Home » » မလေးရှားနိုင်ငံ တွင် မထမအကြိမ် ကျင်းပပြုလုပ်မည့် တရားပွဲ အစီအစဉ် .....

မလေးရှားနိုင်ငံ တွင် မထမအကြိမ် ကျင်းပပြုလုပ်မည့် တရားပွဲ အစီအစဉ် .....

Written By မောင်စေတနာ on Wednesday, November 10, 2010 | 8:48:00 PM



မလေးရှားနိုင်ငံ တွင် မထမအကြိမ်
ကျင်းပပြုလုပ်မည့် တရားပွဲ အစီအစဉ် .....

တရားချစ်ခင် ပါရမီရှင် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့
မိုးကုတ် ဝိဿနာ မင်္ဂလာရိပ်သာ မင်္ဂလာတိုက် ဆရာတော်
ကမ္မဋ္ဌာန စရိယ နယ်လှည့် ဓမ္မကထိက ဆရာတော် ဥုးသုမင်္ဂလ
( ဒယ်အိုးဆရာတော် ) ၏ ဒေသန္တရ ခရီးစဉ်ဖြင့် မလေးရှားနိုင်ငံ
သို့ ရောက်ရှိချိန်တွင် ဗုဒ္ဓဘာသာဝင် ဒကာ ၊ ဒကာမအပေါင်း တို့
အား ဆရာတော်မှ ကြုံတောင့် ကြုံခဲ တရားပွဲ စီစဉ်ပေးမည် ဖြစ်
ပါသောကြောင့် တရားတော်နာ ကြွရောက်ပါရန် မလေးရှားနိုင်ငံ
ရှိ မြန်မာများ အား လေးစားစွာ အသိပေး ဖိတ်ကြား အပ်ပါသည်။

တရားပွဲ အစီအစဉ်များကို မလေးရှားနိုင်ငံ အတွင်း ကေအယ် တွင်
တစ်နေရာ ပီနန်းတွင် တစ်နေရာ ကျင်းပပြုလုပ်သွားမည်ဟု သိရှိ
ရပါသည်။




ကေအယ် တရားပွဲ အစီအစဉ်
.......................................

တရားပွဲ ကျင်းပမည့် နေရက် = ၁၄ - ၁၁ - ၂၀၁၀ ( တနင်္ဂနွေနေ့ )
တရားပွဲ ကျင်းပမည့် အချိန် = နေ့လည် ( ၁ )နာရီမှ ညနေ ( ၅ ) နာရီအထိ
တရားပွဲ ကျင်းပမည့်နေရာ = S&M ကုန်တိုက် ( ကိုတာရာယာ ကုန်တိုက်ဘေး )
( ၆ ) ထပ်ရှိခန်းမကြီးတွင် ပြုလုပ်မည် ဖြစ်ပါသည်။

ပီနန်း တရားပွဲ အစ်ီအစဉ်
..................................

တရားပွဲ ကျင်းပမည့် နေရက် = ၁၃ - ၁၁ - ၂၀၁၀ ( စနေနေ့ )
တရားပွဲ ကျင်းပမည့် အချိန် = ညနေ ( ၆ )နာရီမှ ည ( ၉ ) နာရီအထိ
တရားပွဲ ကျင်းပမည့်နေရာ = ပီနန်း ဓမ္မိကာရာမ မြန်မာဘုန်းကြီးကျောင်း

တရားပွဲ ဖြစ်မြောက်ရေးအတွက် မလေးရှားနိုင်ငံရှိ ဗုဒ္ဓဘာသာ ဝေယျာစ္စအသင်းမှ
ကူညီပံ့ပိုး ဆောင်ရွှက် ပေးပြီး စေတနာရှင် များမှ လည်း ပါဝင်ကူညီ ဆောင်ရွှက်၍
ကျင်းပ ပြုလုပ်သည် ဖြစ်ကြောင်း သိရှိရ ပါသည်။

www.nayzawlin1.net.tc/
nayzawlin1@gmail.com

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။