Home » » စင်္ကာပူကို ပညာတော်သင် မသွားခင်သိစေချင် ....

စင်္ကာပူကို ပညာတော်သင် မသွားခင်သိစေချင် ....

Written By မောင်စေတနာ on Saturday, June 4, 2011 | 7:34:00 PM



စင်္ကာပူသို့  ပညာတော်သင်လာကြမယ့် ကိုကို မမ များအတွက်ပါ။

စင်ကာပူကို ပညာသင်လာမယ်ဆိုရင် များသောအားဖြင့် အေးဂျင့် တွေက နေလာကြရတာများတာပါ။ အဲ့ဒီ အခ်ျိန်မှာအေးဂျင့် တွေကို မျက်စိမှိတ်ယုံလို့ မရနိုင်ပါဘူး။ အဖြစ်ကလေးတစ်ခုပြောပြပါ့မယ်။ ကျောင်းကို ပညာသင်လာခါနီး ကျောင်း လျောက်လွှာထဲမှာပါတဲ့ အချက်အလက်တွေကို သေချုာဖတ်ရန်လိုပါတယ်။

ဘာလို့လဲ ဆိုတော့ သမီးကျောင်းကိုလာခါနီး မဖတ်မိဘဲ လက်မှတ်ထိုးလိုက်လို့ အခက်အခဲဖြစ်နေပါတယ်။ ကျောင်းလျောက်လွှာကို အေးဂျင့်က လည်း ကိုယ်တိုင် မဖတ်ခိုင်းပါဘူး သူ ကိုယ်တိုင် တစ်ရွက်ချင်း လှန်ပြီးမိဘတွေရှေ့ အပီအပြင်ကို ဖတ်ပြနေပါတယ်။

သမီးတို့က စပွန်ဆာ ကျောင်းသူတွေပါ။ အေးဂျင့် အရင်ကပြောတာက ကျောင်းပြီးရင် အလုပ်ရမယ် ၊ ထောက်ပံ့ ကြေးကို တစ်လ တစ်ခါပေးသွားမယ်လို့ ပြောထားတာပါ။ ပြီးတော့ ဗဟုသုတနည်းတဲ့ အတွေ့ အကြုံ မရှိသေးတဲ့ မိဘတွေကို လက်မှတ်ထိုးခိုင်းပါတယ်။

နောက်မှ စင်ကာပူရောက်မှ ရန်ကုန်အေးဂျင့် က ကျောင်းသားတွေပြောတာက ကျောင်းလျောက်လွှာမှာ ပါတာက ကျောင်းတတ်ပြီး တစ်နှစ်ပြည့်မှ ထောက် ပံ့ကြေးပေးမယ်လို့ ရေးထားပါတယ်တဲ့ နင်တို့ မန်းလေး အေးဂျင့်က ဘာမှ မပြောဘူးလားတဲ့

ဟုတ်ပါတယ် မပြောခဲ့ပါဘူး။ တစ်နှစ်တောင် ကိုယ့်စားရိတ်ဆိုတာ တော်တော်မလွယ်တာပါ။တစ်လကို အနည်းဆုံးမြန်မာငွေ ၆ သိန်းကုန်ပါတယ်။ နောက်ပြီး မန်းလေးမှာ အေးဂျင့် ခကို 9.5 ပေးရပါတယ်။ စင်ကာပူ အရောက်ဝန်ဆောင်မှုလို့ ပြောပါတယ်။ သွားခါနီးမှ သူ့နွေရာသီ သင်တန်းကျောင်းတွေ မဖျက်နိုင်ဘူးဆိုပြီး တစ်ခါမှ မရောက်ဖူးတဲ့နိုင်ငံက ကျောင်းသူနှစ်ယောက်သွားရပါတယ်။

ဟိုရောက်တော့ လေဆိပ်မှာ အေးဂျင့် အိမ်က လူလာကြိုပြီး ရော့ ဒါနင်တို့နေရမယ့် အိမ်လိပ်စာလို့ ပြောပြီးသွားလိုက်ပါတယ်။ အူ အအ နဲ့ပဲ Taxi သမားကို ပြောပြီးလာခဲ့ရပါတယ်။

သွားရေး လာရေးဘာမှမသိဘဲ ကျောင်းသူနှစ်ယောက်ကို အေးဂျင့် အိမ်ကလူက immigration သွားရန် စာရွက် စာတမ်းစစ် ပေးမယ်လို့ပြောပြီး သူ့ နေရာ ကိုပဲခေါ်ပါတယ်။

တော်တော်ကိုဝေးပါတယ် အေးဂျင့်ခ အပြည့်အ၀ ယူပြီး သူလိုက်လုပ်ပေးရမှာ ကျတော့ ကျောင်းသူတွေကို ခိုင်းစားပါတယ်။ နောက်ကျောင်းမှ လိုအပ်သော POSB ဘဏ် အကောင့်ကိုလည်း ကျောင်းသူတွေ ဘာသာ ဖွင့်ရပါတယ်။ ဘာမှ လိုက်မလုပ်ပေးပါဘူး။ ချိန်းထားတဲ့ နေရာနောက်ကျမိရင် ဆူပူတာ ခံရပါသေးတယ်။ ဒါပေမယ့် သူငယ်ချင်းအချင်းချင်း ကောင်းတိုင်ပင် ဆိုးတိုင်ပင်နဲ့ ခုတော့နေသားကျနေပါပြီ။

အဲ့ဒါကြောင့် ကျောင်းတတ်မယ်လို့ ဆုံးဖြတ်ရင် အေးဂျင့်ကို သေချာအောင် သေချာ ... သေချာ မေးမြန်းပြီးမှ တက်ပါတဲ့ ဘာလို့လဲဆိုတော့ ကျောင်းတတ်နေရင်း မတတ်နိုင်တော့လို့ ဘဲဖြစ်ဖြစ် ကျောင်းပြောင်းမယ်ဖြစ်ဖြစ် ကျောင်းကို လျော်ကြေးငွေ ပြန်ပေးရလို့ ပဲဖြစ်ပါတယ်။

Source by :http://acmv.org/
Share this article :

1 comments:

မေသိမ့်သိမ့်ကျော် said...

အင်း ခက်သားလား။ ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလဲရှိမှာပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ။ စာချုပ်လေးတွေတော့ လက်မှတ်မထိုးခင် သေချာဖတ်စေချင်ပါတယ်။


ခင်မင်လေးစားစွာဖြင့်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။