Home » » ထိုင်းနိုင်ငံ AIT ၌ မြန်မာကျောင်းသား ငါးရာကျော် ပညာသင်ယူခဲ့ရာတွင် မဟာနှင့် ပါရဂူဘွဲ့ အများဆုံးဖြစ်

ထိုင်းနိုင်ငံ AIT ၌ မြန်မာကျောင်းသား ငါးရာကျော် ပညာသင်ယူခဲ့ရာတွင် မဟာနှင့် ပါရဂူဘွဲ့ အများဆုံးဖြစ်

Written By မောင်စေတနာ on Saturday, August 21, 2010 | 1:56:00 PM


photo; www.thai.com

ထိုင်းနိုင်ငံအခြေစိုက် Asian Institute of Technology တွင် နှစ်ပေါင်း ၃၆နှစ်တာ ကာလအတွင်းမြန်မာကျောင်းသား ငါးရာကျော်ပညာသင်ယူခဲ့ပြီး ဖြစ်ကြောင်းMCC နှင့် AITတို့မှ ပူးပေါင်းပြုလုပ်သည့် ပညာရေးဆွေးနွေးပွဲ အခမ်းအနားတွင် MCC မှ စီအီးအို ဒေါ်ချောခင်ခင်က ပြောကြားခဲ့ပါသည်။

ပညာသင်ယူခဲ့ပြီးသူများမှာ အများအားဖြင့် ပညာသင်ဆုရ၍ သွားရောက်ကြသူများဖြစ်ပြီး ၁၉၇၄ခုနှစ် မှ ၂၀၁၀ ပြည့်နှစ် မေလအထိ ၅၅၂ ဦးရှိခဲ့ကာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ အများဆုံး သင်ယူခဲ့သူများ ဖြစ်ကြကြောင်း သိရသည်။


ယခုအခါ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော မြန်မာကျောင်းသားများထဲမှ အင်ဂျင်နီယာ၊ တယ်လီကွန်မြူနီကေးရှင်း ဘာသာရပ် အဓိက သင်ယူလိုကြသူများသည် ထိုင်းနိုင်ငံအခြေစိုက် AIT နှင့် MCC တို့မှ ပူးပေါင်းဖွင့်လှစ်ထားသည့် ရတနာပုံ နည်းပညာမြို့သစ်တွင် ဒုတိယနှစ်ထိသင်ယူကြပြီး တတိယနှစ် နှင့်နောက်ဆုံးနှစ်အား ထိုင်းနိုင်ငံ AIT တွင် ဆက်လက် တက်ရောက်သွားရမည်ဟု သိရှိရပါသည်။

"အခု မြန်မာကျောင်းသားတွေ ထိုင်းနိုင်ငံက နည်းပညာကျောင်းဖြစ်တဲ့ AIT မှာတက်ချင်လို့ ရတနာပုံ နည်းပညာမှာ သင်ယူနေသူတွေ ရာကျော်ရှိနေကြတယ်။ အဓိကရွေးချယ် တာကတော့ ကျောင်းပြီးရင် အာရှ ဒေသတွင်းနိုင်ငံထဲမှာ အလုပ်အကိုင်ကောင်းတွေ ရလာစေဖို့ပါ"ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

တက္ကသိုလ်ဝင်တန်းအောင်များ အနေဖြင့် AIT တွင် တက်ရောက်ရန် အနည်းဆုံး တက္ကသိုလ်ဝင်တန်း ရမှတ် ၃၀၀ရှိရမည်ဖြစ်ပြီး သင်တန်းတစ်လျှောက် ထူးချွန်သူများအား MCC ၊ ထွန်းဖောင်ဒေးရှင်းနှင့် AITတို့မှ ပညာသင်ဆုပေးခြင်းများလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။