Home » » November လ အတွက် ဗေဒင် ဟောစတမ်း ........

November လ အတွက် ဗေဒင် ဟောစတမ်း ........

Written By မောင်စေတနာ on Thursday, November 4, 2010 | 8:56:00 PM



November လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်းမှာ သင့်ရဲ့ရည်မှန်းချက်တွေ အဆင်ပြေဖို့ အကောင်အထည် ဖော်ဖို့ လမ်းစတွေ ပေါ်နေပါပြီ။ ဆုံးဖြတ်ချက်များ ဦးတည်ချက်များကို သေချာစွာဂရုစိုက်ပါ။ အနည်းငယ် လွဲချော်မှုများ ရှိပါသည်။

ဒီလအတွင်းမှာ အထက်လူကြီးများနဲ့ စကားအချေအတင် များရကိန်း ရှိပါသည်။စိတ်ပူစရာမရှိပါ။ ယခုလအတွင်း ငွေကြေးများ အနည်းငယ် အဆင်ပြေလာမည်။ငွေကြေးကံ သင့်တင့်ရှိပြီး ဝင်သလောက် ကုန်ကျ မှုများ ရှိနေပါသည်။

ခရီးယာယီကိစ္စများ အဆင်မပြေသေးပါ။ ပညာရေးမှာ ရည်မှန်းချက် စိတ်ကူးအသစ်ပေါ်လာမည်။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင် ပြေလာမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေမဲ့ အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် သောက်တော်ရေ ၈ ခွက်ကို တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 2 6 6 2

၂။ တနင်္လာသားသမီးများ အတွက်

ဒီလအတွင်း မိမိမျှော်လင့်နေသော ဆန္ဒတွေ ပြည့်စုံလာမည်။ မိမိကိုယ်တိုင် မဟုတ်ပဲ သူတစ်ပါးက မိမိအား ကူညီပေးသူ ပေါ်လာမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေ လာမည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။

စီးပွားရေး ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေပေမဲ့ မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စီးပွားရေးမှာ ပုံမှန်လေး အဆင် ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။

ခရီးယာယီများ သွားလာမှုများ သွားသင့် ပါတယ်။ အဆင်ပြေလာမည်။ သူငယ်ချင်းတွေနဲ့ အတူတူ ခရီးယာယီ သွားရမည်။ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။

အချစ်ရေး ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေးမှာ ပြန်လည်ဆုံဆည်း ရမည်။ယခုလ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။

ယတြာ = မိမိနေအိမ်ဘုရားတွင် စံပယ်ပန်းပွင့် ၃၀ ကို မိမိရဲ့မွေးနေ့ တနင်္လာနေ့ ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ ဒီလ အတွက် ကံကောင်း အကျိုးပေးသောဂဏန်းများ ။ ။ 3 0 5 7


၃။အဂါင်္သားသမီးများ အတွက်

ယခုလအတွင်း စိတ်ညစ်နေသာ အချိန်လေး ဖြစ်ပါသည်။ မိမိရည်ရွယ်နေ သာစိတ်ကူးများ အဆင်မပြေ စိတ်တိုင်းမကျမှုများ ရှိနေပါသည်။ စနစ်တကျနဲ့ ရည်ရွယ်ထားသော စိတ်ကူးများ အနည်းငယ်လွဲချော်မှုများ ရှိနေပါသည်။

အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်မပြေသေးပါ။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါဘူး။ ရှိတာတွေ ထွက်နေမည်။ ခရီးတစ်ခုသွားရပြီး ကောင်းသော အပြောင်းအလဲ တစ်ခုခု ဖြစ်မည်။ ပညာရေး မှာ ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။

ခရီးသွားမည့် ကိစ္စများ အဆင်ပြေ ပါသည်။ အချစ်ရေးမှာ စကားများနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ မိသားစု ပျော်နေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ အလုပ်တွင်း ထိမိခိုက်မိ အနည်းငယ် ဖြစ်မည်။

ယတြာ = အနီရောင်ပန်း ၆ ပွင့်ကို အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိမိနေ အိမ်ရှိ ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 6 6 1 0


၎။ဗုဒ္ဓဟူးသားသမီးများ အတွက်

ဒီလအတွင်း လိုရာ ဆန္ဒတွေအမြန် ပြည့်ဝလာဖို့ လုပ်စရာရှိတာကို မှန်မှန်လေး ပြုလုပ်သွားပါ။ မိမိရဲ့ဆန္ဒတွေ ပြည့်ဝလာမှာပါ။ အလောမကြီးဖို့ သတိပေးပါရစေ။

အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်လို့ ပုံမှန်လေး အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ ပြောဆိုဆက်ဆံ၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အဆင်ပြေမဲ့ အနေအထားလေးတွေ ရှိပါတယ်။

ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ အဆင်ပြေနေမည်။ များများမဝင်ရင်တောင် သုံးစွဲဖို့တော့ ရနေမည်။ သူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။

ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ အချစ်ရေးမှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ မချိန်လေးပါ။

ယခုလ ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ မည်။ ယတြာ = နေအိမ်ဘုရားတွင် အုန်းညွန့် ၁၀ ညွန့်ကိုဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။1 0 2 5

၅။ကြာသပတေးသားသမီးများ အတွက်

ဒီလအတွင်းမှာ ကံမကောင်းသေးပါ။ မိမိလုပ်ချင်သော ကိစ္စများ အောင်မြင်မှု မရှိသေးပါ။ မိမိတွင် မိသားစု ကိစ္စများလည်း စိတ်ညစ်မှုများ ရှိနေပါသည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှုများနေမည်။

အလုပ်ကိစ္စများ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင်ရွှက်မှုများ အဆင်ပြေနေ မည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူည်ီပေးသူ ပေါ်မည်။ ကြွေးတင်မည်။ ပညာရေး ရည်မှန်းချက် ရည်ရွက်ချက်အသစ် ရရှိပေါ်ပေါက် လာမည်။

ခရီးတွေကတော့ မသွားတာ ကောင်းပါတယ်။ မိမိရဲ့ မိတ်ဆွေဟောင်းများနဲ့ ဆုံတွေ့ရမည်။ အချစ်ရေးမှာ စိတ်တွေ မှိုင်တွေနေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေး အဆင်ပြေ ပါသည်။

ကျန်းမာရေးမှာ စိတ်ပင်ပန်းနေမည်။ ဦးခေါင်းပိုင်း ကျန်းမာရေးညံ နေမည်။

ယတြာ = မိမိနေအိမ် ဘုရားတွင် အနီရောင် နှင်းဆီ ၇ပွင့်ကို စနေနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 7 2 2 7

၆။သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ လိုရာဆန္ဒများ ပထမအဆင်မပြေသေးပါဘူး။ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင် ရွှက်လိုက်ပါ။ အဆင်ပြေပြီး ကူညီပေးသူ ပေါ်လာလိမ့်မည်။

စီပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ ရင်းနှီးထားသော ငွေရေးကြေးရေး ကိစ္စများလည်း အဆင်ပြေလာမည်။ မိမိရဲ့ သူငယ်ချင်း မိတ်ဆွေများနဲ့ စကား ရကိန်း ရှိပါသည်။

ဒီလအတွင်း ခရီးကိစ္စများ သွားလာမှု အဆင်ပြေမည်။ ပညာရေး ကံကောင်း နေသော အချိန်လေးပါ။

အချစ်ရေးမှာ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းမှုတွေ ရှိလာမည်။အိမ်ထောင်ရေးမှာ ကြည်နူးနေမဲ့ နေ့ရက်လေးတွေ ပေါ်ပေါက်လာမည်။

ကျန်းမာရေးမှာ အစားမှားခြင်း ၊ အစာအိပ် စသည့်များဖြစ်တတ်သည်။ ယတြာ=အိမ်ဘုရားတွင် ပန်းသီး ၅ လုံးကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းယူပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 0 4 5

၇။စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ စိတ်ကူးလေးတွေကို အကောင်အထည် ဖော်ပေးဖို့ ကံဇာတာတွေ ကောင်းလာပါပြီ။ မျှော်လင့်နေသာ ကိစ္စများ လုပ်ချင် သော ကိစ္စတွေကို အောင်မြင်စွာ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။

အထက်လူကြီးနဲ့ စကားပြောဆို ကိစ္စများတွေမှာ စီးပွားရေးကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီးလုပ်ကိုင်လိုက်ပါ။ ကူညီသူ ပေါ်မည်။ ငွေကြေးကိစ္စများ ဒီလအတွင်း ဝင်သလောက် ပြန်ထွက်နေမည်။ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ အကြွေးကိစ္စများအတွက်နဲ့ စိတ်ညစ်ရမည်။

ပညာရေး ကြိုးစားနေရမဲ့ ဒီလလေးအတွင်းမှာ သူငယ်ချင်းတစ်ဦးမှ ကူညီသူပေါ် မည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေတဲ့ ခရီးလေးပါ။ အချစ်ရေးမှာ စိတ်ညစ်နေရပေမဲ့ ပျော်ရွှင်စရာ တွေထပ်တွေ့ရမှာပါ။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ အချိန်လေးကို ဖြတ်သန်းနေရမည်။

အခုလအတွင်း ကျန်းမာရေး အအေးမိခြင်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။

ယတြာ = စနေနေ့တွင် အသက်ကြီးသူ တစ်ဦးဦးကို ဆေးဝါးလှူဒါန်းရင်း ကံကောင်းစေရန်အတွက် ဆုတောင်းလိုက်ပါ ကံကောင်းလာမည်။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများ ။ ။ 1 2 7 0

http://www.myohanko.br.ms

E-mail; myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

ကျွန်တော်ရဲ့ ဆိုက်လေး အတွက် မအားတဲ့ကြားမှ ဗေဒင်ဟောစတမ်း များကို အချိန်မီ
ကူညီပေးသော ဆရာ မျိုးဟန်ကို အား အထူး ကျေးဇူးတင်အပ် ပါသည်။
Share this article :

1 comments:

ဇင်မင်း said...

ချစ်သူနဲ့ အဆင်ပြေ မယ်တဲ့
ကျေးဇူးပါဆရာ ....

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။