ဗီဇာအတုဖြင့် သွားရောက်သူ မြန်မာ ၅၂ ဦးကို မလေးရှားနိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့်ပေး
မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့် သွားရောက်မှုကြောင့် ဖမ်းဆီးခံရ၍ ထောင်တစ်နှစ်စီချမှတ်ခံရသော မြန်မာ ၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ရန် မလေးရှားနိုင်ငံ၊ ရှားအလမ်းတရားရုံးက ယနေ့အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၈ ရက်က မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (Vist Visa) ဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၇၂ ဦးသည် ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးထားသူများအနက် ဗီဇာအတုကိုင်ဆောင်သူ ၅၂ ဦးကို သြဂုတ် ၁၂ ရက်တွင် မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိ သော
မြန်မာ ၅၂ ဦးသည် မလေးရှားထောင်တွင် လေးလသာကျခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာ
၅၂ ဦးအား ထောင်ချလိုက်ခြင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက
ပြစ်ဒဏ်များပယ်ဖျက်ပေးရန် အယူခံဝင်၍ သံတမန်အချင်းချင်း
ဆွေးနွေးဆောင်ရွက်ထားမှုကို သြဂုတ်လအတွင်းကပင် လုပ်ဆောင်ခဲ့ကြောင်း
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုအတွင်းဝန် ဦးတင်ဝင်းအောင်က
ပြောသည်။
‘‘သူတို့ ၅၂ နှစ်ယောက် ထောင်ချခံရအပြီးမှာပဲ ကျွန်တော်တို့ မလေးရှားသံရုံးက သူတို့ကို ပြန်လွှတ်ပေးဖို့ ချက်ချင်းပဲ ရှေ့နေတွေငှားပြီး အယူခံတင်ခဲ့ပါတယ်။ သံတမန်လမ်းကြောင်းအရလည်း ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ကို မြန်မာပြည်ကို အမြန်ဆုံးပြန်ပို့ဖို့ ဆောင်ရွက်နေပါတယ်’’ဟု ဦးတင်ဝင်းအောင်က ပြောသည်။
ဗီဇာအတုဖြင့် သွားရောက်ခဲ့သော ၇၂ ဦးထဲမှ ပြစ်ဒဏ်မှကင်းလွတ်သူ ၂၀ ဦးကို မလေးရှားနိုင်ငံ မြန်မာသံရုံးက စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။
ဗီဇာအတုများဖြင့် ခေါ်ဆောင်လာသူ မြန်မာအေးဂျင့်သုံးဦးကို မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက အမိန့်ချမှတ်ခြင်း မရှိသေးပေ။
ငြိမ်းချမ်း (7DayDaily)
http://7daydaily.com/ story/26165#.VIBAlXtSJ2C
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook Acc - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့် သွားရောက်မှုကြောင့် ဖမ်းဆီးခံရ၍ ထောင်တစ်နှစ်စီချမှတ်ခံရသော
ဇူလိုင် ၈ ရက်က မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (Vist Visa) ဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၇၂ ဦးသည် ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးထားသူများအနက် ဗီဇာအတုကိုင်ဆောင်သူ ၅၂ ဦးကို သြဂုတ် ၁၂ ရက်တွင် မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
‘‘သူတို့ ၅၂ နှစ်ယောက် ထောင်ချခံရအပြီးမှာပဲ ကျွန်တော်တို့ မလေးရှားသံရုံးက သူတို့ကို ပြန်လွှတ်ပေးဖို့ ချက်ချင်းပဲ ရှေ့နေတွေငှားပြီး အယူခံတင်ခဲ့ပါတယ်။ သံတမန်လမ်းကြောင်းအရလည်း ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ကို မြန်မာပြည်ကို အမြန်ဆုံးပြန်ပို့ဖို့ ဆောင်ရွက်နေပါတယ်’’ဟု ဦးတင်ဝင်းအောင်က ပြောသည်။
ဗီဇာအတုဖြင့် သွားရောက်ခဲ့သော ၇၂ ဦးထဲမှ ပြစ်ဒဏ်မှကင်းလွတ်သူ ၂၀ ဦးကို မလေးရှားနိုင်ငံ မြန်မာသံရုံးက စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။
ဗီဇာအတုများဖြင့် ခေါ်ဆောင်လာသူ မြန်မာအေးဂျင့်သုံးဦးကို မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက အမိန့်ချမှတ်ခြင်း မရှိသေးပေ။
ငြိမ်းချမ်း (7DayDaily)
http://7daydaily.com/
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/




.jpg?width=750)

0 comments:
Post a Comment