Home » » ကာတာရောက် မြန်မာအလုပ်သမား အချို့ဘေးကျပ် နံကျပ်ဖြစ်စေသည့်လိမ်လည်မှုများနှင့်တွေ့ ကြုံနေရ

ကာတာရောက် မြန်မာအလုပ်သမား အချို့ဘေးကျပ် နံကျပ်ဖြစ်စေသည့်လိမ်လည်မှုများနှင့်တွေ့ ကြုံနေရ

Written By မောင်စေတနာ on Saturday, October 30, 2010 | 10:39:00 PM

ပြည်ပ နိုင်ငံများသို့ အလုပ် လုပ်ကိုင်ရန် ပို့ဆောင်ပေးသည့် အေဂျင်စီ များနှင့် တစ်ဖက် နိုင်ငံမှ အလုပ်ရှင်တို့ ပူးပေါင်း၍ အလုပ်သမားများအား လိမ်လည် ပြောဆိုမှုများ ရှိကြောင်း ကာတာနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာလုပ်သား တစ်ဦးထံမှ သိရှိ ရသည်။ “ဒီမှာ အလုပ်တွေက ကောင်းတာရှိသလို မကောင်း တာလဲရှိတယ်။ မြန်မာနိုင်ငံက အေဂျင်စီ ကအလုပ်ရှာ ပေးပြီးပို့ လိုက်တယ်။အလုပ်သမားက ဟိုရောက်လို့ လုပ်ရတဲ့အလုပ် မကြိုက်လို့ရှိရင် သုံးလအတွင်း ပြန်ပို့မယ် လို့ပြောတယ်။

ပေးထားတဲ့ ၀န်ဆောင်ခ ကတော့ပြန်မရ တော့ဘူးပေါ့။ ဒါပေမယ့် ဟိုရောက်သွားတော့ မကြိုက်ဘူး ပြောတော့ တစ်နှစ်နေမှ ပြန်ပို့မယ် လို့ပြောတယ်။ အဲဒီမှာပဲ ထားတယ်။ ပြန်မယ်ပြောရင် ရဲစခန်းကို ပို့မယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ ပြည်ပထွက်အလုပ်လုပ် ကိုင်ရာတွင် မြန်မာ အလုပ်သမား များအနေဖြင့် စာချုပ်ပါ အချက်အလက်များကို သေချာနားလည် သဘောပေါက်အောင် မေးမြန်း သင့်ကြောင်း ၃၈ လမ်းရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပတွင် သွားရောက် လုပ်ကိုင်သည့် အလုပ်သမား များအနေဖြင့် ပြည်တွင်း အေဂျင်စီများမှ ရှာဖွေပေးသည့် အလုပ်အကိုင်နှင့် ၎င်းတို့ သွားရောက်သည့် နိုင်ငံရောက်မှ လုပ်ကိုင်ရသော လုပ်ငန်းများမှာ တူညီမှု မရှိကြောင်း မလေးရှား နိုင်ငံမှ ပြန်ရောက် လာသည့် မြန်မာ လုပ်သားတစ်ဦး ကပြောသည်။ “စက်ရုံမှာ အလုပ်က တလွဲဆိုတယ်။ မြန်မာနိုင်ငံမှာ ပြောတုန်းက အလုပ်က တစ်မျိုး ဟိုရောက်မှ ခိုင်းတာက တစ်မျိုး ဖြစ်နေတယ်။ ပြည်ပမှာ သွားပြီး အလုပ်လုပ် မယ်ဆိုရင် သေချာခိုင်မာတဲ့ အေဂျင်စီကို ရွေးချယ်သင့် ပါတယ်။



ပြီးတော့ စာချုပ်မှာ ပါတဲ့ အချက်အလက်တွေ ကိုလဲသေချာ နားလည်အောင် ဖတ်ပြီးမှ လက်မှတ်ထိုး သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ ယခုလအတွင်း ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မှု မှာပုံမှန် အနေအထား တွင်သာ ရှိကြောင်း၊ များသောအားဖြင့် မလေးရှား နိုင်ငံသို့ သွားရောက်မှု ရှိကြောင်း သိရသည်။ ပြည်ပ နိုင်ငံများမှာ အဆင့်မြင့် ၀န်ထမ်းများ ခေါ်ယူမှု များလာသောကြောင့် အလုပ်သမား များအနေဖြင့် လုပ်ငန်းပိုင်း၌ ကျွမ်းကျင်မှု ရှိမှသာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်း ဆက်လက် သိရသည်။

၃၀ . ၁၀ . ၂၀၁၀
စာရေးသူ - ထိုက်ထိုက်
© Envoy
http://www.htwd.info/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။