Home » » မြန်မာနိုင်ငံ၌ လက်ရှိလူဦးရေသည် ၅၀ ဒသမ ၅ သန်းရှိကြောင်း၂၀၁၀ ပြည့်နှစ်အတွက် ......

မြန်မာနိုင်ငံ၌ လက်ရှိလူဦးရေသည် ၅၀ ဒသမ ၅ သန်းရှိကြောင်း၂၀၁၀ ပြည့်နှစ်အတွက် ......

Written By မောင်စေတနာ on Monday, November 1, 2010 | 3:12:00 PM



မြန်မာနိုင်ငံ၌ လက်ရှိလူဦးရေ သည် ၅၀ ဒသမ ၅ သန်းရှိကြောင်း ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့လူဦးရေ အစီရင်ခံစာက ဖော်ပြ၊ ၃၄ ရာခိုင်နှုန်းမှာ မြို့ပြနေသူများဖြစ်ပြီး နှစ်စဉ် ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်

မြန်မာနိုင်ငံ၌ လက်ရှိလူဦးရေသည် ၅၀ ဒသမ ၅ သန်းတွင်ရှိနေပြီး ယင်းဦးရေအနက် ၃၄ ရာခိုင် နှုန်းမှာ မြို့ပြတွင် နေထိုင်သူများဖြစ်ကြောင်း၊ မြို့ပြလူဦးရေ တိုးတက်မှုနှုန်းမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း နှစ်စဉ် ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိနေကြောင်း ၂၀၁၀ ပြည့်နှစ်အတွက် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့လူဦးရေ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သတင်းရရှိပါသည်။

အဆိုပါ အစီရင်ခံစာကို United Nations Population Fund (UNFPA) မှ ပြုစုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ထုတ်ပြန်မှုကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်၌ ကမ္ဘာ့လူဦးရေ သည် ၆၉၀၈ ဒသမ ၇ သန်းရှိနေပြီး ယင်းအနက် ဖွံ့ဖြိုးမှုအရှိဆုံးနိုင်ငံများတွင် နေထိုင်သူဦးရေမှာ ၁၂၃၇ ဒသမ ၂ သန်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူဦးရေမှာ ၅၆၇၁ ဒသမ ၅ သန်း၊ ဖွံ့ဖြိုးမှု အနည်းပါးဆုံးနိုင်ငံများတွင် နေထိုင်သူဦးရေမှာ ၈၅၄ ဒသမ ၇ သန်း အသီးသီး ရှိသည်ဟု သိရှိရသည်။



ထို့ပြင် အာရှဒေသသည် လူဦး ရေ ၄၁၁၆ ဒသမ ၇ သန်းဖြင့် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ဒေသဖြစ်နေပြီး အာဖရိကတွင် ၁၀၃၃ ဒသမ ၀ သန်း၊ ဥရောပတွင် ၇၃၂ ဒသမ ၈ သန်း၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယန်ဒေသတွင် ၅၈၈ ဒသမ ၆ သန်း၊ မြောက်အမေ ရိကတွင် ၃၅၁ ဒသမ ၇ သန်း၊ အာ ရပ်နိုင်ငံများတွင် ၃၅၉ ဒသမ ၄ သန်း၊ ပင်လယ်ပိုင်းဒေသတွင် ၃၅ ဒသမ ၈သန်း ရှိနေသည်ဟု ဖော်ပြထားပါသည်။


မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ တို့ပြီးပါက ပဉ္စမမြောက်လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏နောက်တွင် မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်း စသည့် နိုင်ငံများရှိ

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ တို့ပြီးပါက ပဉ္စမမြောက်လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏နောက်တွင် မလေးရှား၊ ကမ္ဘော ဒီးယား၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်း စသည့် နိုင်ငံများရှိနေသည်ဟု သိရှိရသည်။

'From conflit and crisis to renewal: generations of change' ဟု အမည်ပေးထားသည့် ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာသည် နိုင်ငံအသီးသီး၏ လူဦးရေဆိုင်ရာ အချက်အလက်များသာမက အထူးသဖြင့် အမျိုးသမီးများ၏ အခွင့် အရေးဆိုင်ရာများ၊ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံရမှုများကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါသည်။

"မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင် နှုန်းအများစုဟာ အမျိုးသမီးတွေဖြစ် ပါတယ်။ အမျိုးသမီးတွေဟာ လူ့ အဖွဲ့အစည်းမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်"ဟု UNFPA မှ ဌာနေကိုယ်စားလှယ် Mr.Mohamed Adbel-Ahad က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် လက်ရှိတွင် ၅၀ ဒသမ ၅ သန်းရှိနေရာ၌ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆၃ ဒသမ ၄ သန်းရှိလာနိုင်မည်ဟုလည်း ခန့်မှန်းမှုများအရ သိရှိရ သည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း နှစ်စဉ် လူဦးရေတိုးတက်မှု နှုန်းသည် ၀ ဒသမ ၉ ရာခိုင်နှုန်းရှိ ပြီး မြို့ပြနေသူဦးရေသည် လူဦးရေ ၏ ၃၄ ရာခိုင်နှုန်းရှိကာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မြို့ပြနေသူ နှစ်စဉ် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀ ပြည့်နှစ် စုစုပေါင်း မွေးဖွားမှုနှုန်းမှာ ၂ ဒသမ ၂၆ ရာခိုင်နှုန်း၊ ကျွမ်းကျင်ဝန်ထမ်း များနှင့် မွေးဖွားမှုမှာ ၅၇ ရာခိုင် နှုန်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် အမျိုးသားတစ်ဦး၏ ပျမ်းမျှသက်တမ်းသည် ၆၀ ဒသမ ၅ နှစ်၊ အမျိုးသမီးတစ်ဦး၏ ပျမ်းမျှသက်တမ်းသည် ၆၅ ဒသမ ၀ နှစ် အသီးသီး ရှိနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။