ့သည့် နှစ်လခန့်မှစကာ စင်ကာပူသို့ သွားရောက်သူ တဖြည်းဖြည်းလျော့ ကျလာခဲ့ကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် မြန်မာ လူမျိုးအများစုသွားရောက် လုပ်ကိုင်ရာ မလေးရှားနိုင်ငံသို့ သွားရောက်မှု စတင်လျော့ကျလာခဲ့သည်ဟု သိရသည်။ ယင်းနောက်တွင်မူ မလေးရှားသို့ သွားရောက်မှုမှာ ပြန်လည် မြင့်တက်ခဲ့ပြီး လတ်တလောတွင် စင်ကာပူနိုင်ငံသို့သွားရောက်သူ လျော့ကျလာကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံသို့ သွားရောက်ရာတွင် အလည်အပတ်ဖြင့် လည်းကောင်း၊ ပညာသင်အတွက် လည်းကောင်း၊ Transit ခရီးစဉ်အဖြစ် လည်းကောင်း သွားရောက်မှုများ ရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းခန့်မှ စကာ စင်ကာပူနိုင်ငံမှ နိုင်ငံခြားသားများအပေါ် သဘောထား အပြောင်းအလဲ ဖြစ်မှုနှင့် လတ်တလောဖြစ်ပျက်နေသည့် စင်ကာပူနိုင်ငံ ပညာရေးအနေအထား စသည် တို့သည် သွားရောက်မှု လျော့ကျလာခြင်း၏ အကြောင်းအရင်းများတွင် ပါဝင်ကြောင်း သိရသည်။


"အခုချိန်မှာ စင်ကာပူကို Package Tour တွေ၊ ဆေးကုဖို့နဲ့ ရက်တိုအလည်အပတ် ခရီးစဉ်အနေနဲ့ သွား တာတွေပဲရှိပါတယ်။ ဟိုမှာအလုပ် မရလို့ ပြန်လာရတာတွေများခဲ့ပြီး နောက်မှာ အလုပ်ရှာဖို့သွားကြတဲ့သူ တွေနည်းသွားတယ်။ ကျောင်းတက်ဖို့ သွားတဲ့သူတွေလည်း လျော့သွားတယ်လို့ သိရတယ်။ ဒီအချိန်ဆို အရင်က လေယာဉ်လက်မှတ်ရဖို့ waiting list တွေရှိခဲ့ပေမယ့် အခု ဒီလိုမဟုတ်တော့ဘူး"ဟုခရီးသွား ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြခဲ့သည်။

Than Than Travels and Tours မှတာဝန်ရှိသူတစ်ဦးက "ဒီနှစ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်လလောက် ကစပြီး စင်ကာပူသွားတဲ့သူ လျော့လာပါတယ်။ ပျှမ်းမျှ ၃၀ ရာခိုင် နှုန်းလောက်လျော့သွားတဲ့ အနေအထားရှိတယ်" ဟု ဆိုပါသည်။

"လျော့တော့လျော့တယ်။ ကြပ်တဲ့ရက်တွေလည်း ရှိပါတယ်။ အရင်လိုပုံမှန် ခရီးသည် ကြပ်နေတာမျိုးတော့ မဟုတ်ဘူး"ဟု Columbus Travel and Tours ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောပြခဲ့သည်။


Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။