Home » » မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူ လျော့ကျ

မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူ လျော့ကျ

Written By မောင်စေတနာ on Friday, November 12, 2010 | 7:49:00 PM



ဆိုက်ရောက် ပြည်ဝင်ခွင့်ဗီဇာဖြင့် လာရောက်ခြင်းအား ခွင့်မပြုခြင်းနှင့် Demand အသစ် ထုတ်မပေးခြင်းကြောင့် ယခုရက်ပိုင်းမှစ၍ မလေးရှားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူများ လျော့ကျသွားခဲ့ကြောင်း သတင်းရရှိသည်။ “ဗီဇာ မပါရင် ၀င်လို့ မရဘူး သတ်မှတ်လိုက်တော့ သွားမယ်သူတွေ ဖျက်တာများလို့၂၇ ရက်လေယာဉ်ခရီးစဉ်တောင် ဖျက်လိုက်ရတယ်။

၃ ရက်နေ့လည်း ပျက်ဦးမှာပဲ”ဟု ရန်ကုန်-ကွာလာလမ်ပူအား ပျံသန်းပေးနေသော Sanbumi လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။ မလေးရှားနိုင်ငံရှိ စက်ရုံများမှ အလုပ်သမားလိုအပ်သည့် Demand စာများ အသစ်ထုတ်မပေးတော့သဖြင့် ယခင်လများက တစ်လလျှင် လူ ၃၀ ခန့် ပို့ပေးခဲ့ရသော်လည်း ယခုလတွင် ၁၀ ယောက်သာ ပို့ပေးနိုင်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံ၌ ပြည်ပနိုင်ငံများမှ လာရောက် အလုပ်လုပ်ကိုင်သော လုပ်သားများနှင့် ပတ်သက်၍ ဥပဒေများ မကြာခဏ ပြောင်းလဲလေ့ရှိပြီး စက်ရုံများသို့ လူခေါ်ခွင့်အသစ် ထုတ်မပေးသည်မှာ လေးလခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။ “အခုသွားနေကြတာက အရင် Demand အဟောင်းတွေနဲ့ သွားနေကြတာ”ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လာရောက်လုပ်ကိုင်သော လုပ်သားများ များပြားလာသဖြင့် ထိုလုပ်သားများနှင့် ပတ်သက်၍ ဥပဒေသစ် ပြဋ္ဌာန်းရန်ရှိသဖြင့် အစိုးရမှ အလုပ်ရှင်စက်ရုံများသို့ အလုပ်သမားခေါ်ယယူခွင့်အား ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။ “အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င် လုပ်သားဖြစ်သွားတဲ့ လူတွေကို အခွန်ဆောင်ခိုင်းပြီး တရားဝင်လုပ်သား လုပ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ကြားနေတယ်”ဟု မလေးရှားနိုင်ငံရောက် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် သီရိလင်္ကာနှင့် နီပေါနိုင်ငံမှ လုပ်သားများသည် မလေးရှားဈေးကွက်သို့ ဝင်ရောက်လာပြီး ထိုလုပ်သားများအား မြန်မာလုပ်သားများထက် အလုပ်ရှင်များက ပိုမိုနှစ်သက်ကြကြောင်း သိရသည်။ “အခုနောက်ပိုင်း မြန်မာလုပ်သားတွေက ထွက်ပြေးတာများလာလို့ အလုပ်ရှင်တွေက သိပ်မကြိုက်တော့ဘူး။ နီပေါတွေက ထွက်ပြေးလေ့ မရှိကြဘူး”ဟု အေဂျင်စီအများစုက ဆိုသည်။ မလေးရှားနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်သမားလိုအပ်မှု များပြားနေပြီး လစာငွေအပြိုင်ပေး၍ ခေါ်ဆိုမှုများ ရှိလာသဖြင့် မြန်မာအလုပ်သမားအချို့မှာ လစာပိုပေးသည့် နေရာသို့ ပြောင်းရွှေ့လေ့ရှိကြသည်။

နောက်ဆုံးရရှိသော သတင်းများအရ မလေးရှားအစိုးရ စက်ရုံများအား အလုပ်သမားခေါ်ယူခွင့် သုံးလခန့် ထပ်မံရပ်ထားမည် ဖြစ်ကြောင်း သိရသည်။ နောက်သုံးလလောက်သာ ပိတ်မယ်ဆို ရှေ့လလယ် လောက်ကစပြီး သွားမယ့်သူ သိသိသာသာ လျော့သွားနိုင်ကြောင်း အေဂျင်စီများက သုံးသပ်နေကြသည်။
သို့သော် မလေးရှားက မြန်မာအမျိုးသမီး အလုပ်သမားများကိုမူ ရသလောက်ခေါ်ယူနေသည်ကို တွေ့နေရသည်။

source: 7Day News

Eric Kim
http://malaysiammbloggers.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။