Home » » မြန်မာစာရေးထုံး သတ်ပုံအမှန်ဖြင့် အတိုကောက်စနစ် အသုံးပြုကာ ကွန်ပျူတာ မြန်မာစာစီစနစ်တစ်ခု တီထွင်ထားကြောင်း သိရှိရ

မြန်မာစာရေးထုံး သတ်ပုံအမှန်ဖြင့် အတိုကောက်စနစ် အသုံးပြုကာ ကွန်ပျူတာ မြန်မာစာစီစနစ်တစ်ခု တီထွင်ထားကြောင်း သိရှိရ

Written By မောင်စေတနာ on Saturday, August 21, 2010 | 2:06:00 PM


photo; http://www.maukkha.org/

မြန်မာစာရေးထုံးသတ်ပုံ အမှန် ဖြင့်အတိုကောက်ဝေါဟာရ ၃၀၀၀၀ ကျော်၊ မြန်မာစာလုံး ၅၀၀၀ကျော် ထည့်သွင်းထားပြီး အတိုကောက် စနစ်ဖြင့်စာရိုက်နိုင်သော ကွန်ပျူတာ မြန်မာစာစီစနစ်တစ်ခုကို တီထွင် ထားကြောင်းသိရှိရသည်။

စံမြန်မာ ဟု အမည်ပေးထားသည့် အဆိုပါစာစီနစ်တွင် စံပြFont အသုံးပြုရပြီး အခြားစနစ်များကဲ့သို့ စာလုံးပေါင်းကို အစိတ်အပိုင်း တစ်ခုချင်း ရိုက်စရာမလိုဘဲ စာလုံးပေါင်းပြီး တစ်လုံးချင်း အလိုက် ထည့်သွင်းပြီး ဝေါဟာရအလိုက် သတ်မှတ်ထားသော ဂဏန်းနံပါတ်များ၊ ဝေါဟာရများအတွက် မှတ်သားထားသော အတိုကောက်စာလုံးများကို ရိုက်နှိပ်ရုံဖြင့် ရေးထုံးသတ်ပုံမှန် မြန်မာစာလုံးများ ရိုက်နိုင်မည်ဟု စံမြန်မာစာစီစနစ်ကို တာဝန်ခံတစ်ဦးက ရှင်းပြသည်။


စံမြန်မာ 2.0 ဟု အမည်ပေးထားသော စနစ်ကို ၂၀၀၄ ခုနှစ်မှ စတင်ပြီး မြန်မာစာပေပညာရှင်များ၏ အကြံဥာဏ်အကူအညီဖြင့် စတင်ပြုစုခဲ့ကာ ၂၀၀၆ခုနှစ်တွင် Myanmar Character Map ကိုရေးထုတ်ခဲ့ပြီး မြန်မာစာလုံး ၅၀၀၀ ခန့်ကို သတ်ပုံကျမ်း နည်းဥပဒေအတိုင်း နေရာချ၍ တစ်လုံးချင်းစီ မှတ်ပုံတင်နံပါတ်များနှင့် ရေးဆွဲသတ်မှတ်ခဲ့သည် ဟုသိရသည်။

ထို့အပြင် အတိုကောက် ဝေါဟာရပေါင်း ၃၀၀၀၀ ကျော် အပါအ၀င် Proverb မြန်မာစကားပုံများ ကိုလည်း ထည့်ထားသဖြင့် လက်ကွက်နည်းနည်းဖြင့် အချိန်တိုအတွင်း ရေးထုံးအမှန်သတ်ပုံအမှန်ဖြင့် ရနိုင်ကြောင်းသိရသည်။ ယင်းစံမြန်မာ Version 1.8 ကို www. sanmyanmar.com တွင် ရယူနိုင်ကြောင်း သိရှိရပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။