Home » » (၂၁)ရာစု အတွင်း အချိန် အကြာဆုံး နေကြတ်ခြင်း အဆင့်ဆင့်အား

(၂၁)ရာစု အတွင်း အချိန် အကြာဆုံး နေကြတ်ခြင်း အဆင့်ဆင့်အား

Written By မောင်စေတနာ on Wednesday, February 3, 2010 | 2:57:00 PM



မန္တလေးတွင် လာရောက် ကြည့်ရှုသူ များပြား (၂၁)ရာစု အတွင်း၊ အချိန် အကြာဆုံး နေကြတ်မှုကို ဇန်နဝါရီလ (၁၅)ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများက ထင်ရှားစွာ တွေ့မြင်ခဲ့ကြရသည်။ အထူးသဖြင့် မုံရွာ၊ ရွှေဘို၊ ပုဂံ-ညောင်ဦး၊ ပြင်ဦးလွင်၊ လားရှိုးမြို့များတွင် လာရောက် ကြည့်ရှု မှတ်တမ်း တင်ခဲ့ကြသည်။ မန္တလေးမြို့တွင် မွန်းလွဲ (၁)နာရီ (၂၅) မိနစ် (၂ဝ)စက္ကန့်မှစ၍ နေနှင့်ကမ္ဘာကြား လဖြတ်သန်းမှု စတင်ခဲ့သည်။ မွန်းလွဲ (၂)နာရီ (၈)မိနစ် (၁၉)စက္ကန့်တွင် နေအပြည့်အဝ ကြတ်ခြင်းကို တွေ့မြင်ရသည်။ (၃)နာရီ (၉)မိနစ်တွင် နေနှင့်ကမ္ဘာကြားမှ လပြန်ထွက်ပြီး ညနေ (၄)နာရီ (၃၃)မိနစ် (၅ဝ)စက္ကန့်တွင် နေကြတ်ခြင်း ပြီးဆုံးကြောင်း သိရသည်။

နေကြတ်ခြင်း ဖြစ်စဉ်ကို အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနှင့် အာရှတိုက်မှ လာသည့် ကမ္ဘာလှည့် ခရီးသည်များသည် မန္တလေးတောင် တော်ပေါ်က လည်းကောင်း၊ ကျုံးဘေးပတ်ဝန်းကျင်ကလည်းကောင်း၊ ဆီဒိုးနားဟိုတယ် ခေါင်မိုးပေါ်က လည်းကောင်း ဓာတ်ပုံမှတ်တမ်းတင်သူများ၊ ဗီဒီယိုမှတ်တမ်းတင်သူများ၊ ဖလင်ကော်ပြားမှန်ကာ၍ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။ ''မန္တလေး ကဟိုတယ်ကြီးတွေမှာတော့နေကြတ်တာလာကြည့်တဲ့နိုင်ငံခြားသားတွေနဲ့အခန်းတွေပြည့် နေတယ်။ ဟိုတယ်တွေကလည်း နေကြတ်တာကြည့်နိုင်ဖို့ စီစဉ်ပေးထားကြတယ်။ ရွှေဘိုကို တော့နိုင်ငံခြားသားအယောက်(၈ဝဝ)လောက်နေကြတ်တာသွားကြည့်ကြတယ်လို့ကြားတယ်'' ဟုဂျပန်စကားပြန်တစ်ဦးကဆိုသည်။ စာသင်ကျောင်းများတွင်လည်း ကျောင်းသူ၊ ကျောင်း သားများပါဖလင်ကော်ပြားများဖြင့်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရှိရသည်။
သံလျက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။