Home » » ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုအဆင့်အတန်းခွဲခြားမှု လစာမရရှိမှုနှင့် ........

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုအဆင့်အတန်းခွဲခြားမှု လစာမရရှိမှုနှင့် ........

Written By မောင်စေတနာ on Sunday, November 14, 2010 | 2:03:00 PM

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု အဆင့်အတန်းခွဲခြားမှု
လစာမရရှိမှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရသော်လည်း အကာအကွယ်ပေးမည့်
အဖွဲ့အစည်းများ နည်းပါးနေသေးကြောင်း သိရ ........

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု အဆင့်အတန်းခွဲခြားမှု၊ လစာမရရှိမှု နှင့် လုပ်အားခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့နေရသော်လည်း ပြည်ပနိုင်ငံများတွင် အကာအကွယ် ပေးမည့်အဖွဲ့ အစည်းများ နည်းပါးနေကြောင်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၏ပြောကြားချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် တရားမ၀င် ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ရာ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ခေါင်းပုံဖြတ်ခံရမှုများနှင့် ကြုံတွေ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရသည့်အခါတွင် အကာအကွယ်ပေးမည့် အဖွဲ့အစည်းမှာ နည်းပါးနေသဖြင့် ထိုင်းနိုင်ငံတွင် မြန်မာလူမျိုးများဖြင့် စုဖွဲ့ထားသည့် မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းအချို့နှင့် ထိုင်းအလုပ်သမားရေးရာ NGO အချို့ကိုသာ ဖြေရှင်းပေးရန် အကူအညီ တောင်းခံမှုများ ပြုလုပ်နေရကြောင်း သိရှိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် အမှန်တကယ် အလုပ်လုပ်ကိုင်ရသည့်အခါတွင် ယခင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များအစား လုပ်အား ခေါင်းပုံဖြတ်သည့် စာချုပ်များဖြင့် ချုပ်ဆိုခံရခြင်း၊ ယခင်ပေးခဲ့သည့် ကတိက၀တ်များ ပျက်ကွက်ခြင်းနှင့် လုပ်အား ခေါင်းပုံဖြတ်ခြင်းများကို တွေ့ကြုံရမှုများရှိ . . .

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာလူမျိုးတစ်ဦးဖြစ်သည့် ဦးဇော်မင်းက "ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား အများစုကတော့ အဆင်မပြေကြဘူး။ ဒီမှာက တရားမ၀င်အလုပ်သမား တွေက အများစုဖြစ်နေတဲ့အတွက် ထိုင်းရဲကဖမ်းတာတွေ၊ ငွေညှစ်တာတွေ ထိုင်းလူဝင်မှုကြီးကြပ်ရေးက အရေးယူတာမျိုးတွေ မကြာခဏ ကြုံတွေ့ကြရပါတယ်။ အထူးသဖြင့် လူပေါင်းထောင်ချီရှိတဲ့ စက်ရုံကြီး တွေမှာလုပ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ တစ်ခါတလေမှာ အလုပ်ရှင်ကညစ်တာမျိုးတွေ၊ မန်နေဂျာက ညစ်တာမျိုးတွေကြောင့် လနဲ့ချီပြီး လစာမရတာမျိုးတွေကို ရင်ဆိုင်ရတယ်။



ဒါမျိုးခံရတာတွေကို အလုပ် သမားတွေက သူတို့ရဲ့ရပိုင်ခွင့်(လစာ) တွေကို ပြန်ပေးဖို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဆောင်ရွက်တဲ့အခါမှာ တစ်ခါတလေ အဆင်ပြေတဲ့အခါမှာ အရင်မရတဲ့ လစာတွေ ပြန်ရတာမျိုးရှိတယ်။ တချို့ကျတော့လည်း ၀ိုင်းဝန်း ဆောင်ရွက်ကြပေမယ့် တစ်ပြားမှမရဘဲ မြန်မာပြည်ပြန်သွားရတဲ့ လူတွေလည်း ရှိတယ်။ ဒီလို လစာပြန်ရအောင် ဆောင်ရွက်မှုတွေကြောင့် အလုပ်ရှင်တွေက အလုပ်ဖြုတ်ပစ်တာမျိုးတွေလည်း ရှိတယ်။ ဒါတွေက ဒီမှာ နိစ္စဓူဝဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အဓိကကတော့ မြန်မာအလုပ် သမားတွေအနေနဲ့ ခေါင်းပုံဖြတ်မှုတွေ ခံရတဲ့အခါမှာ မြန်မာအလုပ် သမားတွေဘက်က အင်တိုက်အားတိုက် ကာကွယ်ဆောင်ရွက်ပေးမယ့် သက်ဆိုင်တဲ့ အဖွဲ့အစည်းမရှိလို့ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ယာယီနိုင်ငံကူး လက်မှတ်ရှိသော မြန်မာအလုပ်သမားအချို့ပင်လျှင် ထိုင်းအလုပ်ရှင်အချို့၏ ကတိက၀တ် ချိုးဖောက်သည့် ဖြစ်ရပ်များ ရှိနေကြောင်းကို ၎င်းက"ယေဘုယျ အားဖြင့်တော့ တရားဝင်မဟုတ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ပိုပြီးအရေးယူခံရပါတယ်။ တချို့ နေရာတွေမှာကျတော့ တရားဝင်အလုပ်သမား ပတ်စပို့ကိုင်ဆောင်ထားပေမယ့် ညစ်ခံရတဲ့အလုပ်သမားတွေလည်း ရှိတယ်။

ဥပမာ အလုပ်သမားပတ် ပို့ကိုအလုပ်လုပ်တဲ့ စက်ရုံက အလုပ်ရှင်(သို့) မန်နေဂျာ သိမ်းထားတာတို့၊ တောင်းရင် ပြန်မပေးတာတို့ရှိတယ်။ ပြီးရင် အလုပ်လုပ်နေတဲ့အချိန်မှာ ပတ်စပို့ကိုသိမ်းထားပြီး အဲဒီပတ်စပို့ မှာပါတဲ့ ဓာတ်ပုံတွေကို ကပ်ခွာလုပ် ပြီး အသက်အရွယ် မတိမ်းမယိမ်းရှိတဲ့ တရားမ၀င် အလုပ်သမားတွေကို နယ်စပ်ကနေ ထပ်မံခေါ်ယူတာမျိုးတွေ ရှိတယ်။ အလုပ်သမားတွေအနေနဲ့ စာအုပ်ပြန်တောင်းတဲ့အခါမှာ ကိုယ့်ဓာတ်ပုံမဟုတ်ဘဲ သူများဓာတ်ပုံ ဖြစ်နေတာမျိုးတွေ၊ လူနှစ်ယောက်ရှိပြီး ပတ်စပို့စာအုပ် တစ်အုပ်ထဲရှိတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ကြရတယ်" ဟု ပြောကြားခဲ့သည်။

အလုပ်သမား စာချုပ်ဖြင့် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် အမှန်တကယ် အလုပ်လုပ်ကိုင်ရသည့်အခါတွင် ယခင်အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များအစား လုပ်အားခေါင်းပုံဖြတ်သည့် စာချုပ်များဖြင့် ချုပ်ဆိုခံရခြင်း၊ ယခင်ပေးခဲ့သည်ကတိက၀တ်များပျက်ကွက်ခြင်းနှင့် လုပ်အား ခေါင်းပုံဖြတ်ခြင်းများကို တွေ့ကြုံရမှု များရှိသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားအရေအတွက် နှစ်သန်းခွဲမှ သုံးသန်းကြားရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ မှ ယခုအချိန်အထိ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ယာယီ နိုင်ငံကူးလက်မှတ် နှစ်သိန်းနီးပါးကို ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။