Home » » မြန်မာလူငယ်များ အသွားများသည့်ပြည်ပ နိုင်ငံအချို့မှ အလုပ်သမား ခေါ်ယူမှု လပိုင်း အတွင်းလျော့ကျ ....

မြန်မာလူငယ်များ အသွားများသည့်ပြည်ပ နိုင်ငံအချို့မှ အလုပ်သမား ခေါ်ယူမှု လပိုင်း အတွင်းလျော့ကျ ....

Written By မောင်စေတနာ on Wednesday, November 17, 2010 | 3:05:00 PM


ပြည်ပသို့ ထွက်ခွာလို၍ နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်ကြသူ အချို့ကို ပန်းဆိုးတန်း၌ တွေ့ရစဉ် .....

မြန်မာလူငယ်များ အသွားများသည့် ပြည်ပနိုင်ငံအချို့မှ အလုပ်သမားခေါ်ယူမှုများ လျော့နည်းသွားသည့်အပြင် ခေါ်စာရောက်ရှိမှုများလည်း လပိုင်းအတွင်းလျော့ကျသွားခဲ့ကြောင်း ရန်ကုန်မြို့ရှိပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များထံမှ စုံစမ်းသိရှိရပါသည်။

မြန်မာအများစု သွားရောက်သည့် နိုင်ငံအများစုမှာ စင်ကာပူ၊ မလေးရှား၊ အရှေ့လယ်ပိုင်းနိုင်ငံများ ဖြစ်ကြရာမလေးရှားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ အထွေထွေ နှင့် စက်ရုံအလုပ်သမားများ ယနေ့ထိ သွားရောက်မှုများသည်ဟု သိရသည်။

မလေးရှားနိုင်ငံသည် ၂၀၁၀ မှစတင်ကာ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာမူဝါဒတင်းကြပ်မှုများနှင့် ပြည်ပမှအလုပ်သမားများစွာ ၀င်ရောက်လာခြင်းအပေါ် လျှော့ချလိုမှုကြောင့် အလုပ်သမားခေါ်ယူမှု လျော့ကျခဲ့ရ ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းကြောင့်အေးဂျင့်များ၌ပင် ခေါ်စာများမရှိသလောက် နည်းပါးသွားခဲ့ရခြင်း ဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူကပြောပြခဲ့သည်။

ထို့ပြင် Skill Workers အနေဖြင့် အသွားများသော စင်ကာပူ၌လည်း ကုမ္ပဏီများသို့ အလုပ်လျှောက်ထား၍ အလုပ်ရရှိပြီးကာမှ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ် ငြင်းပယ်ခံရမှုများကြောင့် အလုပ်မရသည့် ဖြစ်ရပ်များလည်းရှိကြောင်း စင်ကာပူနိုင်ငံ၏ အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူကဆိုပါသည်။



အရှေ့အလယ်ပိုင်း နိုင်ငံများသို့လည်း မြန်မာလူငယ်များအနေဖြင့် အထွေထွေ အလုပ်သမားများအဖြစ်သာ သွားရောက်မှုများကြပြီး ယခုနှစ်စပိုင်းမှစတင်ကာ အလုပ်သမားခေါ်ယူမှု သိသာစွာလျော့ကျခဲ့သည် ဟုမြေနီကုန်းရှိ အလုပ်သမားရှာဖွေရေး အေဂျင်စီတစ်ခုမှ သိရသည်။

ယခုအခါ အဆိုပါနိုင်ငံများမှ လူဝင်မှုကြီးကြပ်ရေး အကန့်အသတ်များနှင့် ၎င်းတို့နိုင်ငံသားများသာ အလုပ်အကိုင်ရရှိရေးကို ပိုမိုဦးတည်လာခြင်းအပြင် နိုင်ငံခြားသား အလုပ်သမား အရေအတွက်များအား လျှော့ချလိုသည့်အတွက် အလုပ်ခေါ်စာများ လပိုင်းအနည်းငယ်တွင်း လျော့ကျသွားရခြင်းဖြစ်ကြောင်း မကြာသေးမီကမလေးရှားသို့ အထွေထွေလုပ်သားအဖြစ် သွားရောက်ရန် စောင့်ဆိုင်းခဲ့သူ မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။

"မလေးရှားမှာ လူဝင်မှုကြီးကြပ်ရေးမူဝါဒ တင်းကြပ်လိုက်လို့ သွားမယ့်သူတွေ Calling မကျတဲ့ ပြဿနာတွေအများကြီး ကြုံတယ် အရင်က အလုပ်သမား၁၀ဦး အလုပ်လျှောက်ရင် ၁၀ ဦးအလုပ်ရတယ်။ အခုတော့ ၁၀ ဦး လျှောက် ရင် ငါးဦးရဖို့အတွက်တောင် မသေချာဘူး"ဟု မလေးရှားအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုမှ ဦးမြင့်နိုင်ဦး ကဆိုသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။