ပီနန်ရှိ မြန်မာလူမျိုး ၂၀ ကျော်ကို သတ်ဖြတ်ခြင်းခံခဲ့သည့် အိမ်ခန်းကို မလေးရဲများ ရှာဖွေတွေ့ရှိ
မလေးရှားနိုင်ငံ ပီနန်ကျွန်း တွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံ ရမှုများနှင့်ပတ်သက်၍ သံသယရှိသူ နောက်ထပ် ၂ ဦးအား ရဲတပ်ဖွဲ့က ဘူကစ် မာတာဂျမ်၌ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပီနန်ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြား ခဲ့သည်။ အဆိုပါ သံသယရှိသူ ၂ ဦး ထပ်မံဖမ်းဆီးခဲ့သဖြင့် ထိုလူသတ်မှုများနှင့် ပတ်သက် ၍ ဖမ်းဆီးထားသူ ၁၇ ဦးအထိ ရှိလာပြီဖြစ်ပြီး အားလုံးမှ မြန်မာနိုင်ငံ မှ ဖြစ် သည်ဟု ပီနန်ပြည်နယ်ရဲမှူး အဗ္ဗဒူရာဟင် က ပြောကြားလိုက်သည်။
ယခု ဖမ်းဆီးရမိမှုမှာ အဓိက တိုးတက်မှု ဖြစ်သည်ဟု ၄င်းက ဆိုသည်။ “ဆလန်ဂေါပြည်နယ်၊ ရာဝန်က ၁ ယောက် အပါအ၀င် အသက် ၃၀ ကျော် ကနေ ၅၀ ကျော်အရွယ် မြန်မာနိုင်ငံက ၁၇ ဦးကို ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်ဟု ရဲမှူးက ပြော ကြားခဲ့သည်။
ပြီးခဲ့သည့် ၁၁ လအတွင်း မလေးရောက် မြန်မာနိုင်ငံသား ၂၃ ဦး အသတ်ခံ ခဲ့ရသည့် အမှုများမှာ မြန်မာနိုင်ငံမှ လူမျိုးရေးပဋိပက္ခနှင့် ဆက်စပ်သည်ဟု မလေး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လူသတ်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖမ်းဆီးခဲ့သူများအနက် အဓိက တရားခံအဖြစ် သံသယ ရှိသူမှာ ရခိုင်ပြည်နယ်မှ မွတ်စလင် တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၁ နှစ်ခန့်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် လူမျိုးရေး ပဋိပက္ခများအတွင်း ထိုသူ၏ မိသားစုဝင် ၆ ဦး အသက်ခံခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသူ၏ မိုဘိုင်းဖုန်းမှတ်တမ်းမှ တစ်ဆင့် အခြား ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအမှုများနှင့်ပတ်သက်၍ ယခင်က အာဏာပိုင်များမှ မှတ်ချက်ပေးမှု အနည်းငယ် သာရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့ တွင် ပြည်နယ်ရဲမှူးက ထိုလူသတ်မှုများမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့ သည့် လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ယုံကြည် ရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
“ဒါ ဟာ မြန်မာနိုင်ငံသားချင်း အမုန်းတရားတွေကို ယူဆောင်လာပြီး လက်စားချေ သတ်ဖြတ်တာ ပါ။ လူသတ်ရာမှာ အသုံးပြုတဲ့ လက်နက်၊ သတ်ဖြတ်ပုံ နှင့် အလောင်းတွေရဲ့အခြေအနေ အရ မြန်မာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွက်ဆ ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ရဲမှူးက သတင်းထောက်များ ကို ဖြေဆိုသည်။ အမှုနှင့်ပတ်သက်သည့် သတင်းများရရှိပါက နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားရန် ပြည်သူများအား ရဲမှူးက တောင်းဆိုထားသည်။
အသတ်ခံရသူများအား သတ်ဖြတ်ခဲ့သည့်နေရာဟု ယုံကြည်ရသည့် ဘူကစ် မာတာဂျမ်၊ မာချန်ဘူဘက်ရှိ နေအိမ်ခန်း ၂ လုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။ မြန်မာလူမျိုးများ အသတ်ခံမှုများအား စုံစမ်း စစ်ဆေးရန် ရဲတပ်ဖွဲ့က KeLar စစ်ဆင်ရေးအမည်ဖြင့် လွန်ခဲ့သည့် ၂ ပတ် က စတင်ဆောင်ရွက်ခဲ့သည်ဟုဆို သည်။ မြန်မာနိုင်ငံသား ၂၀ ခန့်အား သတ်ဖြတ် ၍ အလောင်းအားခုတ်ဖြတ်ရန် အသုံးပြုသည်ဟု ယုံကြည်ရသည့် အဆောက် အအုံ အား ငှားရမ်းနေထိုင်ခဲ့သည် အသက် ၄၀ ကျော်ခန့် ရှိမည့် မြန်မာနိုင်ငံမှ ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုအိမ် ၂ လုံးအနက် ၁ လုံးမှာ အသတ်ခံရသူများအား မစွန့်ပစ်မီ အလောင်းကို ခုတ်ဖြတ်ရာ နေရာအဖြစ် အသုံးပြုသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထိုအိမ်မှ အလောင်း ခုတ်ဖြတ်ရာတွင် အသုံးပြုသည့် ပုဆိန် ၃ လက်နှင့် ကား ၁ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိသည်။
“ဒီလူတွေဟာ ဒီရွာက အိမ် ၂ လုံးကို ပြီးခဲ့တဲ့ ၆ လခန့်က ငှားရမ်းခဲ့ပါတယ်။ သူတို့က လူသတ်တာကို အိမ်တစ်လုံးမှာပြုလုပ်ပြီး တံခါး ၆ ခုကျော်မှာ ရှိတဲ့ နောက်အိမ် ၁ လုံးမှာ နေထိုင်ကြပါတယ်” ဟု ရဲမှူးကပြောကြားခဲ့သည်။
သံသယရှိသူ များ ငှားရမ်းထားသည့် အခန်းများရှိရာ အိမ်တန်းရှည်မှာ သစ်ပင် ခြုံနွယ်များ၏ အလယ်တွ င်တည်ရှိပြီး ဂျလန်ကူလင်သို့ သွားရောက်နိုင် သည့် မြေလမ်းကျဉ်းတစ်ခုဖြင့်သာ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။ ရွာရှိ အိမ်တန်းရှည်မှ အိမ်ခန်း ၂ ခန်းအား ထိုသံသယရှိသူများက ၂၀၁၄ ဇွန်လ ကတည်းက ငှားရမ်းခဲ့ကြောင်း စစ်ဆေးမှုများအရ သိရသည်။ အခန်း ၁၂ နှင့် လူသတ်ရန်အသုံးပြုသည့် အခန်း ၁၇ အား ရဲတပ်ဖွဲ့က ၀င်ရောက်ရှာ ဖွေသော အခါ အိမ်နီးချင်း အများစုက အံ့အားသင့် ခဲ့ကြသည်။ ထိုအိမ်တန်းရှည် ရှိ အခြား ၁၅ ခန်းမှ အိမ်နီးနားချင်းများမှာ ၎င်းတို့၏ လုပ်ရပ်အား သတိပြုမိခြင်း မရှိဟု ဆိုသည်။ အခန်း ၁၇ သို့ သတင်းသမားများ ကြည့်ရှုခွင့်မပြုဘဲ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက် ရှိသည်ဟုဆိုသည်။
Ref - မလေးသတင်းဌာနများ
The Ladies News Journal
https://www.facebook.com/ News.TheLadies
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook Acc - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
မလေးရှားနိုင်ငံ ပီနန်ကျွန်း တွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံ ရမှုများနှင့်ပတ်သက်၍ သံသယရှိသူ နောက်ထပ် ၂ ဦးအား ရဲတပ်ဖွဲ့က ဘူကစ် မာတာဂျမ်၌ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပီနန်ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြား ခဲ့သည်။ အဆိုပါ သံသယရှိသူ ၂ ဦး ထပ်မံဖမ်းဆီးခဲ့သဖြင့် ထိုလူသတ်မှုများနှင့် ပတ်သက် ၍ ဖမ်းဆီးထားသူ ၁၇ ဦးအထိ ရှိလာပြီဖြစ်ပြီး အားလုံးမှ မြန်မာနိုင်ငံ မှ ဖြစ် သည်ဟု ပီနန်ပြည်နယ်ရဲမှူး အဗ္ဗဒူရာဟင် က ပြောကြားလိုက်သည်။
ယခု ဖမ်းဆီးရမိမှုမှာ အဓိက တိုးတက်မှု ဖြစ်သည်ဟု ၄င်းက ဆိုသည်။ “ဆလန်ဂေါပြည်နယ်၊ ရာဝန်က ၁ ယောက် အပါအ၀င် အသက် ၃၀ ကျော် ကနေ ၅၀ ကျော်အရွယ် မြန်မာနိုင်ငံက ၁၇ ဦးကို ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်ဟု ရဲမှူးက ပြော ကြားခဲ့သည်။
ပြီးခဲ့သည့် ၁၁ လအတွင်း မလေးရောက် မြန်မာနိုင်ငံသား ၂၃ ဦး အသတ်ခံ ခဲ့ရသည့် အမှုများမှာ မြန်မာနိုင်ငံမှ လူမျိုးရေးပဋိပက္ခနှင့် ဆက်စပ်သည်ဟု မလေး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လူသတ်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖမ်းဆီးခဲ့သူများအနက် အဓိက တရားခံအဖြစ် သံသယ ရှိသူမှာ ရခိုင်ပြည်နယ်မှ မွတ်စလင် တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၁ နှစ်ခန့်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် လူမျိုးရေး ပဋိပက္ခများအတွင်း ထိုသူ၏ မိသားစုဝင် ၆ ဦး အသက်ခံခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသူ၏ မိုဘိုင်းဖုန်းမှတ်တမ်းမှ တစ်ဆင့် အခြား ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအမှုများနှင့်ပတ်သက်၍ ယခင်က အာဏာပိုင်များမှ မှတ်ချက်ပေးမှု အနည်းငယ် သာရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့ တွင် ပြည်နယ်ရဲမှူးက ထိုလူသတ်မှုများမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားခ
“ဒါ ဟာ မြန်မာနိုင်ငံသားချင်း အမုန်းတရားတွေကို ယူဆောင်လာပြီး လက်စားချေ သတ်ဖြတ်တာ ပါ။ လူသတ်ရာမှာ အသုံးပြုတဲ့ လက်နက်၊ သတ်ဖြတ်ပုံ နှင့် အလောင်းတွေရဲ့အခြေအနေ အရ မြန်မာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွက်ဆ ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ရဲမှူးက သတင်းထောက်များ ကို ဖြေဆိုသည်။ အမှုနှင့်ပတ်သက်သည့် သတင်းများရရှိပါက နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားရန် ပြည်သူများအား ရဲမှူးက တောင်းဆိုထားသည်။
အသတ်ခံရသူများအား သတ်ဖြတ်ခဲ့သည့်နေရာဟု ယုံကြည်ရသည့် ဘူကစ် မာတာဂျမ်၊ မာချန်ဘူဘက်ရှိ နေအိမ်ခန်း ၂ လုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။ မြန်မာလူမျိုးများ အသတ်ခံမှုများအား စုံစမ်း စစ်ဆေးရန် ရဲတပ်ဖွဲ့က KeLar စစ်ဆင်ရေးအမည်ဖြင့် လွန်ခဲ့သည့် ၂ ပတ် က စတင်ဆောင်ရွက်ခဲ့သည်ဟုဆို သည်။ မြန်မာနိုင်ငံသား ၂၀ ခန့်အား သတ်ဖြတ် ၍ အလောင်းအားခုတ်ဖြတ်ရန် အသုံးပြုသည်ဟု ယုံကြည်ရသည့် အဆောက် အအုံ အား ငှားရမ်းနေထိုင်ခဲ့သည် အသက် ၄၀ ကျော်ခန့် ရှိမည့် မြန်မာနိုင်ငံမှ ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုအိမ် ၂ လုံးအနက် ၁ လုံးမှာ အသတ်ခံရသူများအား မစွန့်ပစ်မီ အလောင်းကို ခုတ်ဖြတ်ရာ နေရာအဖြစ် အသုံးပြုသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထိုအိမ်မှ အလောင်း ခုတ်ဖြတ်ရာတွင် အသုံးပြုသည့် ပုဆိန် ၃ လက်နှင့် ကား ၁ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိသည်။
“ဒီလူတွေဟာ ဒီရွာက အိမ် ၂ လုံးကို ပြီးခဲ့တဲ့ ၆ လခန့်က ငှားရမ်းခဲ့ပါတယ်။ သူတို့က လူသတ်တာကို အိမ်တစ်လုံးမှာပြုလုပ်ပြီး တံခါး ၆ ခုကျော်မှာ ရှိတဲ့ နောက်အိမ် ၁ လုံးမှာ နေထိုင်ကြပါတယ်” ဟု ရဲမှူးကပြောကြားခဲ့သည်။
သံသယရှိသူ များ ငှားရမ်းထားသည့် အခန်းများရှိရာ အိမ်တန်းရှည်မှာ သစ်ပင် ခြုံနွယ်များ၏ အလယ်တွ င်တည်ရှိပြီး ဂျလန်ကူလင်သို့ သွားရောက်နိုင် သည့် မြေလမ်းကျဉ်းတစ်ခုဖြင့်သာ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။ ရွာရှိ အိမ်တန်းရှည်မှ အိမ်ခန်း ၂ ခန်းအား ထိုသံသယရှိသူများက ၂၀၁၄ ဇွန်လ ကတည်းက ငှားရမ်းခဲ့ကြောင်း စစ်ဆေးမှုများအရ သိရသည်။ အခန်း ၁၂ နှင့် လူသတ်ရန်အသုံးပြုသည့် အခန်း ၁၇ အား ရဲတပ်ဖွဲ့က ၀င်ရောက်ရှာ ဖွေသော အခါ အိမ်နီးချင်း အများစုက အံ့အားသင့် ခဲ့ကြသည်။ ထိုအိမ်တန်းရှည် ရှိ အခြား ၁၅ ခန်းမှ အိမ်နီးနားချင်းများမှာ ၎င်းတို့၏ လုပ်ရပ်အား သတိပြုမိခြင်း မရှိဟု ဆိုသည်။ အခန်း ၁၇ သို့ သတင်းသမားများ ကြည့်ရှုခွင့်မပြုဘဲ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက် ရှိသည်ဟုဆိုသည်။
Ref - မလေးသတင်းဌာနများ
The Ladies News Journal
https://www.facebook.com/
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/








.jpg?width=750)

0 comments:
Post a Comment