Home » » စိတ်ညစ်နေ စိတ်ဓာတ်ကျနေသော သူငယ်ချင်းများ အတွက်ပါ

စိတ်ညစ်နေ စိတ်ဓာတ်ကျနေသော သူငယ်ချင်းများ အတွက်ပါ

Written By မောင်စေတနာ on Sunday, June 5, 2011 | 11:55:00 AM


စိတ်ညစ်တယ် စိတ်ဓာတ်ကျ တယ်ဆိုတာ ထွက်ပေါက်မရှိလို့ ဖြစ်ပါတယ်။ ထွက်ပေါက် ဆိုတာ ဘာလဲ ? သူငယ်ချင်း အရမ်းစိတ်ညစ်နေတဲ့ အခါလေးမှာ ဘာလုပ်မှာလဲ ?

၁။ အရက်သောက်မှာလား ?
၂။ ပျော်အောင်နေမှာလား ?
၃။ ပြသာနာကို ရှောင်ပြေးနေမှာလား ?

စိတ်ညစ်နေရင် စိတ်ကို ဖြေမဲ့ နည်းလမ်းက ထွက်ပေါက်ကို ရှာတတ်ကြပါတယ်။

ထွက်ပေါက်လေး တစ်ခုရအောင် သူငယ်ချင်း ရဲ့စိတ်ဓာတ်ကို အရင် ပြောင်းကြည့်ဖို့ ဒီစာလေးကို ဖတ်ကြည့် ရအောင် ....

သူငယ်ချင်း စဉ်းစားကြည့် ...

ဒါပေမယ့် လောကကြီးဟာ နေတတ်ရင် ကျေနပ်စရာလေးပါ။ လူမှန်သမျှ စိတ်ညစ်တာတွေ ရှိနေကြ ရှိကြတာပါ။ အနည်းနဲ့အများ သာ ကွာတာပါ။ ဘဝမှာ စိတ်နဲ့ပဲ ဦးဆောင် စိတ်နဲ့ပဲ အလုပ်လုပ်နေရတာပါ။

စကားတစ်ခွန်းတော့ ကြားဖူးပါတယ် " လူ့ဘဝဆိုတာ ရခဲ့ပါတယ် "ဒါကြောင့် ရခဲ့လှတဲ့ လူ့ ဘဝလေးမှာ စိတ်ဓာတ်မကျဖို့ စိတ်အားမငယ်ဖို့ လိုအပ်ပါတယ် သူငယ်ချင်း ......

ဘဝတစ်ခုမှာ မင်းကသာ ဦးဆောင် မင်းကသာ နောက်လိုက်ဖြစ်တယ်။ မင်းရဲ့စိတ်ဓာတ်ကို ဘယ်တော့ မှ ပျော့ညံ့နေလို့ မရဘူး။ စိတ်အားမငယ်ရဘူး စိတ်ညစ်မှု မရှိစေရဘူး။

ပြသာနာ တစ်ခု ဖြစ်လာရင် ကြုံလာရင် မရှောင်ပြေးပါနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိလေးကို ထားပြီး အလောတကြီး မဟုတ်ပဲ ခေါင်းအေးအေးလေး ထားပြီး ဖြေရှင်းပေးပါ။

မင်းစိတ်ကို တတ်နိုင်သလောက် စိတ်ပျော်အောင်နေထိုင်တတ်ရမယ်။ ပြောဆိုဆက်ဆံတာတွေ သွားလာလှုပ်ရှား နေတာတွေဟာ တကယ့် စိတ်ပါလက်ပါနဲ့ လုပ်ဆောင် နေထိုင်ရမယ်။ လူဆိုတာ အမြဲတမ်း ပျော်နေတဲ့ သူတစ်ယောက်မှ မရှိပါဘူး စိတ်ညစ်မှု တစ်ချိန်ကျရင် ကြုံတွေ့ဆိုင်ရင် ရမယ်။ ဒီတော့ ခံနိုင်ရည် ရှိအောင် ကြိုးစား နေထိုင်တတ်ရမယ် ....

သူငယ်ချင်း ... ငါကြားဖူးတဲ့ စကားလေး တစ်ခွန်း က

" ဘယ်တော့မှ စိတ်မပျက်နဲ့ စိတ်ပျက်နေ စိတ်ဓာတ်ကျနေရင် အလုပ်ကို
ဆက်လုပ်ပါတဲ့ "

ဒါကြောင့် အသက်နဲ့ ရှင်သန်နေတဲ့ ဘဝတစ်ခုမှာ စိတ်ညစ်နေ စိတ်ဓာတ်ကျ နေမဲ့အစား အလုပ်ထဲမှာ စိတ်ကိုထိန်းချုပ်ထားပြီး ပို၍ လုပ်ကိုင်သင့်တယ်လို့ ငါပြောချင်ပါတယ် သူငယ်ချင်း ...

မင်း ... စဉ်းစားကြည့်နော် ..

အဆိုးကိစ္စတွေကို ဘယ်သူက မလိုချင်ပါဘူး .... ဘယ်သူမဆိုကောင်းတာနဲ့ ဆိုးတာကိုကောင်းတာကိုပဲ လိုချင်နေကြတဲ့ လူတွေချည်းပါပဲ။

ဒါကြောင့် ဖြစ်လေရာ ဘဝတစ်ခုကို ဖြစ်သလို နေမဲ့အစားလောကကြီးကို အရှုံးမပေးပဲ ကြံကြံခံ ရင်ဆိုင်ရဲ့တဲ့ သတ္တိလေးတွေ အတွေးလေးတွေ စိတ်ဓာတ်လေးတွေကို ပြုပြင်သင့် ထားသင့်ပါတယ်။ သူငယ်ချင်း ...

လောကကြီးမှာ ဘာမှလွယ်လွယ်နဲ့ရတာ မရှိပါဘူး .... သူငယ်ချင်း ဒီတော့ မင်းဘယ်တော့မှ စိတ်ဓာတ်မကျပဲ အရာရာကို ရင်ဆိုင်ရဲ့တဲ့ စိတ်ဓာတ်လေးကို ထားသင့် ပါတယ်။

အကောင်းဆုံးကိုလည်း မျှော်လင့်သလို အဆိုးကိစ္စတွေ ကိုလည်းရင်ဆိုင်ရဲ့တဲ့ စိတ်ဓာတ်တွေ သတ္တိတွေရှိထားပါ။

အရာရာကို အရှုံးပေးချင်တတ်တဲ့ အားငယ် တတ်တဲ့ သူငယ်ချင်းရဲ့ စရိုက်လေးကိုပြင်ရမယ် ...

ဒါဆိုရင် သူငယ်ချင်းရဲ့
ဘဝလေးဟာ တိုးတက်ဖို့ ဆိုတာ အသေအချာပဲ သူငယ်ချင်းရေ ......

နောက်ဆုံး ငါမင်းကို စကားလက်ဆောင် ပေးချင်တာက" ဘဝမှာ အနေတတ်ရင် အသေမြတ်တယ် " ဆိုတဲ့စကားလေးပါပဲ။

မင်းစိတ်ညစ်နေတဲ့အခါ စိတ်ဓာတ်ကျနေတဲ့အခါ ဒီစကားလေးကို သတိရလိုက်ပါ။

ရောက်လေရာ နေရာလေးတွေမှာ လူတိုင်းလူတိုင်းနဲ့ လိုက်လလျှောညီထွေ နေထိုင်ပြီး သူငယ်ချင်း ရဲ့ဘဝလေးကို စိတ်ဓာတ်မကျပဲ နေနိုင်ပါစေ။

စိတ်ညစ်နေတဲ့အခါ လမ်းမှန်ကို ရွှေးတတ်ပြီး အဆင်ပြေအောင် နေထိုင် တတ်ပါစေ။ သူငယ်ချင်း ....

မင်းရဲ့သူငယ်ချင်း
နေဇော်လင်း
4.6.2011
11:37 PM

http://r9.fodey.com/2160/b42aa8612322495981b4d84a0d38fee2.0.gif

Share this article :

14 comments:

Anonymous said...

ဖတ်သွား မှတ်သွား ပါတယ်ခင်ဗျား
ကျေးဇူးတင်ပါတယ် ......

မေပယ်လ် said...

အင်းး
ဒီပို့စ်လေးကို ကော်ပီကူးပြီး
ဖော်ဝဒ်မေးကနေ လိုက်ဖြန့်ညီလေး။
တကယ်ကောင်းတယ်.။
အားတွေ ရှိသွားတယ်

ဖြိုးဖြိုး said...

တကယ်ကျေးဇူးတင်ပါတယ်ဗျ ...
ကျွန်တော်လည်း အရမ်းကို စိတ်ညစ်နေလို့
အခုလို ဖတ်ရတော့ အားရှိသွားပါတယ်
နောက်လည်း တင်ပေးပါနော် ...

ခင်မင်လျှက် .....
ဖြိုးဖြိုး

ငြိမ်းချမ်းကို said...

ဘယ်လို ကျေဇူးတင်လို့တင်မှန်မသိတော့ပါဘူးဗျာ

ရဲထွန်းဇော် said...

ကျေးဇူးညီ....

မင်းမင်း said...

ကောင်းတယ်ဗျာ တကယ်ကိုတန်ဖိုးရှိတဲ့စကားလေးတွေပါ..ကျေးဇူးတင်ပါတယ်..

မောင်(စွယ်စုံကျမ်း) said...

ကိုနေရေ..တကယ်ကျေးဇူးတင်တယ်ဗျာအလုပ်တွေများလို့ ကိုနေဆီမရောက်တာကြာပေါ့ဒီပို့ လေးကိုစိတ်ညစ်
နေတာနဲ့ လာဖတ်တာအားဆေးတခွက်ပါပဲဗျာ...
ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)

An Asian Tour Operator said...

မှတ်သားစရာလေးတွေပါဗျား။

Anonymous said...

Dear Bro,
I really like this post.
Please let me copy and post on my fb. I want to encourage my friend who is currently very depressed.
I will mention ur name and the source. Thanks a lot.
Wai

KMC@ချင်းလေး said...

အနေတတ်ရင်အသေမြတ်တယ်ဆိုတဲ့စကားလေး တစ်ခွန်းကိုပဲမှတ်ထားလိုက်တယ်.... 10Q အစ်ကို.

လရိပ်အိမ် said...

ကျေးဇူးတင်ပါတယ်

ထစ်ချုန်း said...

အစ်ကိုရေ forward mail ကနေဖတ်ပြီး အားမရလို့ လာဖတ်တယ်နော်..အရမ်းကောင်းတယ်..နောက်လဲ ရေးပေးပါဦးနော်..မျှော်နေမယ်.. ညီ

Anonymous said...

ဒီစာလေးကိုဖတ်လိုက်၇တဲ.အတွက်၇မ်းဘဲအားတွေ၇ှိသွားခဲ.ပါပြီကျေးဇုးအ၇မ်းဘဲတင်ပါတယ်နော်
နောက်လည်းဗဟုသုတတွေ၇မဲ.စာလေးတွေကိုများများတင်ပေးပါနော်ကျေးဇုးတင်ပါတယ်

Anonymous said...

ဒီစာလေးကိုဖတ်လိုက်၇တဲ.အတွက်၇မ်းဘဲအားတွေ၇ှိသွားခဲ.ပါပြီကျေးဇုးအ၇မ်းဘဲတင်ပါတယ်နော်
နောက်လည်းဗဟုသုတတွေ၇မဲ.စာလေးတွေကိုများများတင်ပေးပါနော်ကျေးဇုးတင်ပါတယ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။